Friday, September 26, 2014
" မဟူရာနတ်သမီး ခိုးပြေးခံရခြင်း"
တစ်နေ့တစ်၌ဝယ် ကျွန်ုပ်သည် မသေးမျှင်ကို
ငြီးငွေ့လာ၍ ကျွန်ုပ်၏တပည့်ကျော် ဗိုက်ကလေးကို
ရေငုံနှုတ်ပိတ်စေရန် ငွေအသပြာအချို့ကိုပေး၍ fbမှ
သိရသော မဟူရာနတ်သမီးကို ခိုးပြေးလေသည်။
ခိုးပြေးသည်ဟူသည့်စကားအတိုင်း ကျွန်ုပ်က
သာခိုးပြေးတာပါ။ သူမက အလိုမတူပေ။သို့သော်
ကျွန်ုပ်အမဲလိုက်ရာတွင် ပစ်သည့်သေနတ်နှင့်ခြိမ်း
ခြောက်သောကြောင့် သူမပါလာလေသည်။
ကျွန်ုပ်ကမရမကခေါ်လာတော့ သူမကသူ့ကို
လည်း လောက်လေးခွတစ်လက်ပေးပါဟု ပူဆာသော
ကြောင့် တပည့်ကျော်ဗိုက်ကလေးအား စီစဉ်ခိုင်းပြီး
ကျွန်ုပ်တို့၃ယောက် အမဲလိုက်ထွက်လာလေသည်။
ကျွန်ုပ်လည်း ဇနီးသည်ပူပူနွေးနွေးလေးစားရပါစေလို့
ရည်ရွယ်ပြီး သားကောင်ပစ်ခြင်းလုပ်ငန်းကို စတင်နေ
လေပြီ။
" မဟူရာ တွေ့လားဟိုမှာ သမင်တစ်ကောင်"
"ဟုတ် ဦးတွတ်ပီ တွေ့တယ်လေ"
" အင်း အဲ့ဒါမဟူရာအတွက်ပဲ"
"နေ နေ ဦးတွတ်ပီ သမီးပစ်မယ် " ဟုဆို၍ သူမ၏
ဘယ်အချိန်ကတတ်ထားမှန်းမသိသော လေးခွပညာ
နှင့် ပစ်လေသည်။ နှုတ်မှလည်း ပွစိ ပွစိနှင့်ဘာတွေ
ရွတ်နေမှန်းမသိ။
" ဟေး ဟေး နိုင်ပြီကွ နိုင်ပြီ"
" ဟင် မိလည်းမမိဘဲနဲ့ ဘာနိုင်တာတုန်းဟ"
" ဟား ဟား မြင်အောင်ကြည့်စမ်းပါ ဦးတွတ်ပီရ"
" အေ့လေ ကြည့်နေတာပဲ ဟေ့ရောင်ဗိုက်ကလေး
မင်းမြင်တယ်မလား"
" ဟုတ် အဲ့ အဲ့ "
" ဟော့ ဟိုမှာ ယုန်တစ်ကောင် မဟူရာတွေ့လား"
" နေနေ သမီးပစ်မယ် ဦးတွတ်ပီ အသာနေ"
" ဟေး နိုင်ပြန်ပြီကွ နိုင်ပြန်ပြီ"
ပါးစပ်ကလည်း ပွစိပွစိနှင့်။
ဤသို့နှင့် ညနေသာစောင်းသွားသည် ဘာသား
ကောင်မှ ရမလာ*****
ဇနီးသည် မဟူရာအားချက်ကျွေးစရာမရှိ၍ ကျုပ်
မှာ မျက်နှာကိုမပြဝံ့ ခေါင်းငိုက်စိုက်သာနေသော်
လည်း မဟူရာမှာ မည်သို့မျှမနေ။ သူ့ဝတီအတိုင်းလမ်း
ပေါ်မှ ကျောက်စရစ်ခဲလေးတွေကို ဘောလုံးကဲ့သို့
လိမ့်ကန်ရင်း အိမ်ပြန်ခဲ့ကြလေသည်။
" အင်း ဒီညတော့ ညစာလည်းမရ ငါသည်
ယောက်ျားသားတစ်ယောက်ဖြစ်သော်လည်း ဇနီးအ
သစ်စက်စက်အတွက် တာဝန်မကျေ ဒီညတော့ ငါသူ့
ကို မည်သို့မျက်နှာပြရမလဲ" ဟု တွေးကာ ဝမ်းနည်း
နေမိလေသည်။
