Saturday, October 11, 2014

" လောက၌ စိတ်အချမ်းသာဆုံးသောသူ"


ထိုသူသည်*****
သူတစ်ပါးအရေးထက် မိမိသဏ္ဌာန်၌ နိစ္စဓူဝဖြစ်ပေါ်
ပြောင်းလဲနေသော အရာကိုသာ စိတ်ဝင်စား၏။
ထိုသူသည်***
တစ်ပါးသူ၏ အောင်မြင်ထင်ရှား ကျော်ကြားမှုအပေါ်
၌ ဣဿာ မိစ္ဆရိယစိတ် မြူမှုန်မှမရှိပါ။
ထိုသူသည်*****
၅ပါးသော သီလသိက္ခာပုဒ် တို့ကို ခါးဝတ်ပုဆိုးကဲ့သို့
စွဲမြဲစွာ ဝတ်ဆင်စောင့်ထိန်းပါသည်။

Friday, October 10, 2014

" ဟိုတုန်းက ဒို့အိမ်အိုလေးထဲမှာ"


ဒီနေ့ဟာ မဟူရာရဲ့မွေးသဖခင် ရဲ့မွေးနေ့ဖြစ်ပါ

တယ်။ ပါပါးရဲ့အမှတ်တရလည်းဖြစ် ယနေ့ခေတ်မှာ

ဖြစ်ပေါ်နေတဲ့ မိသားစုပုံစံလေးတွေကို ဗဟုသုတဖြစ်

ဖွယ် ဒီစာကိုရေးရခြင်း ဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့ညနေပိုင်းက မဟူရာနဲ့

သူငယ်ချင်းဖြစ်သူတို့ မန္တလေးမြို့နဲ့အတန်ငယ်ဝေးတဲ

နေရာက ဘုရားဖူးသွားခဲ့ကြတယ်။ အရင်က တစ်ခါပဲ

ရောက်ဖူးတာကြောင့်ရယ် အသွားတစ်လမ်း အပြန်

Monday, October 6, 2014

" သီတင်းကျွတ်(အဘိဓမ္မာအခါတော်နေ့)ဖြစ်လာပုံ"

" သီတင်းကျွတ်(အဘိဓမ္မာအခါတော်နေ့)ဖြစ်လာပုံ"
******************************
နှင့်(ခင်ပွန်းကြီး ၁၀ပါး ကန်တော့ပုံ အကျဉ်း)
ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့
ဖြစ်သော ဤသီတင်းကျွတ်လပြည့်နေ့ အကြောင်းကို
ဗဟုသုတရစေရန် တင်ပြပေးပါမည်။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်
တွင် သတ္တမမြောက် ဝါကပ်စဉ် မယ်တော်မိနတ်သား
(သန္တုတိသနတ်သား)အား ကျေးဇူးဆပ်ရန် အဘိဓမ္မာ
တရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားခဲ့
သည်။ နတ်ပြည်၌ တရားဟောနေ၍ ရဟန်းရှင်လူ
တို့မှ မေးမြန်းလျှောက်ထားရာ သိရလျှင် မဏ္ဍပ်ထိုး၍
မြတ်စွာဘုရားရှင်အား စောင့်စားကြလေသည်။

Sunday, October 5, 2014

သေမင်းခေါ်သံ....။

 
ပြီးခဲ့တဲ့ နှစ်ပတ်ကျော်လောက်က မဟူရာမွေးနေ့
မှာ သံဃာတော်တွေကို ဆွမ်းကပ်တော့ အမဖြစ်သူ
က ငါ့ညီမက အသက်ရှည်တဲ့ယတြာလုပ်တယ်ပေါ့တဲ့
ဆိုပြီး စ တယ်။ ဒါနဲ့ပဲမဟူရာက ဟုတ်သလားထမင်း
စားရင် အသက်ရှည်သတဲ့လား သေသူတွေအားလုံး
ထမင်းစားဖူးကြတယ်လေ ဒါလဲသေတာပဲမလားဆိုပြီး
ပြန်နောက်ပါတယ်။