Monday, September 15, 2014

"နားလည်ပေးပါ ခလေး"( facebook ချစ်သူ)



                                                          "ညီမလေး မင်းတင်ထားတဲ့ status လေးဖျက်ပေး

ပါလား" ချက်ဘောက်စ်မှပို့လာတဲ့ စာတစောင်။

" ဟား ဘလိုင်းကြီးပါလား ဒီမှာ အားနေရင်လည်း

ကိုင်းကြီးကြီးမှာ သွားနားလိုက်ပါနော် ညစ်နေတဲ့ကြား

ထဲ လာလာမစားနဲ့"

" မဟုတ်ဘူးလေ ညီမလေး facebook ဆိုတာလူတွေ

တင်မက ရဟန်းသံဃာတွေပါ သုံးတာလေ မင်းတင်

ထားတဲ့ စကားလုံးတွေက တော်တော်ကြမ်းနေလို့

ကိုယ်သတိပေးတာပါ"

" ဒီမှာ ရှင်နောက်တခါ စာထပ်ပို့ရင် ရှင့်ကိုကျမblock

ပြီသာမှတ်လိုက်"

" ok ကိုယ်ဒီနေ့ မပို့တော့ဘူး နောက်ရက်တွေတော့

ပို့ချင်ပို့မယ်နော် တခုတော့ကြိုပြောလိုက်မယ် ကိုယ်

မင်းကို စိတ်မဝင်စားဘူးနော်"

" အောင်မာ လားလာချည်သေး ကျမကလဲပြောလိုက်

မယ် ကျောက်ခဲကိုရေညစ်ရင်တောင် ရေထွက်လိမ့်

အုန်းမယ် ကျမအချစ်ကိုရဖို့ သွားတန်းစီလိုက်အုန်း

ဒီတသက် ရှင့်အလှည့်ရောက်ရင် ကံကောင်း"

ဟူး စိတ်ရှုတ်ပါတယ်ဆိုမှ ဘယ်ကကြောင်တောင်လူ

တွေနဲ့ လာတွေ့နေမှန်းမသိ။ စိတ်ပျက်ပါ့။

" အဲ့ဒီ photoထဲက အဖြူကောင်က ဘယ်သူလဲညီမ

လေး"

" သူက ကျမတို့ကျောင်းက အတန်းဖော်ပါ"

" မင်းရဲ့ ဘွိုင်းဖရန့်လား"

" မဟုတ်ပါဘူး သူ့ကောင်မလေးက သဝန်တိုလွန်း

အားကြီးလို့ အမြင်ကပ်ပြီး သူ့ရှေ့မှာ အကြင်နာပေးပြ

လိုက်တာလေ ဟား ဟား ရီရတယ်။ ခုလောက်ဆိုပွဲ

ကြီးပွဲကောင်းပဲ"

" ညီမလေး မင်းfri list တွေထဲမှာ အဖေတို့ အကိုတို့

မောင်တို့မရှိကြဘူးလား"

" ကျမနိုင်ငံခြားမှာကျောင်းတတ်မယ်ဆိုကတည်းက

သူတို့ကို blockထားတယ်။ အင်း ပိုက်ဆံလိုပြီဆိုရင်

တော့ ကျမက tangoခေါ်ပြီး ကျမဒီမှာဖျားနေကြောင်း

တယောက်တည်းနဲ့ ဘယ်လောက်အားငယ်နေ

ကြောင်း ဘာညာသရကာနဲ့ ညာတောင်းရတာပေါ့ရှင်"

" ဒီအတိုင်းတောင်းရင် မပေးလို့လား ချာတိတ်ရ"

" ပေးပါတယ်။ဒါပေမယ့် ဒီမှာက ရှင်တို့မြန်မာပြည်လို

မဟုတ်ဘူးရှင်။ ကျောင်းစားရိတ်အပြင် သူငယ်ချင်း

တွေရဲ့ပါတီက တတ်ရသေးတယ်ရှင့်။ ရှင်ကလဲစပ်စု

လိုက်တာနော်"

" ဗျိုး ဆရာကြီး ရှင်ဘာလုပ်နေလဲ ကျမဒီနေ့ရှင့်

ကို ရင်ဖွင့်စရာရှိလို့" ချက်ဘောက်စ်မှစာတစောင်

နာရီဝက်ခန့်ကြာသော်

" ပြော ချာတိတ်ဘာရင်ဖွင့်မလို့လဲ"

"ဒီလိုလေ ကျမနောက်တပါတ်ကို စာမေးပွဲရှိတယ်ရှင့်

အဲ့ဒါစာတွေကမရသေးဘူး။ ထုံးစံအတိုင်း ကျမစောင်

ခေါင်းမြီးလေးခြုံပြီး မေမေနဲ့စကားပြောရအုန်းမယ်ရှင့်

" အဲ့ဒါကအရေးမကြီးပါဘူး။ ကျမနှစ်ပင်လိမ်ထားတဲ့

ဇာတ်လမ်းကလူနှစ်ယောက် ဒီနေ့ရန်ဖြစ်ကြတာ

အရမ်းရီ ရတာပဲရှင်"