မဟူရာကို ကြည့်သော်လည်း စားစရာမရှိ၍ပူ
ဆွေးသောကရောက်ဟန် တစ်စက်မှမပြ။ ခင်မျာ
ဗိုက်ကလေးနှင့် ဂေါ်လီတောင်လိမ့်နေလေသည်။
" အင်း ဒီခလေးမနှယ် ဘယ်လိုလူမျိုးပါလိမ့် သူများ
တွေညစာစားဖို့မရှိ၍ ပူပန်နေချိန်မှာ ဘယ်လိုမှမနေ
ငါခေါ်မေးကြည့်အုန်းမှပါလေ"
" မဟူရာ ညဉ်းနှယ်အေ ညစာအတွက်နည်း
နည်းမှ စိတ်မပူဘူးလားအေ"
" အို စိတ်ပူစရာလား ဦးတွတ်ပီရယ် မဟူရာကိုယ်
တိုင်ကတဲ့ဇာတ်ကို ပူစရာလား"
"ဟင် ဘယ်လို"
"သြော် ဒီလိုလေ ဦးတွတ်ပီရယ် ဦးတွတ်ပီက သား
ကောင်တွေ့လို့ ချိန်လိုက်တိုင်း မဟူရာကလေးခွနဲ့
သူတို့ကို မထိအောင်အသာလေးခြောက်လိုက်ရင်း
ဟော့ လွတ်လည်းသွားရော နင်တို့အသက်တစ်ခါငါ
ကယ်နိုင်ခဲ့ပြီ ဆိုပြီး နိုင်ပြီ နိုင်ပြီလို့အော်တာလေ"
" ဟေ ဒါဆို ညဉ်းညစာမစားဘူးလား"
" ဦးတွတ်ပီ မဟူရာကို စခေါ်လာကတည်းက မဟူရာ
က ရွာဦးကျောင်းမှာ ၈ပါးသီလယူပြီးသားလေ ည
စာမှ မလိုတာ"
" ဟေ ဒါဆို"
" အဲ့ဒီတော့ ညစာမစားမယ့်အတူတူ ဦးတွတ်ပီကို
မဟူရာက ပုံပြင်တစ်ပုဒ်ပြောပြမယ်လေ"
" ဟေ အေးပါကွာ ပြောကွာ"
" ဒီလိုလေ တစ်ခါက အမျိုးသမီးနှစ်ယောက် (မယ်
သီလလည်းဖြစ်နိုင်သည်) ကိုတဲ့ လူဆိုးတွေက အခု
ဦးတွတ်ပီ မဟူရာကို ခေါ်လာသလိုပဲခေါ်လာသတဲ့
အဲ့ ဇရပ်ပျက်တစ်ခုအနားရောက်တော့ လူဆိုးက
အမျိုးသမီးကို ဘလက်ကာယပြုမယ်ကြံတော့ အမျိုး
သမီးလေးက " အို လူကြီးမင်း ကျမသည် မွေးလာပြီး
သိတတ်စအရွယ်ကတည်းက လူတွင်စောင့်ထိန်းရ
မည့် သီလတရားတို့ကို အသက်နဲ့ထပ်တူစောင့်ထိန်း
ခဲ့ပါသည်။ သစ္စာလေးပါးတရားကို အချိန်ရတိုင်းနာ၍
ဝိပဿနာတရားကို အချိန်ရှိတိုင်းအားထုတ်ကာ
ဘယ်သွားသွား ဘာလုပ်လုပ် အမှတ်သညာနဲ့သာ
နေခဲ့ပါသည်။ ကျမသည် ကျမ၏အသုဘခန္ဓာကိုယ်
ကို မက်မောခြင်းအလျှင်းမရှိပါ။ သို့သော သီလ သမာ
ဓိ ပညာကိန်းအောင်းနေသော ကျမ၏ခန္ဓာကိုယ်ကို
သင် မဖွယ်ရာပြုလုပ်ပါက ဘေးရန်သင့်ပေလိမ့်မည်"
လို့ ပြောသတဲ့ ဦးတွတ်ပီရေ"
" အဲ့ဒီတော့ ဟိုကစကားနားထောင်သလားတဲ့"
" ဘယ်နားထောင်မလဲ ဦးတွတ်ပီရဲ့ လူဆိုးပါဆိုမှ"
" အဲ့ဒီတော့ဘာဆက်ဖြစ်"
" ဘာဖြစ်ရမလဲ မဖွယ်ရာပြုတော့ မြေမြိုတာပေါ့ဦး
