Wednesday, September 17, 2014

" နားလည်မှုလေး မင်းမပေးသ၍ကွယ်"

 

မနှစ်ကကျမမွေးနေ့မှာ စိတ်ရောဂါအထူးကုဆေးရုံမှာ
ဒါနပြုဖို့သွားခဲ့တယ်။ ကြိုတင်အကြောင်းကြားထား
ခြင်းမရှိတာကြောင့် အလှူငွေလက်ခံမယ့် ဆေးရုံ
အုပ်ကြီးကို စောင့်ရင်း တာဝန်ရှိသူတစ်ယောက်က
ဆေးရုံကလူနာတွေကို လိုက်ပြတယ်။

ဟောခန်း သီးသန့်ခန်း စသည့်ပုံစံမျိုးစုံနဲ့ထားကြ
တဲ့ လူနာတွေကြားမှာ တံတိုင်းတွေခြားထားတဲ့ ဝေဒ
နာရှင်နားအရောက် ဆယ်ကျော်သက်အရွယ်မောင်
လေးတစ်ယောက်က " ဟေး ဟေး နမ့်ဖက်ငိုင်ဂရိုင်
ဆောရအိုင် ဆောရအိုင်" (meaning-i love u so
much) ဆိုပြီး ကျမလက်ကို ဖမ်းဆွဲဖို့လုပ်တယ်။
ဒါနဲ့ပဲကျမလည်း " သူကဘာဖြစ်လို့လဲဟင်" ဆို
တော့ " ကောင်မလေးနဲ့ပြတ်သွားလို့" တဲ့။ ကျမက
စဉ်းစားတယ်။ အဲ့လိုပြတ်တိုင်း ဒီလောက်တောင်ဖြစ်
ရတယ်ဆိုပြီး အတော်ကိုစိတ်မကောင်းဖြစ်မိတယ်။
အိမ်မှာနို့ညှာဖြစ်တဲ့ကျမက ဒိုင်းကနဲတစ်ဦးတည်း
သော မောင်လေးကို မျက်စိထဲပြေးမြင်မိတယ်။အော်
ငါ့မောင်သာဒီလိုဖြစ်ခဲ့ရင်ဆိုတဲ့အတွေးနဲ့ပါ။
တကယ်တော့ ကျမတို့လူမှုပတ်ဝန်းကျင်မှာ စီး
ပွားရေး လူမှုရေး ဘာသာရေး နိုင်ငံရေးနဲ့ပက်သက်
ပြီး စိတ်သောကနဲ့ကင်းဖူးသူဆိုတာ မရှိသလောက်ပါ
ပဲနော်။ ကျမကိုယ်တိုင်လဲလောကဓံကို ခါးခါးသီးသီးခံ
စားခဲ့ရသူပါ။ အဲ့လိုခံစားနေရချိန်မှာ မေမေ့ရဲ့မိတ်ဆွေ
အန်တီတစ်ယောက်က အားပေးစကားပြောတယ်။
" သမီး တရုတ်စကားပုံရှိတယ် လူတစ်ယောက်ရဲ့ဘဝ
မှာ ကံကောင်းခြင်းဆိုတာ ၃ကြိမ်လာတယ်တဲ့"။သည်
စကားဟာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကျမအ
တွက် တကယ်ကို စိတ်ခွန်အားဖြစ်စေခဲ့ပါတယ်။ဘဝ
ကို " ငါအသက်ရှင်နေသ၍ ကံကောင်းနေတုန်းပါပဲ"
ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြီး ဘဝကိုဖြတ်သန်း
လာခဲ့ဖူးတယ်။ အဲ့ဒီလိုဖြတ်သန်းလာခဲ့ရတဲ့ဘဝအ
တွေ့အကြုံတွေဟာ ခုချိန်မှာစာရေးဖို့ ကုန်ကြမ်းအ
ဖြစ် အသွင်ပြောင်းခဲ့တယ်။
လောကဓံရဲ့တိုက်ခိုက်မှုတွေကြုံလာတိုင်း ဘဝ
မှာ ဘယ်လိုနေထိုင်ရင် ပျော်စရာကောင်းမလဲဆိုပြီး
စိတ်ပျော်စရာတွေကို ရှာဖွေလာမိတယ်။စိတ်ထွက်
ပေါက်အဖြစ် ဟာသစာတွေဖတ် ဝါသနာပါရာသီချင်း
နားထောင် အလုပ်ထဲကိုအာရုံစိုက် ခရီးတို/ ရှည်
ထွက်ပေးခြင်း ဗုဒ္ဓအဆုံးအမတွေကို လေ့လာလိုက်
စားရင်း ဘဝအမောတွေကို ပြေစေခဲ့ဖူးတယ်။
အဲ့ဒီလိုစိတ်ထွက်ပေါင်း ပေးရင်းကနေ အရေး
ကြီးဆုံးအရာတစ်ခုကို ကျမတွေ့ခဲ့တယ်။ အဲ့ဒါက လူ
တွေအပေါ် " နားလည်နိုင်မှု ခွင့်လွတ်တတ်မှု" ပါပဲ။
ကျေးဇူးရှင် ဆရာတော်ဦးဇောတိကရဲ့ ဆုံးမစကား
အတိုင်း " လူတစ်ယောက်အပေါ်ခွင့်လွတ်တယ်ဆို
တာ ကိုယ့်စိတ်ကို ကိုယ်လွတ်လပ်မှုပေးလိုက်တာပဲ"
တဲ့။ ဟုတ်ပါတယ် ခွင့်လွှတ်တယ်ဆိုတာ သူများအ
တွက် လုပ်တာမဟုတ်ပါဘူး ကိုယ့်အတွက်လုပ်တာပါ
ပဲ။
အဲ့ဒီခွင့်လွှတ်မှုဆိုတာ သူ့ရဲ့အခြေခံသဘော
တရားဖြစ်တဲ့ နားလည်မှုမပါရင် ခွင့်လွှတ်ဖို့ဆိုတာခဲ
ယာဉ်းလှပါတယ်။ ဘယ်လိုနားလည်မှုလဲဆိုတာ အ
ရင်ဆုံး ကိုယ့်စိတ်ကိုယ်အရင်နားလည်အောင်လုပ်ရ
ပါမယ်။ အမျိုးမျိုးသော လောကဓံတွေကြုံလာရချိန်မှာ
လူတစ်ယောက်ရဲ့အသက်ထက်လောကမှာ အရေး
ကြီးတာမရှိပါဘူး။ အဲ့ဒီတော့ မိမိဟာ ဘယ်လောက်ပဲ
စီးပွား လူမှုရေးမှာ ပြည့်စုံနေနေစိတ်မထားတတ်ရင်
စိတ်ချမ်းသာမှုမရနိုင်ပါဘူး။ ဘယ်အရာကိုပဲ လိုချင်
တပ်မက်မှုရှိနေပါစေ အစွန်းရောက်နေရင် ပျော်ရွှင်မှု
မရနိုင်ပါဘူး။ တရားအလုပ်ပင်လုပ်နေစေမူ စိတ်မထ
ထားတတ်ရင် မိမိမှာရှိတဲ့ ခံနိုင်ရည်ထက် ပိုပြီးကြိုး
စားအားထုတ်မှုရှိနေရင် စိတ်ဖောက်ပြန်သွားတာကို
လည်း ကျမတို့ပတ်ဝန်းကျင်မှာ တွေ့နေရပါတယ်။
တစ်ချို့က တရားထိုင်ရင်ရူးတယ်ဘာညာပြောနေကြပါ
တယ်။ ဘာသာရေး အချစ်ရေး စီးပွားရေး လူမှုရေး
ဘယ်ကိစ္စနေနေ အစွန်းရောက်ရင် ရူးကြတာချည်းပါပဲ
အဲ့ဒီတော့ ကျမစောကပြောပြတဲ့မောင်လေး
ဟာ အစွဲအလမ်းကြီးလို့ဖြစ်ရတာပါနော်။ အဲ့ဒီတော့
ကျမတို့ဘာလုပ်ရမလဲ။ မမြင်ရတဲ့အတိတ်ဝဋ်ကြွေး
ဆိုတာ ကျမတို့မှာ ပါလာကြပါတယ်။ သံသရာမှာ
ပါလာတဲ့ဝဋ်ကြွေးတွေတောင် မကျေသေးတာ ဒီဘဝ
မှာကို ထပ်ပြီးအကြွေးတင်ရင် အင်မတန်ကြောက်စ
ရာကောင်းနေပါပြီနော်။
ပြင်မရတဲ့အတိတ်ဝဋ်ကြွေးကို ထည့်စဉ်းစားမ
နေဘဲ အခုလက်ရှိပစ္စုပ္ပန်ဘဝမှာ ကျမတို့ရဲ့ကာယကံ
ဝဇီကံ မနောကံကိုထိန်းပြီး ကိုယ်တိုင်တောင်အပြစ်
မကင်းနိုင်တာ အပြစ်ရှိတဲ့သူတွေကိုလည်း နားလည်
ပြီးခွင့်လွှတ်ပေးကြပါမှ ပျော်ရွှင်တဲ့လူ့ဘဝကို ခံစား
ကြရမှာပါ။
နားလည်မှုဆိုတဲ့ဝေါဟာရဟာ အင်မတန်ကို
ကျယ်ပြန့်ပါတယ်။ ဘယ်သူ့ကို ဘယ်လိုနားလည်မှု
ပေးရမလဲပေါ့။ လာရာလမ်းတွေ နေထိုင်တဲ့ပတ်ဝန်း
ကျင်တွေ မတူညီတဲ့အခါ လူအယောက်စေ့ကို နား
လည်နိုင်ဖို့ဆိုမလွယ်ပါဘူး။ ကိုယ်ကိုယ်တိုင်တောင်ဘ
ဝမှာ " ဟာကွာ ငါအဲ့ဒီအချိန်တုန်းက ဒါမျိုးလုပ်ခဲ့မိရင်
ကောင်းသား" ဆိုပြီး မစဉ်းစားခဲ့ဖူးသူ တစ်ယောက်မှ
မရှိပါဘူး။
ကျမအနေနဲ့ပြောရမယ်ဆိုရင် လူတစ်ယောက်
နဲ့တစ်ယောက် ၃၀% ညှိနှိုင်းလို့ရမယ်ဆိုရင်ကို တော်
တော် အဆင်ပြေနေပါပြီ။ ကျမ မောင်အရွယ်သူငယ်
ချင်းတစ်ယောက်တွေ့ဖူးပါတယ်။ အတွေးအခေါ်
ဥာဏ်ရည်ပိုင်းမှာ အင်မတန်ကိုတော်ပြီး လက်ရှိမှာ
ဆေးစွဲနေပါတယ်။ သူအထက်တန်းကျောင်းသားဘဝ
မှာ စာအလွန်ကြိုးစားနေချိန်မှာ မိဘတွေက နေ့စဉ်ရန်
ဖြစ်နေကြပါတယ်။ ဆင်းရဲတဲ့ဘဝကမွေးလာသူမို့
ဆင်းရဲပြီး ဘဝကိုအဆုံးသတ်လိုက်ရမှာ စိုးလို့ကြိုးစား
နေချိန်မှာ " ဆရာဝန်ဖြစ်လဲ ဆေးခန်းမဖွင့်ပေးနိုင်ဘူး"
ကိုယ်စားဖို့တောင် အနိုင်နိုင်ဆိုတဲ့ ဖခင်ရဲ့စကားတစ်
ခွန်းက သူ့ကိုဆေးသမားဘဝရောက်အောင် တွန်းပို့
ပေးလိုက်တာပါတဲ့။ ကျမနဲ့ခင်ပြီးနောက်ပိုင်းမှာ သူ့
ကောင်မလေးတွန်းအားပေးမှုနဲ့ ကျမရဲ့စေတနာစ
ကားတစ်ချို့ကြောင့် အခုဆိုရင် ဘဏ်တစ်ခုမှာဝန်
ထမ်းဖြစ်နေပါပြီ။
တစ်ခါတစ်လေမှာ ကျမတို့တွေဟာ လူတွေကို
နားလည်မှုမပေးကြတဲ့အခါ လူတွေဟာပိုဆိုးလာကြ
ပါတယ်။ လက်ဆေးဖို့အကျင့်ဘယ်တော့မှမရှိတဲ့ ခ
လေးငယ်တစ်ယောက်ကို လူအများရှေ့မှာ " သမီးက
လေ အရင်ကလုံးဝလက်ဆေးတဲ့အကျင့်မရှိဘူး အခု
ဆိုရင် ဆေးတတ်လာပြီ" ဆိုပြီး ဆိုက်ကိုလေးထည့်
ပေးကြည့်ပါနော်။ ခလေးဟာ လက်ဆေးတတ်လာပါ
တယ်။ အိမ်ထောင်သည် ယောက်ျားသားတွေကို
ချော့သာခိုင်းကြည့်ပါနော် အကုန်လုပ်ပေးပါတယ်။
" မမရယ် လှလိုက်တာ နောက်လည်းဒီအတိုင်းလေး
သာဝတ်ပါနော် လှလွန်းလို့" လို့သာ ပြောကြည့်ပါ
နော် အများစုကလိုက်လုပ်ကြပါတယ်။ အမြှောက်
မကြိုက်ဘူးလို့သာပြောကြတာ " အမလေးငါ့အကို
ကအမြှောက်လုံးဝမကြိုက်ဘူး သူတော်တာငါသိနေ
တယ်လေ နင့်မို့လို့ငါပြောပြတာ" ဟုသာပြောကြည့်
ပါလား ပြုံးစေ့စေ့နဲ့သာ နားထောင်နေမှာပါနော်။
အချုပ်ပြောရ ရင် ကျမတို့ဟာ ရာနှုန်းပြည့်
မပြည့်စုံနိုင်တဲ့လူတွေကို နားလည်ပေးကြရပါမယ်။ကျ
မလည်း ပြည့်စုံတဲ့အထဲမပါပါဘူး။ ကျမရဲ့ကောင်း
ကွက် ၁၀၀မှာ ၆၀% ကောင်းရင်ကို ကျမကိုနားလည်
ခွင့်လွှတ်ပေးကြပါ။ ကျမလည်း နားလည်ခွင့်လွှတ်ပေး
ပါမယ်။ ဒီလိုနဲ့ပဲ ကျမတို့ရဲ့ဘဝဖြတ်သန်းမှုမှာ အစွန်း
ရောက်တဲ့ လိုချင်တပ်မက်မှုတွေမရှိဘဲ လူတွေကို
နားလည်ပေးခြင်းအားဖြင့် သာယာလှပတဲ့ဘဝတွေ
ကို တည်ဆောက်ကြရအောင်လားရှင်*********
( ဘုရားဟောထဲမှာ ဆွေးမျိုးနီးစပ်မတော်ဖူးသူ တစ်
ယောက်မှမရှိလို့ ဟောထားတာကြောင့်*****)့
မဟူရာ ( IR )

No comments:

Post a Comment