" ညီမလေး မင်းမိဘတွေဘယ်ဘာသာကိုးကွယ်လဲ

ဟင်"

" ဟား ဘာသာဆိုတာဘာလဲ ကျမတော့လုံးဝအယုံ

အကြည်မရှိပါဘူး။ အိမ်ကအမေတော့ ဘုရားစဉ်ထား

ထားတာပဲ။သူတို့ကဗုဒ္ဓဘာသာပေါ့ရှင်။ ကျမကတော့

ဟား ဟား "

" ညီမလေးမင်းငြိမ်နေပါလားကွ စာမပို့တာတောင်

တစ်ပတ်လောက်ရှိပြီ"

" ဟား ဟား ဒယ်နီရယ်ရဲ့ အမေပေါ့ သူ့သားကိုကျမ

ကအသဲခွဲတော့ အဆိပ်သောက်သေမယ်လုပ်နေလို့

တဲ့ ကျမကိုပါးလာရိုက်တာ ဟား ဟား ခုထိအယောင်

မပျယ်သေးဘူး"

" ညီမလေးမင်း ငါးပါးသီလကိုသိလား"

" ဒီလောက်တော့သိပါတယ်။ မြန်မာပြည်ကျောင်းနေ

တုန်းက မဆိုချင်လဲဆိုနေရတာ နို့ ကျမကိုငါးပါးသီလ

တရားဟောမလို့လား sorryနော် ကျမကိုချော့မသိပ်

နဲ့ ကျမမအိပ်ချင်သေးဘူး"

"ဒါနဲ့ရှင်နဲ့ကျမစကားသာပြောနေတာ ရှင်ဘာအလုပ်

လုပ်လဲ ကျမမသိရပါလား"

" ကိုက စီးပွားရေးတစ်ခုမှာ ရှယ်ယာဝင်ထားပါတယ်။

လူကတော့ အိမ်မှာပဲအနေများပါတယ်။ ကိုယ့်ဦးလေး

နဲ့ ရှယ်ယာဆိုပါတော့"

" အော် မဆိုးပါဘူးလေ အရမ်းထူးဆန်းတယ်သိလား

ကျမကအိမ်မှာ အဆိုးဆုံး သူငယ်ချင်းတွေထဲမှာလဲ

ကျမနဲ့တည့်တဲ့လူဆိုတာ မရှိဘူး ရှင်ကတော့မဆိုးဘူး

ကျမဘယ်လောက်ပြောပြော ရှင်ကမနာတတ်ဘူး

ဟား ဟား ရှင်တနေ့ကျမကို စိတ်ပျက်သွားမှာသိလား

" မပျက်ပါဘူး ချာတိတ်ရ"

" ဘာလို့"

" ချာတိတ် မင်းငယ်ငယ်က သင်္ချာပုစ္ဆာသင်ဖူးတယ်မ

လား အခန်း ၃ သင်ပြီးရင် အခန်း၎ရဲ့ပုစ္ဆာတွေကို

မင်းတွက်တတ်လား"

" ၃ပဲသင်ရသေးတာကို အခန်း၎ ဘယ်လိုလုပ်ကျမ

တွက်တတ်ပါ့မလဲ"

" အေး လူတွေဆိုတာအဲ့လိုပဲကွ လူပေါင်းစုံဆိုတာ

သင်္ချာအခန်းပေါင်းစုံပေါ့ကွ။ အမြင်မတူတဲ့လူတွေနဲ့

ရအောင်ပေါင်းသင်းတတ်ရတယ်။ ပေါင်းရင်းနဲ့လူ

ပေါင်းစုံရဲ့စိတ်ကိုသိလာတော့ နားလည်လာတော့

ကိုယ့်ရဲ့စိတ်ကရင့်ကျက်လာတာပေါ့ကွ ။ "

" ဒါဆိုကျမက ရှင့်ရဲ့သင်္ချာပုစ္ဆာတွေထဲက အခန်းတခု

ပေါ့လေ"

"ဟား အဲ့လိုပြောရင်မင်းစိတ်ဆိုးမှာပေါ့ကွာ။ မင်းက

သင်္ချာပုစ္ဆာတွေထက် အဆင့်မြင့်တဲ့ ကျမ်းတစောင်

ပေါ့ကွာ မင်းကဆိုးတာကိုး"

"ကျမကဆိုးတယ် ဟုတ်တယ် လူတွေတော်တော်များ

များကလည်း ကျမကို ဆိုးတယ်လို့ပြောကြတယ် အဲ့

ဒါကျမဘာလုပ်သင့်လဲ"

" ချာတိတ် မင်းမှာလိမ်မာချင်တဲ့ စိတ်ဆန္ဒတွေရှိလား"