တွတ်ပီရယ် ဘယ်သူမှကယ်မရ ပြုမရနဲ့"
" ဟင် ဟုတ်လား ဒါဆို ညဉ်း ညဉ်းကရောဟင်"
" အော် မဟူရာက မဟူရာခန္ဓာကိုယ်ထဲ တရားရှိမရှိ
ဘယ်သိနိုင်မလဲ ဒါပေမယ့် မဟူရာဒီနေ့ဥပုသ်စောင့်
ထားတယ် အသက်တွေကယ်ထားတယ် နင်တို့
အသက် တစ်ခါကယ် ငါ့အသက်၁၀ခါကယ်လို့ပြောပြီး
တော့လေ"
" ညဉ်းပါးစပ်က ပွစိပွစိရွတ်တာ ဒါကြောင့်ကိုး"
" အေးပါကွာ ဒီနေ့တော့ ညဉ်းဥပုသ်စောင့်ထားတော့
အေးဆေးနေလိုက်အုန်း မနက်ဖန်မှ ဆက်ဆွေးနွေး
ကြတာပေါ့"
" မဟူရာကစေတနာနဲ့ပြောတာပါ လက်ခံတာမခံတာ
ဦးတွတ်ပီအပိုင်းလေ ဟော့မဟူရာအသက်ကယ်ထား
တော့ မဟူရာကို တစ်ခုခုအနိုင်ကျင့်ရင် တောဘုရင်
ခြသေ့င်္ကြီးက ဦးတွတ်ပီကို လာကိုက်ချင်လည်းကိုက်
မှာပဲလေ မဟူရာထင်တာပြောတာနော် ကျားလည်း
ကိုက်ချင်ကိုက်မှာပဲ ဦးတွတ်ပီရဲ့ တဒင်္ဂပျော်ရွှင်မှုက
အသက်ပါချင်လည်းပါသွားမှာပဲ ဒါတော့ပြောမရဘူး"
" အေးပါကွာ ငါလည်းစဉ်းစားလိုက်ပါအုန်းမယ် ညဉ်း
အေးအေးဆေးဆေးစိတ်ချလက်ချအိပ် ဟုတ်ပလား"
" သာဓု ပါတော် သာဓု သာဓု"
*********************
မနက်မိုးသောက်အလင်းရောက်သော်
" ဒီမှာ ဦးတွတ်ပီ လက်မြှောက်လိုက်ပါ"
" ဟင် နေတိုး မင်းနေတိုးမလား ဟား ရဲတွေ ရဲတွေ"
" ဟုတ်တယ် ကျုပ်နေတိုးပဲ ရှုတင်အပြန် မဟူရာဖုန်း
မဆက်လို့ ကျုပ်ခြေရာခံပြီး လိုက်လာတာ မဟူရာ
မှာ အကျင့်ရှိတယ် တနေရာသွားရင် ပန်းတွေခြွေချပြီး
အပြန်ကျရင် ကျောက်စရစ်ခဲလိမ့်တတ်တယ် မဟူရာ
ချွေချတဲ့ ပန်းပွင့်တွေနောက် လိုက်လာရင်း ခင်ဗျား
ကို မိတာပဲ ဘာမှမရှင်းပြနဲ့တော့ ခင်ဗျားကိုပြည်သူ့
ဝိုင်းတွေရဲထား အဲ့လေယောင်လို့ ပြည်သူ့ရဲတွေ
ဝိုင်းထားပြီ "
" ဟင် ကိုနေတိုး ကိုနေတိုးလိုက်လာတယ်"
" လိုက်လာတာပေါ့ ညီမလေးရယ် ငါ့ညီမလေးမတွေ့
တာ အကိုကဒီအတိုင်းနေရမလား ပြေးကြည့်မှ ဒီ
မောင်နှမတွေရှိတာကိုကွယ်"
ကတွတ်ပီမှာ ခေါင်းငိုက်စိုက်လျှက်
" ဒီနေ့ ကံမကောင်းပါလား"
***-*********ပြီးပါပြီ*******
( ကောင်းမှုတစ်ခု နေ့စဉ်ပြု ဘေးရန်မှလွတ်ပြီအခု)
လေးစားချစ်ခင်လျှက်
မဟူရာ ( IR )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment