Sunday, October 5, 2014
သေမင်းခေါ်သံ....။
ပြီးခဲ့တဲ့ နှစ်ပတ်ကျော်လောက်က မဟူရာမွေးနေ့
မှာ သံဃာတော်တွေကို ဆွမ်းကပ်တော့ အမဖြစ်သူ
က ငါ့ညီမက အသက်ရှည်တဲ့ယတြာလုပ်တယ်ပေါ့တဲ့
ဆိုပြီး စ တယ်။ ဒါနဲ့ပဲမဟူရာက ဟုတ်သလားထမင်း
စားရင် အသက်ရှည်သတဲ့လား သေသူတွေအားလုံး
ထမင်းစားဖူးကြတယ်လေ ဒါလဲသေတာပဲမလားဆိုပြီး
ပြန်နောက်ပါတယ်။
တစ်ခါကခလေးငယ်နှစ်ဦးစကားပြောရင်း "မင့်
အဘိုးက ရေမကြောက်ဘူးလားကွာ သင်္ဘောကပ္ပ
တိန် လုပ်နေတာ" လို့စပြောတော့ အပြောခံရတဲ့ခ
လေးငယ်က "မင့်အဘိုးရော မြေကြီးမှာနေတာ သေ
တာပဲမလား" ဆိုပြီး ပြန်ပြောပါတယ်။
ဟုတ်ပါတယ်နော်။ သေမယ့်လူဟာ သေတာပါ
ပဲ။ အသက်ထွက်မှာစိုးလို့ ကလေးအတွေးနဲ့ တကိုယ်
လုံး ပလာစတာကပ်ထားလည်း သေမှာပါပဲနော်။
ဘာလို့သေကြရတာလဲ။ ခန္ဓာရှိလို့သေကြတာပါ
ခန္ဓာဘာလို့ရှိတာလဲ။ ခန္ဓာချုပ်အောင်မလုပ်လို့ပါ။ဒါ
ဖြင့် ခန္ဓာချုပ်အာင်ဘယ်လိုလုပ်မလဲ ခန္ဓာရှိစဉ်မှာ
ရော စိတ်ချမ်းသာအောင် ဘယ်လိုနေကြရမလဲ ဆို
တာလေးကို မဟူရာဥာဏ်မှီသလောက်လေး လက်
ဆင့်ကမ်းပါမယ်နော်။
တနေ့ကတင်ပေးတဲ့ စေတသိက် ၁၄ပါးထဲက
"မောဟ" ကြောင့် တစ်နည်းအားဖြင့် ပဋိစ္စသမုပ္ပါဒ်သံ
သရာမှ "အဝိဇ္ဇာ" ကြောင့်သာလျှင် ခန္ဓာတွေဘဝတွေ
ဟာ များပြားပြီး ခန္ဓာရစဉ်မှာလည်း စိတ်ဆင်းရဲမှုအ
ပေါင်းတွေ ကြုံကြရပါတယ်။
မောဟမှာ အနုသယမောဟနှင့် ပရိယူဋ္ဌာနမော
ဟ ဝီတိက္ကမမောဟ ဟူ၍ အဆင့်၃ဆင့်ရှိသည်။ဒုစ
ရိုက်မပြုလုပ်မှီမသိသည့် မနုသယမောဟ လုပ်နေရင်း
နှင့် တားမနိုင်ဆီးမရဖြစ်တတ်သည့် ပရိယူဋ္ဌာနမောဟ
နှင့် ဝီတိက္ကမဟောဟတို့ပင်ဖြစ်လေသည်။ဤမောဟ့
သည် ပုဂ္ဂိုလ် အရာဝတ္ထု မသိခြင်းကို ရည်ညွှန်းခြင်း
မဟုတ်။ မကောင်းမှုကိုလုပ်တတ်သည့် ဒုစရိုက်ကို
သာ ရည်ညွှန်းသည့် မောဟ။
လူတစ်ယောက်ကို မပျော်ရွှင်စေနိုင်သည့် အ
ရေးကြီးဆုံးအချက်မှာ မောဟဖြစ်သည်။ မိမိ၏ဒေါသ
မာန အတ္တ အားလုံးရှေ့တန်းတင်ထားသောကြောင့်
ပညာပါပါမသုံးသပ် မဆင်ခြင်နိုင်ခြင်းကြောင့် စိတ်
ဆင်းရဲမှုတွေဟာ ဖြစ်ပေါ်နေရပါတယ်။
မောဟတရားဖုံးကွယ်ထားလျှင် ဘာဖြစ်မည်
နည်း။ မျက်မမြင်တစ်ယောက်မှ သစ္စာလေးပါးတရား
ကို နားနှင့်နာကြား၍ ချမ်းသာခြင်းအစစ်အမှန်ကို သိ
နိုင်သော်ငြားလည်း ပုံမှန်ခြေလက်အင်္ဂါပြည့်စုံသူတ
ယောက် သစ္စာလေးပါးတရားမသိ မိမိစိတ်ကိုလည်း
မိမိမသိ သိအောင်လည်းမကြိုးစား သိသော်လည်းမ
လိုက်နာသူသည် အထက်မှပြောပြသည့် မျက်မမြင်
ထက် ပို၍ ကံဆိုးသွားလေပြီ။
ဤသို့ဆိုလျှင် မောဟတရား အဝိဇ္ဇာတရားတို့
မည်သည် အကြီးမားဆုံးသော လူသတ်လက်နက်
သေမင်းမဟုတ်ပါလား။
အခုလက်ရှိမဟူရာတို့မှာ သက်ရှိလူသားများ
ဖြစ်လေသောကြောင့် ပစ္စုပ္ပန်မောဟ အကြောင်းကို
ပြောပြပါမည်။ ပစ္စုပ္ပန်၌ မသိခြင်းဟူသောမောဟ
ဖြစ်ပေါ်ပါက စိတ်ကိုညစ်ထေးစေသော မပျော်ရွှင်
တတ်သော မကောင်းတတ်သော အကျိုးတရားများ
ဖြစ်ပေါ်စေတတ်သည်။ ငွေရလိုမှုကြောင့် အိမ်ထောင်
သည် အမျိုးသားနှင့်ပက်သက်မိသည့် လောဘ သူ
တစ်ပါးသိမှာစိုးသည့် မာန ( မတရားမှန်းသိတာကိုး)
မူလပိုင်ရှင်မှ ရန်လာဖြစ်လို့ရသည့် ဒေါသ ခလေးနှင့်
ဗန်းပြ၍ မိမိထံသာလာစေချင် မီးဖွားချိန်တွင် အနား
မှာမရှိသောကြောင့် ငိုကြွေးရသည့် ပရိဒေဝ မိမိထံမ
လာ တစ်ခြားတစ်ယောက်ထံများသွားနေသလားဟူ
သည့် သံသယ သူတစ်ပါးပစ္စည်းကို ရှက်ရကောင်း
မှန်းမသိယူထားတတ်သည့် အဟိရီက ဒုတိယဆိုတာ
ပထမတစ်ယောက်ထက်သာလို့ဟု တလွှဲဆံပင်
ကောင်းတတ်သည့် အယူမှား အမှတ်မှားသည့် ဒိဋ္ဌိ။
မောဟတရားဘာကြောင့်ဖြစ်သလဲ။ အမျိုးသား
တွေပါနော်။ အားကြီးအရက်သောက်ကြတယ်။
မဟူရာတို့ သင်္ကြန်လည်ရင် အရက်မူးနေတဲ့လူတွေ
အများကြီးတွေ့တယ်။ အရက်မူးပြီးရန်ဖြစ် သတ်ကြ
နဲ့ ယောက်ျားလေးတွေနော် ကားအပြာတော်တော်
ကြိုက်ကြတယ်နဲ့တူပါတယ်။ ဆေးသမား အရက်သ
မားဘဝနဲ့ ဘဝပျက်ကြတာတွေဟာ အရင်ဘဝက
လည်း မောဟနဲ့သေ ဒီဘဝလည်း မောဟနဲ့နေကြရင်
မကောင်းပါဘူးနော်။
အမျိုးသားတွေဟာ ငွေရှိရင်ပျက်ဆီးကြပြီး
အမျိုးသမီးတွေမှာ ငွေမရှိရင် ပျက်ဆီးကြတာ များပါ
တယ်နော်။ သတိမရှိတဲ့ မောဟကြောင့်ပါနော်။
ကိုယ့်ကိုယ်ကိုယ် အားမကိုးချင်တာလဲပါတာပေါ့လေ။
ဥပမာပါနော်။ အဲ့ဒီတော့ မောဟက အင်မတန်
ကြောက်စရာကောင်းနေပါပြီနော်။ ဒီဘဝဒီကိုယ်စံ
နောက်ဘဝဟိုကိုယ်ခံ ဆို၍ မကောင်းမှုဒုစရိုက်နှင့်
အသက်မွေးနေသူများ အကုသိုလ်ကံအကျိုးပေးသူ
များလည်း ရှိနေသေးသည်။ မိမိလည်းမသိ သိအောင်
လည်းမျိုးဆက်တွေကို မပြောပြ ။ဤသို့ဤနယ် အ
ဖန်ဖန် နားရွက်ကိုက်ခံရပေါင်းလည်း များလှချေပြီ
မဟုတ်ပါလား။ ကိုယ်ကကိုက်လိုက် အကိုက်ခံရလိုက်
ဘဝဆက်တိုင်း အဖန်ဖန်ပြတ်လာတဲ့ဒီနားရွက် စိန်
နားကပ်ဝတ်ဖို့ထက် သစ္စာလေးပါးတရားနာဖို့က ပို
အရေးကြီးသည် မဟုတ်ပါလားရှင်။
သစ္စာလေးပါးမနာရင်ဘာဖြစ်မလဲ။ ဘာမှမဖြစ်
ပါဘူး သေမင်းပဲဖြစ်မှာပါ။ ဘဝပေါင်းမြောက်မြားလှ
စွာ သံသရာမှလွှတ်မြောက်ကြောင်းမကြိုးစားသေးသ
၍ လူတိုင်းဟာ သေမင်းပါပဲ။ ဘာလို့သေမင်းလို့ခေါ်
သလဲ။ ခန္ဓာရအောင် ကိုယ်တိုင်လုပ်ထားတာကိုး။
ကိုယ်ကချင်လို့ ကိုယ်ဇာတ်ထောင်ထားတဲ့ကိစ္စ ဘယ်
သူနဲ့မှမဆိုင် ကိုယ်နဲ့သာဆိုင်တာပါနော်။
ဆိုတော့ကာ ဆိုတော့ကာ။ လူ့ဘဝရတုန်းလဲ
နေစဉ်ခဏမှာ ကိုယ့်ပိုင်တဲ့ကိုယ့်စိတ်ကို ပျော်အောင်
မထားနိုင် ဘာလို့မထားနိုင်တာလဲ ကျောင်းစာ စီးပွား
ရေး နိုင်ငံရေး ဂိတ်ဆုံးရောက်စေအုန်းတော့။ ဘာသာ
တရားမသိရင်တော့ go to ဒယ်အိုးလို့ပဲပြောရမယ်နဲ့
တူပါတယ်။ (အရှင်ဘုရား တပည့်တော်မ စကားခဏ
ယူသုံးမိပါတယ်ဘုရား)။
ဒါဆိုရင် အသက်ရှင်စဉ်အတွင်း စိတ်ချမ်းသာ
ပျော်ရွှင်ဖို့တာဝန်က ဘယ်သူ့တာဝန်လဲဆိုတာ သိပါ
ပြီနော်။ သေမင်းဘယ်မှာနေ မိမိခန္ဓာထဲမှာနေပါတယ်
နော် သေမင်းဘယ်သူလဲ လောလောဆယ် မဟူရာ
သေမင်းဆိုင်စောင့်နေပါတယ်နော် (နောက်တာပါ
လူတိုင်းဟာ သေမင်းပါပဲနော်) ဒါဆိုရင် ဘဝဆက်
တိုင်းသေမင်းမဖြစ်ရလေအောင် နိဗ္ဗာန်သောင်ကမ်း
အတူလှမ်းဖို့ သစ္စာလေးပါးတရား နာပြီး ကျင့်ကြံကျိုး
ကုတ် အားထုတ်ကြပါစို့လားရှင်။
ချစ်ခြင်းများစွာဖြင့်************
မဟူရာ (IR)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment