Monday, September 29, 2014
မဟူရာနတ်သမီး သီလရှင်ဝတ်သွားခြင်း...။
fb မှ fri တွေက " မဟူရာရိပ်သာသွား
ပါလား မယ်သီလဝတ်ပါလား " အစရှိသဖြင့် မျိုးစုံ
ကြိုးခုန်၍ commentsမှတစ်မျိုး chat boxမှတစ်
သွယ် ပြောဆိုနေခြင်းများကြောင့် ဂရုဏာရှေ့ထား၍
ဤစာကိုရေးသားမိသည်။်
ပြောလိုသည်မှာရိပ်သာမှာမှတရားရှိပါသလား
မယ်သီလဝတ်မှသာ တရားသိနိုင်ပါမည်လား။မဟုတ်
လူပုဂ္ဂိုလ်၏ ခန္ဓာကိုယ်နှင့် အမြဲတစေပြောင်းလဲတတ်
သော စိတ်နှလုံးအိမ်နှင့် မြင်တတ်သူ၏ မျက်စိတွင်
တရားရှိပါသည်။
ကျမသာ စာပေဟောပြောပွဲတွင် စကားပြောသူ
တစ်ဦးအဖြစ် မြင်ကြည့်ကြပါစို့။ (ဥပမာပါနော်)
ရှေ့ဆုံးမှလူကြီးများမှ ကျမပြောသည့်စကားထဲတွင်
အမှားပါမည်လား ကျမ်းအကိုးအကားမှန်မည်လား ထို
သူတို့မှာ စေတနာရှေ့ထား၍ ကျမကိုပြုပြင်ထိန်း
ကျောင်းပေးမည့်သူများဖြစ်သည်။ တစ်ချို့က ဘာတွေ
များဗဟုသုတရစရာပေးမည်လည်း မိမိသိထားသည့်
အရာလည်းရှိမည် သို့သောကျမပြောသည့်စကားကို
နားထောင်ချင်၍ လာသူများလည်းရှိမည်။ တစ်ချို့
ရွယ်တူတွေမှ သူဘာတွေသိထားလည်း သူသိတာ
တွေ ငါတို့သိပြီးပြီလားဟူသော အတွေးနှင့်လည်း
လာမည်။ တစ်ချို့စာပေကိုစိတ်မဝင်စားသူမှာ သူငယ်
ချင်းဖြစ်သူနှင့်အဖော်လိုက်လာ၍ ဘယ်လိုဖက်ရှင်များ
ဝတ်စားထားသလဲဟု တွေးချင်တွေးမည်။ တစ်ချို့က
ကျမ၁၀ခွန်းပြောသောစကားထဲမှ ၉ခွန်းသိ၍ ကျန်တစ်
ခွန်းကို ယခုမှမှတ်သားချင်လည်းမှတ်သားပေမည်။
တစ်ချို့က ကျမက ၁၀ရနိုင်ဖို့ ၇ နှင့် ၃ ရသည်
ဟုပြောလျှင် မဟုတ် ၅ နှင့် ၅ ပေါင်းမှ ၁၀ ဒါမှအမှန်
ဟု စကားကတ်သတ်၍ ပြောချင်လည်းပြောမည်။
တစ်ချိုက နေရာကောင်းမှဝင်ထိုင်၍ အိပ်ငိုက်၍တစ်
လုံးမှမသိလိုက်ပါဟူသည့်သူလည်းရှိကောင်းရှိမည်။
တစ်ချို့က ဟောပြောခန်းအနီးသန့်ရှင်းရေးလုပ်ဖို့
စောင့်ရင်း စကားပြောသည့် ၁၀ခွန်းမှမိမိဥာဏ်နှင့်ချဲ့
ထွင်၍ ကျမကဲ့သို့အခွန်း၁၀၀ပြန်ပြောနိုင်သူလည်း
ရှိကောင်းရှိမည်။
ဆိုလိုသည်မှာ တရား၏သဘောတရားသည်
မိမိနှလုံးသွင်းသည့်အနေအထားအလိုက် မြင်ကြပေ
မည် သိကြပေမည်။
ယူတတ်လျှင် တရားကို ဆေးရုံ တရားရုံး နာ
ရေးအိမ် စီးပွားရေးလောက လူမှုပတ်ဝန်းကျင်တို့
တွင် များစွာရှိပေသည်။ ထိုမှတဖန် မိမိခန္ဓာတွင်းမှ
အမြဲမပြတ်ပြောင်းလဲနေသော သဘောတရားမှလည်း
ရနိုင်ပေသည်။ တည်မြဲခြင်းမရှိသည့် မိမိ၏စိတ် တည်
မြဲခြင်းမရှိသည့် ခန္ဓာကိုယ်သဘောတရား ပျော်လိုက်
ဝမ်းနည်းလိုက် ရီလိုက် ငိုလိုက် မာနကြီးခြင်း အား
ငယ်ခြင်း ဒေါသကြီးနေခြင်း အေးချမ်းစွာနေလိုခြင်း
အစရှိသဖြင့် မတည်မြဲသည့်ခန္ဓာကိုယ်ကြီးမဟုတ်ပါ
လား။
ထိုမတည်မြဲသည့်ခန္ဓာကိုယ်ကြီးတွင် ကုဋေမက
သော ဖြစ်တတ်ပျက်တတ်သောသဘောတရား
ကြောင့် ခန္ဓာကိုမလိုချင်အောင်လုပ်သည့် ဝိပဿနာ
တရား ခန္ဓာအသစ်ထပ်မရနိုင်သည့် သစ္စာလေးပါး
တရားတို့ကို သိအောင်လုပ်၍ သိလည်းသိ ကျင့်
လည်းကျင့်နိုင်အောင် ကျမတို့မြတ်ဗုဒ္ဓမှ လေးသင်္ချေ
နှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်၍ ဟောခဲ့သည်မဟုတ်
ပါလားရှင်။
ဒါဆိုလျှင် တရားရှိသည့်နေရာကို လူတိုင်းသိ
သွားလေပြီ။ လူတစ်ယောက်နေမကောင်းဖြစ်၍ စိုး
ရိမ်ပူပန်ရသည့် သောက ထိုလူသေဆုံးသွား၍ဖြစ်
သည့် ငိုကြွေးခြင်းပရိဒေဝ ထိုလူကြောင့်ဖြစ်ရသည့်
ဒုက္ခ ထိုလူနှင့်ပက်သက်၍ခံစားရသည့် ဒေါမနဿ
သောမနဿ အစရှိသည့်တရားများစွာကို ဆေးရုံ
တွင်ပို၍ အတွေ့များနိုင်မည်။ ပိုင်ဆိုင်မှုတစ်ခုအတွက်
သားသမီးမှမိဘကို တရားပြန်စွဲ ချစ်လွန်း၍ယူထားပါ
သည်ဆိုသောဇနီးမောင်နှံအချင်းချင်းတရားပြန်စွဲ
လူသတ်မှုကျူးလွန်ထားသောငြားလည်း မိမိအား
ရှေ့နေအဖြစ်ငွေပေးငှားထားမှုကြောင့် တရားခံအား
အမှုမှလွတ်မြောက်စေရန် ပြောဆိုမှုများ မိမိအပြစ်ကို
ဝန်မခံလို၍ တင်္ဒဂ လွတ်မြောက်စေရန် ကျမ်းကျိမ်၍
ပြောဆိုနေသော သွေးပူနေသည့်တရားခံများ အစရှိ
သဖြင့် ပြောလျှင်မကုန်နိုင်သော သဘောတရားများ
စွာကို ဒီဘဝဒီကိုယ်စံ နောက်ဘဝဟိုကိုယ်ခံ မျက်
စိတစ်မှိတ်သာကြည့်တတ်ကြသော ပုထုဇဉ်တွေမ
ဟုတ်ပါလား။
ကျမအထက်မှပြောခဲ့သည့်အတိုင်း တရားရုံး
သို့နေ့စဉ်ရုံးတတ်ရောက်သူများလည်း တိုက်ဖန်များ
တော့အသားမာ၍ ရိုးသွား၍ တရားမရသူလည်း
ရှိကောင်းရှိပေမည်။ သို့သော် တစ်ခါတည်းသာလာ
ရောက်ဖူး၍ အော်လူတွေဆိုတာဒီလိုပါလားကြောက်
စရာကောင်းလိုက်တာ ဟုသံဝေဂယူတတ်သည့် မိခင်
နှင့်အတူပါလာသော ဆယ်ကျော်သက်အရွယ် ခလေး
တစ်ယောက်လည်း ဖြစ်ချင်ဖြစ်ပေမည်။
သူတစ်ပါးအမှားကိုမြင်၍ ပြုပြင်နိုင်သူမှာပညာရှိ
မိမိကိုယ်တိုင်မှားမှ သိသူသည် လူမိုက် မိမိလည်းမှား
အမှန်ကိုသိအောင်လည်းမကြိုးစား အမှန်သိနေသူ
ကိုလည်း မုဒိသာမပွားနိုင်ဘဲ တိုက်ခိုက်နေသူသည်
အဆိုးဆုံးသော လူမိုက်ဖြစ်ပေသည်။
အချုပ်ဆိုရသော မိမိပြောသည့်တရားဘယ်
မှာရှိ တရားဘယ်လိုသိ အရှိကိုမြင်အောင်ကြည့်၍
မိမိသိသည့်အသိကို သတိနှင့်ထိန်းချုပ်ရင်း ရိပ်သာ
မသွားနိုင်သေးသည့် အချိန်မှီစပ်ကြား မသေခင်
ဥာဏ်ဦးအောင် အိမ်တွင်းမှာနေစဉ်တွင်း ခန္ဓာကိုယ်
အတွင်း တရားရှာကြစို့လားရှင်************
( ဟီး စာပေဟောပြောပွဲမှာ ရှေ့ဆုံးတန်းကလူတွေက
ပိုများပါတယ်နော် ချစ်တဲ့မျက်စိနဲ့ကြည့်ကြတာကိုး)်
ချစ်ခြင်းများစွာဖြင့်
မဟူရာ (IR )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment