Wednesday, October 1, 2014
"ကိုယ်ပိုင်တဲ့ကိုယ့်နေရာ ဘယ်သူ့ကိုမှ မပေးနိုင်"
နိုင်ငံခြားမှာ ၁၈နှစ်ပြည့်ရင် မိဘတွေလက်မှ
လွတ်မြောက်ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းရတယ်။ကျမ
တို့မြန်မာပြည်ကလည်း အားကျပြီး မိဘကလွတ်တာ
မဟုတ် ကိုယ်ဟာကိုမိဘအရိပ်အောက်ကထွက်ကြ
သော အချို့သောလူတွေ ပျက်ဆီးကြတယ်။ဘာလို့လဲ
ငယ်စဉ်အခါ မိဘတွေထိန်းကျောင်းပုံ မတူကြ
လို့ပါ။ မဟူရာ တက္ကသိုလ် ဒုတိယနှစ်မှာ သူငယ်ချင်း
တစ်ယောက် အမေလုပ်သူက ကျောင်းမှာကားထိုးပြီး
တော့ stand by ထမင်းကစ ခွံ့ကျွေးတယ်။ နောက်
တစ်ယောက် ရန်ကုန်ကသူငယ်ချင်း အဖေကအခန်း
ရှေ့ မြက်ခင်းပြင်က တနေကုန်ထိုင်စောင့်တယ်။
ချစ်
ကြတာကိုးနော်။ စိတ်မချလို့မဟုတ်ပါဘူး။
မဟူရာကျောင်းသာပြီးသွားတယ် အမေနဲ့တစ်
ခါ ကျောင်းအတူမသွားဖူးဘူး။ သူငယ်တန်းကတည်း
က အကို အမတွေနဲ့ လက်ဆွဲပြီး လိုက်လိုက်သွားတာ
အလယ်တန်းက စ ပြီး ကိုယ်ဟာကိုယ်ကျောင်းအပ်ရ
တယ်။ နယ်မှာလဲဖြစ် နှစ်တိုင်းလဲဆုရတော့ ဆရာမ
တွေက သိနေပြီ။ ထားပါတော့။
နိုင်ငံခြားအိမ်တော်တော်များများမှာ အိမ်အကူ
မထားဘူး။ ထားလည်း အချိန်ပိုင်းပဲ။ but မဟူရာတို့
ဆီမှာ ပေးရတဲ့လစာကလည်း နည်းတာကိုးနော်။
ခင်ပွန်းခရီးထွက်တာ အရေးမကြီးဘူး။ အိမ်အကူရွာ
ဘုရားပွဲပြန်ရင် အိမ်ရှင်မတွေ ကမ္ဘာပျက်နေပြီ။ မွေး
ကတည်းက ကိုယ့်အားမှမကိုးကြဘဲ။ မဟူရာကျောင်း
တတ်တော့ အိမ်အကူရှိပါတယ်။ but ကိုယ့်အဝတ်
ကိုယ်လျှော်ခိုင်းတယ်မေမေက။ အကျီ င်္အဖြူပေါ်မှာ
မဲနယ်ကို ဆပ်ပြာမှုန့်ဖြူးသလိုဖြူးပြီးဆေးဆိုးတာ ကွက်
ရော မဲနယ်တွေက။ သိမှမသိတာ။ but မသိတော့မေး
တယ် ဘယ်လိုလုပ်ရမလဲပေါ့ မဲနယ်ကို ရေပုံးထဲတစ်
ခါတည်းဖျော်ပြီး အဝတ်ကိုစိမ်ရတယ်တဲ့။ ok သိပြီ။
" အတွေ့အကြုံရယ် ဆင်ခြင်တုံတရားပေါင်းလိုက်ရင်
i
ပညာတဲ့" ဦးဇာဂနာပြောဖူးတာလေး။
"လူတစ်ယောက်ကို အကြောက်တရားနဲ့အုပ်ချုပ်
ရင် အနှစ် ၂၀ ဆင်းရဲအောင်ထားပြီး အုပ်ချုပ်ရင်နှစ်
၅၀ ပညာမတတ်အောင်ထားပြီး အုပ်ချုပ်ရင် အနှစ်
၁၀၀လဲရတယ်တဲ့" စာမှာဖတ်ရတယ်။ မဟူရာပြော
တာမဟုတ်ဘူးနော်။
အဲ့ဒီတော့ ဘယ်သူမှအုပ်ချုပ်တာမခံရအောင်
ကိုယ်တိုင်အုပ်ချုပ်ကြရအောင်နော်။မကောင်းဘူးလား။
ဘယ်လိုအုပ်ချုပ်မလဲ။ "ငယ်စဉ်အခါက မိမိကိုယ်ကို
မခိုင်းလျှင် လူကြီးဖြစ်ပါက သူများခိုင်းတာခံရမည်။"
မဟူရာ ငယ်ငယ်က စာကြည့်စားပွဲမှာ ရေးထားတာ။
ဆိုလိုတာက မိမိကိုယ်ကိုဘယ်လိုထိန်းကျောင်း
မလဲ။ နည်းလမ်းရှာတာပေါ့။
အရေးကြီးဆုံးအချက် ၁ ၂ ၃ ၄ ၅ ၆ ၇ စာဖတ်
ရမယ်။ စိတ်ကောင်းမွေးမြူပါ။ ပတ်ဝန်းကျင်ကောင်း
သူငယ်ချင်းကောင်း ရွေးပေါင်းရမယ်။ ကျန်းမာရေး
နှင့်ပက်သက်သည့် ဗဟုသုတရှာမှီး၍ ကျန်းမာစွာ
နေထိုင်ရမယ်။
" ဒုတိယကမ္ဘာစစ်က သူများတွေက ဒိုင်းဆိုတဲ့
အချိန် ကိုယ်မှပြန်မဒိုင်းနိုင်တာ သေပြီပေါ့ ဘာလို့လဲ
ပညာမှမတတ်တာ" ဦးအောင်သင်းရဲ့စကားပါနော်။
အဲ့ဒီတော့ စာဖတ်ဖို့အရမ်းအရေးကြီးပါတယ်
နော်။ သူများတွေက "ငွေဆိုတာ ဒုတိယဘုရားသခင်"
တဲ့ မဟုတ်ပါဘူးနော်။ ငွေရှိတိုင်းစိတ်မချမ်းသာပါဘူး
နော် စိတ်မထားတတ်ရင်။ စာအုပ်ကသာ ဒုတိယဘု
ရားသခင်ပါ။ တတိယက ကျန်းမာရေးပါနော်။ ငွေက
စတုတ္ထနေရာလောက်မှာသာရှိပါတယ်။
စာထဲမှာဘာတွေပါမလဲ။ မဟူရာဘဝမှာ ဗုဒ္ဓ
စာပေတွေ အနှစ်သက်ဆုံးပါနော်။ ပုဂံခေတ်မှာ ဗုဒ္ဓ
အဆုံးအမကို ဥပဒေအဖြစ် အသုံးပြုခဲ့ကြတယ်။ လူ
တစ်ချို့က ဗုဒ္ဓက နိဗ္ဗာန်သွားရာတရားပဲဟောခဲ့တယ်
ထင်ကြတယ်။ စီးပွားရေး လူမှုရေး နိုင်ငံအုပ်ချုပ်ပုံ
ကျန်းမာရေး မိသားစု မိတ်ဆွေ အိမ်ထောင်ဖက်အ
ချင်းချင်းထားရှိရမည့်သဘောထား အားလုံးတစ်ခု
မကျန် လမ်းညွှန်ခဲ့တာပါနော်။
လူတွေရေးတဲ့စာအုပ်ဖတ်မယ်ဆိုရင် ရွေးချယ်မှု
ကအလွန်တရာကို အရေးကြီးပါတယ်။ စာကြောင်းတ
ကြောင်း စာအုပ်တစ်အုပ်က လူတစ်ယောက်ရဲ့ဘဝ
ကို ပြောင်းလဲစေနိုင်ပါတယ်။ ထို့အတူ ရွေးချယ်မှုမမှန်
ကန်လို့ စာပေကအဆိပ်ဖြစ်ပြီး မိမိဘဝကို အဆုံးစီ
ရင် သွားသူတွေလည်း ဒုနဲ့ဒေးပါပဲနော်။ စာအုပ်ရွေး
ချယ်တတ်မှုက အရမ်းကို အရေးကြီးပါတယ်။
" အနုပညာကို စီးပွားရေးအတွက် ဘယ်တော့
မှမလုပ်ပါနဲ့" ကိုထူးအိမ်သင်ရဲ့ သမီးအပေါ်ဆုံးမတဲ့
စကားပါနော်။ တစ်ချို့က ကိုယ့်စာအုပ်ရောင်းကောင်း
ဖို့အတွက် လူတွေစိတ်ဝင်စားခံရအောင် ရေးတတ်ကြ
ပါတယ်။ စာဖတ်နေတာပဲဆိုပြီး မဟုတ်တဲ့စာပေတွေ
ဖတ်မိရင်လည်း အလွန်ကို အန္တရာယ်များလှပါတယ်။
အသက်မွေးဝမ်းကျောင်း။ မိမိစိတ်ဝင်စားနှစ်
သက်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုကို အနည်း
ဆုံး ၆နှစ်နီးပါး လေ့လာဖို့လိုအပ်ပါတယ်လို့ စာမှာဖတ်
ရဖူးပါတယ်နော်။ ဥာဏ်ရည်ပေါ်မူတည်ပြီး တစ်ဦးနဲ့
တစ်ဦးကွဲရင်လဲ ကွဲနိုင်ပါတယ်။ မိမိအသက်မွေးဝမ်း
ကြောင်းက မိမိဝါသနာပါရာဖြစ်မှသာ စိတ်ဖိစီးမှု
တော်တော်ကို သက်သာစေနိုင်မှာမို့ ဝါသနာပါတဲ့
ရွေးချယ်မှုဖြစ်ဖို့ အရမ်းကို အရေးကြီးပါတယ်နော်။
မဟူရာနဲ့ရင်းနှီးတဲ့ နာမည်ကြီးဒါရိုက်တာတစ်ဦးက
"မိုးလင်းမိုးချုပ် ဘယ်လိုပြီးသွားမှန်းတောင်မသိ စိတ်
ညစ်စရာဆိုလို့ မစဉ်းစားမိပါဘူး သမီးရယ်တဲ့" လေး
လေးနက်နက် တွေးစရာပါနော်။
အချစ်ရေး။ ကိုထူးအိမ်သင်စကားအတိုင်းပြောရ
မယ်။ လူတစ်ယောက်ဆီက ရယူလိုမှုထက် ကိုယ်
တကယ်ချစ်တာသေချာသလားဆိုတာ ကိုယ်တိုင်စမ်း
စစ်ပြီးမှ ချစ်တာကောင်းပါတယ်နော်။ "မချစ်သော်
လည်း အောင့်ကာနမ်း" ဆိုတဲ့ ဘဝကြီးကလည်း စိတ်
ပင်ပန်းစရာပါနော်။ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး
သောစိတ်ဟာ အချစ်စိတ်ပါတဲ့နော်။ ဘယ်သူပြောခဲ့
လည်းတော့မသိ။ ဒါကြောင့် ဘဝတွေဟာ မရေမ
တွက်နိုင်အောင် များနေကြတာပါနော်။ ပုထုဇဉ်ဖြစ်တဲ့
အတွက် မချစ်နဲ့လို့မဆိုလိုပါဘူးနော်။ အချစ်အပေါ်
သစ္စာရှိခိုင်းတာပါနော်။ (ကိုယ့်အချစ်နဲ့အရာရာကို
အကောင်းအတိုင်းဖြစ်စေမည် စိုင်းထီးဆိုင်သီချင်းက
လို အကောင်းဆုံးသော ပါရမီဖြည့်ဖက်အချင်းချင်းဆို
အကောင်းဆုံးပါနော်)
စကား။ စကားပြောဆင်ခြင်ကြမယ်နော်။ ချစ်
စေလိုခံတွင်းလက်လေးတစ် မုန်းစေလိုခံတွင်းလက်
လေးတစ်တဲ့။ စကားဆိုရင် မတင်းနဲ့ တရားလိုရင်
မငြင်းနဲ့တဲ့။ စကားကို တင်းတင်းရင်းရင်းပြောတော့
မိတ်ပျက်တာပေါ့နော်။ အေးချမ်းတဲ့တရားကို ငြင်း
ခုန်ပြီးပြောတော့ ဘယ်မှာတရားရတော့မလဲနော်။
တရားအကြောင်း ဘယ်လောက်သိနေသိနေ ကိုယ့်
စိတ်ကအမှန်တကယ် မအေးချမ်းသေးရင် တရားမရှိ
သေးပါဘူးနော်။ ဒါဟာ သညာသိပဲဖြစ်နေပါတယ်
နော်။ ပညာသိမဟုတ်သေးပါဘူး။ တရားအစစ်က
တရားအကြောင်း ဆွေးနွေးနေရင်ကို စိတ်ကအေးချမ်း
နေပါတယ်နော်။ တရားဆိုတာ ငြင်းစရာမဟုတ်ပါ။
ကျန်းမာရေး။ မိမိကိုယ်တိုင်မသိဘဲရမ်းကုတာ
မလုပ်ပါနဲ့နော်။ မြန်မာဆေးတွေမှာ မဟူရာပါဠိလို
မပြောတတ်၍ ခွင့်လွှတ်ပါ။ ဥပမာ ပါနော် ဆေးဝါး
တစ်ခုမှာ ဆေးဖော်လို့အစွမ်းထက်တဲ့ဆေးရှိသလို
တစ်ခုချင်းစီ အစွမ်းထက်တဲ့ဆေးရှိပါတယ်နော်။ ဖော်
ပြီးသောက်ရမယ့်ဆေးကို တစ်ခုချင်းစီသောက်လိုက်
လို့ အသက်ဆုံးရှုံးရတာတွေရှိပါတယ်နော်။ သံပုရာ
စေ့ကို စားရင်သွေးကျတယ်။ ok သွေးတအားတိုး
တတ်သူလား တခါတလေတိုးသူလား တခါမှမတိုး
ဖူးသူလား ခလေးလား လူကြီးလား အရမ်းအရေး
ကြီးပါတယ်နော်။ အင်္ဂလိပ်ဆေး။ ထိုနည်း၎င်းပါနော်။
ရမ်းကုမလုပ်ပါနဲ့နော်။
အားကစား။ အရမ်းအရေးကြီးပါတယ်။ " အား
ကစားလုပ်ဖို့ပျက်ကွက်ခြင်းသည် ဆေးကုသရန်ကြို
တင် တိုကင်ယူထားခြင်းဖြစ်သည်" တဲ့။
ဝါသနာ။ မိမိဝါသနာပါရာတစ်ခုခုနဲ့ စိတ်ကိုနေ့
စဉ်ထွက်ပေါက်ပေးပါနော်။ သီချင်းနားထောင်ခြင်း
ခရီးထွက်ခြင်း ရေကူးခြင်း တရားထိုင်ခြင်း အစရှိ
သဖြင့် တစ်ခုခုကိုနေ့စဉ်ပြုလုပ်ခြင်းဖြင့် ချမ်းမြေ့ပျော်
ရွှင်၍ ကိုယ်ပိုင်တဲ့ကိုယ့်နေရာ ကိုယ့်ဘဝလေးကို
ကိုယ်ကိုယ်တိုင် မပျင်းမရိဘဲ တည်ဆောက်ကြရ
အောင်နော်။
( ကြုံတုန်းကြွားလိုက်အုန်းမယ် မဟူရာစိတ်ထွက်
ပေါက်လုပ်ပြီးသွားပါပြီနော် သိကြလားမသိ)
ချစ်ခြင်းများဖြင့်*******
မဟူရာ (IR)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment