Friday, October 10, 2014

" ဟိုတုန်းက ဒို့အိမ်အိုလေးထဲမှာ"


ဒီနေ့ဟာ မဟူရာရဲ့မွေးသဖခင် ရဲ့မွေးနေ့ဖြစ်ပါ

တယ်။ ပါပါးရဲ့အမှတ်တရလည်းဖြစ် ယနေ့ခေတ်မှာ

ဖြစ်ပေါ်နေတဲ့ မိသားစုပုံစံလေးတွေကို ဗဟုသုတဖြစ်

ဖွယ် ဒီစာကိုရေးရခြင်း ဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့ညနေပိုင်းက မဟူရာနဲ့

သူငယ်ချင်းဖြစ်သူတို့ မန္တလေးမြို့နဲ့အတန်ငယ်ဝေးတဲ

နေရာက ဘုရားဖူးသွားခဲ့ကြတယ်။ အရင်က တစ်ခါပဲ

ရောက်ဖူးတာကြောင့်ရယ် အသွားတစ်လမ်း အပြန်



တစ်လမ်းဖြစ်နေတာကြောင့် အပြန်ခရီးမှာ ရွာလည်

နေပါတယ်။

ရွာလည်တယ်ဆိုတာ အခုမှမျက်မြင်ကိုယ်တွေ့

ဖြစ်နေပေတော့တယ်။ ရွာတစ်ရွာထဲမှာ လမ်းမှားပြီး

မန္တလေးမြို့ထဲပြန်မယ့်လမ်းကို ညလဲမှောင်နေတော့

တော်တော်နဲ့ရှာမရဘူး။

ရှာမရတော့မဟူရာ ထုံးစံအတိုင်း မျက်စိအစာ

ကျွေးပြီး ရွာထဲကလူတွေကိုစပ်စုတာပေါ့လေ။

ဘာသွားတွေ့လဲဆိုတော့ အိမ်တိုင်းစေ့လျှပ်စစ်

မီးမထွန်းနိုင်ဘဲ ဖယောင်းတိုင်မီးတွေကိုယ်စီနဲ့ ရွာ

ထိပ်က လက်ဖက်ရည်ဆိုင်မှာ TVတစ်လုံးထဲကို ရွာ

သားတွေစုဝေးကြည့်ကြပြီး တစ်ချို့နေရာတွေမှာ

ခလေးတွေစုရုံးပြီး ခလေးသဘာဝစုရုံးကစားနေကြ

တာကို မြင်ရတာ အင်မတန်ကြည်နူးစရာ ကောင်းလှ

ပါတယ်။

ရွာလေးကိုမြင်တော့ ဟိုးလွန်ခဲ့တဲ့နှစ်အတန်

ကြာက မဟူရာတို့မိသားစုပုံစံလေးကို သွားသတိရမိ

တယ်။ အင်တာနက်တွေ fbတွေမပေါ်ခင်ကပေါ့။

ထမင်းစားတော့မယ်ဆိုရင် မဟူရာတို့မောင်နှမ

တွေက ဟင်းပြင်သူကပြင် မမကြီးကဟင်းချက် စားပြီး

သွားရင် မဟူရာကပန်းကန်ဆေး အထက်ကအမက

စားပွဲသိမ်း အကိုလတ်ကိုကျ ပါပါးက ခွေးစာကျွေးခိုင်း

တယ်။ ထမင်းစားပွဲကို မိသားစုစုံစုံလင်လင် စားကြရ

တယ်။ မောင်နှမများတဲ့မဟူရာတို့ရဲ့ ထမင်းစားပွဲက

အကြီးကြီးပါပဲ။

အပင်စိုက်ဝါသနာပါတဲ့ပါပါးစိုက်တဲ့ နှစ်ရှည်ပင်

တွေက မဟူရာတို့အိမ်မှာ အပြည့်ပေါ့။ လေချူသီး

တရုတ်ဆီးသီးက အပင်၇၀ရှိတယ် ခြံထဲမှာကို။ငယ်

ကတည်းက အလကားစားလာရတဲ့အသီးကို အခုချိန်

မှာ မန္တလေးရောက်တော့ ပိုက်ဆံနဲ့မဝယ်စားချင်ဘူး။

အရပ်စကားနဲ့ပြောရ ရင် ဟီးပထွေးပိုင်တဲ့အသီးကျနေ

တာပဲနော်။ အင်းဒါလဲ ဒိဋ္ဌိတစ်မျိုးပါပဲ။

မိုးရာသီရောက်လို့ အပြင်မသွားချင်တဲ့အခါကျ

ရင် မောင်နှမတွေအိမ်ထဲမှာ စုပြီး မုန့်မောင်နှမ (ဟီး

မောင်နှမတွေစားလို့ပါ အရပ်အခေါ်က မုန့်လင်မ

ယားပါနော်) လုပ်စားကြတယ်။ အမကြီးက အိုးသူကြီး

ပေါ့ မဟူရာကနှမ်းဖြူးပါ။

ရှမ်းပြည်ရဲ့ဆောင်းတွင်းက စာထဲက (မန်းတုန်

အောင်လမ်းဆုံက အော်ဟစ်ချင်တယ်ဆိုတဲ့စကားကို)

မဟူရာက တွံတေးတောက်တဲ့ အဲ့လေ တွံတေးသိန်း

တန်သီချင်းထဲကလို ပျင်းတောင်ပျင်းသေးတယ်လို့

သာ ဆိုလိုက်ချင်ပါတယ်။

ဟိုးအသည်းနှလုံးရဲ့ အတွင်းထဲမှာ ရေခဲမြုပ်သ

လားမှတ်ရတယ် ရှမ်းပြည်ရဲ့အေးတဲ့နှင်းတောတွေထဲ

မှာ ထပြေးရတယ်။ ညရောက်ရင် အိမ်ရဲ့မီးလင်းဖိုလေး

ဘေးမှာ မောင်နှမတွေခေါပုတ်ကြော်စားကြတယ်။

အချမ်းကြောက်တဲ့မဟူရာက ခြုံစောင်လေးများယူ

လာမိရင် ဧည့်ခန်းထဲမှာ ဟိုတယောက်ကဆွဲ ဒီဘက်

ကဆွဲနဲ့ မဟူရာကပိုင်ရှင်ဆိုတော့ အလယ်ကနေ

သာသာယာယာပဲပေါ့။

ဟိုးတစ်ရံတစ်ခါဆီက အဖြစ်အပျက်တွေပါနော်။

ခုချိန်မှာတော့ မောင်နှမတွေ တစ်နှစ်နေလို့တစ်ခါ

အားလုံးစုံတယ်ဆိုတာ မရှိတော့ပါဘူး။

မြန်မာပြည်ဗဟိုမှာနေတဲ့ မဟူရာကသာ ဟိုဟိုဒီ

ဒီသွားလို့လွယ်တာပါ။ ဟော့အိမ်ပြန်တော့လည်းအကို

အမတွေက အလုပ်ကိုယ်စီနဲ့ ဖြစ်ပြန်တော့ တစ်ပြိုင်

နက်မတွေ့ရပါဘူး။

အခုသီတင်းကျွတ်ပြန်တော့လည်း ရွှေဘို ရှမ်း

ပြည် oversea က အမျိုးတွေလာပါရဲ့။မဟူရာအလုပ

ပြီးလို့ စကားပြောမယ်ကြံကာရှိသေး။ ဟော online

ယဉ်ကျေးမှုကိုယ်စီနဲ့ အားလုံးက။ ဒီလိုတွေဖြစ်မှာစိုး

လို့ viberမှာ မဟူရာတို့အမျိုးတွေချည်းသီးသန့်group

chatလေးလုပ်ထားတော့ အမျိုးတွေက ပုံမှန်အစည်း

အဝေးမတတ်ကြ။ အင်းဘယ်သူတွေနဲ့များ ကြူနေကြ

လဲမသိ။ ဟော့ပြောနေရင်းကို ဘေးကတူမက ဂိမ်းပစ်

နေတယ်။ မဟူရာကို အရေးမလုပ်။

ကဲ့စာဖတ်သူအပေါင်းတို့လည်း ဒီလိုကိစ္စမျိုး

ရှိကြလားဟင်။ ရှိခဲ့ရင်လည်း သတိလေးထားပြီး လူ့

ဘဝရတုန်းအခိုက်အတန့်ခဏလေးမှာ မိသားစုချင်း

နွေးထွေးစွာနေနိုင်၍ onlineယဉ်ကျေးမှုလေးကိုအ

နည်းငယ် ဆန့်ကျင်ကြရအောင်လားရှင်။ ကြာလာ

တော့လူတွေနဲ့မတူကြဘဲ စက်ရုပ်တွေနဲ့တူနေကြလို့

လေ။

ချမ်းမြေ့သာယာပျော်ရွှင်သောမိသားစုများဖြစ်ပါစေလို့
မဟူရာ(IR) 

No comments:

Post a Comment