" အင်း ဆက်ပြောပါအုန်း လိမ်မာတော့ကျမဘာဖြစ်

မလဲ"

" လိမ်မာတော့မင်းစိတ်ချမ်းသာတာပေါ့ကွ"

" ဟား လိမ်မာတိုင်း စိတ်ချမ်းသာလို့လား"

" ညီမလေးမင်းကိုသူများ ပါးရိုက်တော့မင်းနာလား"

" နာတာပေါ့"

" နာအောင်ဘယ်သူက စ လုပ်ခဲ့တာလဲ နာတော့ရော

မင်းပျော်လား"

" ကျမစ အသဲခွဲခဲ့တာလေ -- ပါးရိုက်ခံရပါတယ်ဆိုမှ

ပျော်တဲ့လူ ရှိမလားရှင့်"

" ဒါဆိုရင် ညီမလေး မင်းကိုယ်ချင်းစာတရားကိုသိ

လား"

" ကိုယ်ချင်းစာတရား!!!!!!!"

" အင်းလေ မင်းရဲ့တနေ့တာ လုပ်ရပ်တွေကိုကိုယ်

ချင်းစာတရားလေးနဲ့လုပ်ပေါ့ ဟော့စကားပြောတာပဲ

ဖြစ်ဖြစ် ဘာပဲလုပ်လုပ် ကိုယ်ချင်းစာတရားလေးနဲ့

လုပ်ပေါ့။ မင်းကို သူများသတ်တာမင်းပစ္စည်းခိုးတာ

သူများရည်းစားလုတာ လိမ်ပြောတာမကြိုက်ရင်

မင်းလဲမလုပ်နဲ့လေ။ မင်းမှာကိုယ်ချင်းစာတရားရှိရင်

ငါးပါးသီလတောင် လုံနိုင်ပါတယ်ကွ"

" အင်း ရှင်ပြောတာလဲ ဟုတ်တာပဲ"

"မဆိုးပါဘူး ကျမဝန်ခံပါတယ် ကျမရှင့်ကို သဘောကျ

သွားပြီ ရှင်ကိုယ့်ကိုကိုယ်အထင်မကြီးနဲ့အုန်း။အော်

စကားမစပ် ကျမမနက်ဖန် ကျောင်းစောစောသွားစရာ

ရှိတယ်။ viberခေါ်ပြီး ကျမကိုနိုးအုန်းနော်။ နာရီနိုးစက်

တွေက ကျမပေါက်ကွဲထားလို့ ရစရာတလုံးမှမရှိဘူး"

"ok"

ဒီလိုနဲ့သူမနဲ့ကျွန်တော် ၁နှစ်နီးပါး စကားတွေပြောပြီး

ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ကျွန်တော်က နေ့စဉ်သူမ

ကို သူမစာကျက်လို့အိပ်ငိုက်တိုင်း ရီစရာတွေပြောပေး

ရတယ်။ သူမတနေ့တာလုပ်ရမယ့် အချိန်ဇယားကို

ကျွန်တော်ကဆွဲပေးရတယ်။

တကယ်တော့ ကျွန်တော့ဘဝအမှန်ကို သူမ မသိခဲ့

ရှာဘူး။ အက်ဆီးဒင့်တခုကြောင့် ခြေထောက်တွေ

မသန်စွမ်းတော့လို့ ဝီးချဲနဲ့သွားနေရတဲ့ ကျွန်တော့ဘ

ဝဟာ သူမနဲ့မထိုက်တန်ပါဘူး။ သူမကို ကျွန်တော်

ချစ်တယ်။ အပြင်မှာလက်တွေ့မရနိုင်တဲ့ ကျွန်တော့်

ရဲ့ပျော်ရွှင်မှုအားလုံး သူမဆီကရခဲ့တယ်။

နောက်၆လကြာရင် သူမမြန်မာပြည်ကိုပြန်လာတော့

မယ်။ ကျွန်တော့ဘဝအဖြစ်မှန်ကို သူမခွင့်လွတ်နိုင်မ

လား။ သူမခွင့်လွတ်နိုင်ရင်တောင်မှ ခွင့်မလွတ်နိုင်သူ

က ကျွန်တော်ရယ်ပါ။ ကျွန်တော်ဘာလုပ်ရမလဲ?????

( ကဲ့ကျန်တဲ့အပိုင်းကို စာဖတ်ချစ်သူတို့ပဲ ဇာတ်

သိမ်းပေးပါနော်။ ခွဲလိုက်ရင် မဟူရာကို ရက်စက်

တယ် ပြောမှာစိုးလို့ ဟီး)

( မျိုးကြီး၏ " မလာပါနဲ့" သီချင်းကို ခံစားပုံဖော်သှ်)

အားလုံးကိုချစ်တဲ့ ......... မဟူရာ(IR)ု

No comments:

Post a Comment