Saturday, October 11, 2014
" လောက၌ စိတ်အချမ်းသာဆုံးသောသူ"
ထိုသူသည်*****
သူတစ်ပါးအရေးထက် မိမိသဏ္ဌာန်၌ နိစ္စဓူဝဖြစ်ပေါ်
ပြောင်းလဲနေသော အရာကိုသာ စိတ်ဝင်စား၏။
ထိုသူသည်***
တစ်ပါးသူ၏ အောင်မြင်ထင်ရှား ကျော်ကြားမှုအပေါ်
၌ ဣဿာ မိစ္ဆရိယစိတ် မြူမှုန်မှမရှိပါ။
ထိုသူသည်*****
၅ပါးသော သီလသိက္ခာပုဒ် တို့ကို ခါးဝတ်ပုဆိုးကဲ့သို့
စွဲမြဲစွာ ဝတ်ဆင်စောင့်ထိန်းပါသည်။
ထိုသူသည်*****
လူအများကြည်ညို မကြည်ညိုခြင်းထက် မိမိကိုယ်
မိမိ ကြည်ညိုနိုင်သူတစ်ယောက် ဖြစ်ရန်သာအာရုံပြု၏
ထိုသူသည်*****
မိမိသဒ္ဓါတရား ထက်သန်၍ ပေးကမ်းရက်ရောခြင်း
အပေါ် မည်သည့်တုန့်ပြန်မှုကို မှ မမျှော်လင့်ပါ။
ထိုသူသည်****
မိဘ ဆရာသမား ရိုက်မည်ထက် ဘုရားရိုက်မည်ကို
သာ သာ၍ ကြောက်သောသူဖြစ်သည်။
ထိုသူသည်****
အစာစားခါနီးတိုင်း အတိုင်းအတာပမာဏ မိမိနှင့်
တည့်မတည့် စဉ်းစားချင့်ချိန်၍ ကျေညှက်စွာစား၏
ထိုသူသည်****
စကားတစ်ခွန်းပြောမည် ကြံတိုင်း မှန်မမှန် တစ်ဖက်
လူ နစ်နာစေမည့်စကားလား စဉ်းစား၍ အပြစ်လွှတ်
အောင် ပြောဆိုတတ်သောသူဖြစ်ပေသည်။
ထိုသူသည်*****
ဆင်းရဲခြင်း ချမ်းသာခြင်း ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း ဝမ်း
နည်းခြင်း ဝမ်းသာခြင်းတို့အပေါ်၌ တုန်လှုပ်ခြင်းမရှိပါ
ထိုသူသည်*****
အသောမသတ်နိုင်သော မိမိလောဘတို့အတွက် ဆု
တောင်းခြင်းထက် ကိုယ့်အားကိုယ်ကိုး၍ ရရှိလာ
သော ဖြူစင်သည့် ဥစ္စာကိုသာ ခန္ဓာဝန်ထမ်းရန်အ
တွက်သာ လိုချင်သူဖြစ်သည်။
ထိုသူသည်*****
မိမိပြုလုပ်တော့မည့် ကာယကံ ဝစီကံ တို့ကို အစဉ်
သတိနှင့်စောင့်ကြပ်၍ မိမိသဏ္ဌာန်အတွင်းရှိ မနော
ကံတို့၏ ဖြစ်ပျက်ပြောင်းလဲမှုတို့ကို အစဉ်သတိနှင့်
သိနေသူဖြစ်၏။
ထိုသူသည်*****
အတိတ်၏ မှားယွင်းမှုအပေါ် နောင်တတရား မမြင်ရ
သော အနာဂတ်တို့ကို ကြိုတွေး၍ ပူပန်မှု တို့ဖြင့်
မနေဘဲ ယနေ့ပစ္စုပ္ပန်၌သာ အကောင်းဆုံးနေထိုင်
နိုင်သူဖြစ်ပေသည်။
ထိုသူသည်****
ဒါနကို လူတွေအထင်ကြီးရန် ဂုဏ်ပကာသနထက်
မိမိတတ်နိုင်သည့်ပမာဏကို နိဗ္ဗာန်အထောက်အပံ့
ဖြစ်စေရန်သာပြုသည်။
ထိုသူသည်******
ပညာမဲ့တစ်ရာချီးမွမ်းခြင်းထက် ပညာရှိတစ်ယောက်
ကဲ့ရဲ့ခြင်းကိုသာ ဂရုပြု၍ မိမိကိုယ်ကို ပြောင်းလဲ၏
ထိုသူသည်*****
အသိပညာ အတတ်ပညာတို့ကို မိမိထက်ဥာဏ်ပညာ
ကြီးသောသူမှ ပေးကမ်းလာလျှင် တစ်ဝက်မျှရှိသော
ဖန်ခွက်ထဲရှိမိမိအသိဥာဏ်တို့ကို အသာသိမ်းထား၍
ဖန်ခွက်အလွတ်ဖြင့် များပြားလှသော အသိဥာဏ်ကို
ခံယူတတ်၏။
ထိုသူသည်****
မိမိမသိသေးသည်ကို သိ၏။ သိဖို့ကြိုးစား၏။ မသိ
သေး၍ မိုက်မဲနေသူအပေါ်၌လည်း ခွင့်လွှတ်၏။
ထိုသူသည်******
နှမ်းစေ့မျှအစပြု၍ သင်ဆရာ မြင်ဆရာ ကြားဆရာ
တို့အပေါ်၌ ဂါဝရတရားထား၏
ထိုသူသည်******
မိမိခေတ္တခဏ လူ့ဘဝရတုန်းပိုင်ဆိုင်သည့် ပစ္စည်း
ဥစ္စာ တို့ အပေါ်၌ မောက်မာခြင်း အလျင်းမရှိပါ။
ထိုသူသည်********ု
သူတစ်ပါးအပေါ်ကိုယ်ကြိုက်တာကိုယ်လုပ်တတ်၏။
မိမိကိုယ်တိုင် မနှစ်သက်မည့်အရာတို့ကို သူတစ်ပါး
အပေါ်လည်း မပြုလုပ်ပါ။
ထိုသူသည်*****
မိမိတာဝန်ကို သေချာစွာ သိတတ်နားလည်သူဖြစ်၍
ပျင်းရိခြင်း အလျင်းမရှိဘဲ အစဉ်တစိုက် ကြိုးစားတတ်
သူလည်း ဖြစ်၏။
ထိုသူသည်******
ချစ်ခြင်း မုန်းခြင်းတို့၌ အစွန်းမရောက်ဘဲ အချိန်တန်
လျှင် ခွဲခွာကြရမည့် လောကဧည့်သည်သဘောတရား
ကို သိရှိနားလည်၍ ဆင်ခြင်၏။
ထိုသူသည်*****
မတည်မြဲသော အနတ္တခန္ဓာကိုယ်ကြီးကို မက်မောခြင်း
အလျင်းမရှိဘဲ ဤခန္ဓာသည် နိဗ္ဗာန်သို့သွားနိုင်မည့်
အလုပ်လုပ်ရန်သာ အသုံးချခံခန္ဓာဟု သဘောထား
ခြင်းကြောင့် ******************
စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာပါလေစ****
မဟူရာ(IR)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment