Monday, September 15, 2014

" အချိုဆုံးသောတမာ"


"မောင်ဘယ်လိုပြောလိုက်တယ် ကိုယ့်ခင်ပွန်းတစ်

ယောက်လုံးက ကျမမဟုတ်တဲ့တစ်ခြားတစ်ယောက်

ကို လက်ထပ်ဖို့ ကျမကအသာတစ်ကြည်ခွင့်ပြုရမယ်

ဟုတ်လား"

" ခင်ရယ် ကိုယ်ဝန်ခံပြီးပြီလေ ကိုယ်မှားခဲ့တယ်ဟုတ်

တယ် ဒါပေမယ့်ကိုယ့်အမှားက ပြန်ပြင်လို့မရတဲ့အမှား

လေ။ အခုနွေးမှာကိုယ်ဝန်ရှိနေပြီ ကိုယ်ဘာဆက်လုပ်

ရမလဲ ကိုယ်နဲ့ခင်လက်ထပ်ခဲ့တာခုဆို ၁၀နှစ်ရှိပြီ။ဒါ

ပေမယ့် ပြစရာကိုယ်တို့ရဲ့ရင်သွေးလေး ဘယ်မှာလဲခင်

ရယ်။ ကိုယ့်ကိုနားလည်ပေးပါ။ ကိုယ်ပျော်ပါရစေခင်

ရယ် ။ ကိုယ့်ကိုပျော်ခွင့်ပေးပါနော်။"



"ဟုတ်ပါတယ်မမရယ် ကိုကို့ကိုယ်စားနွေးအရမ်း

တောင်းပန်ပါတယ်နော်။ လူနာတွေရဲ့အသက်ကိုကယ်

တင်နေတဲ့ ဆရာဝန်တစ်ယောက်ရဲ့နှလုံးသားမှာ ဒီရင်

သွေးလေးကို ဖျက်ပစ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်လို့

ပါ မမရယ်။ နွေးကတိပေးပါတယ်။ မမ ကိုကို့အပေါ်

ဇနီးတစ်ယောက်တာဝန်ကျေပွန်ခဲ့သလို နွေးဘက်က

လည်း မမထက်မလျှော့တဲ့ မယားဝတ္တရားတာဝန်ကျေ

ပွန်ပါ့မယ်လို့ နွေးအသက်နဲ့ထပ်တူ ကတိပေးပါတယ်

နော်။"

ခင့်နှုတ်ဖျားက စကားတွေဆွံ့အသွားခဲ့လေပြီ။နှလုံးခုန်

သံတွေတောင် ရပ်တန့်သွားတဲ့အလား။ မောင် ကျမ

အရမ်းချစ်ခဲ့ရတဲ့မောင်။ အိမ်ထောင်သက်၁၀နှစ်ဆိုတဲ့

သက်တမ်းအတွင်း ကျမဘက်က ဝတ္တရားပျက်ကွက်

ခဲ့တယ်ဆိုတာ ဘာမှမရှိ။ ကျမ မောင့်ကိုလှမ်းကြည့်

မိတော့။အို မောင်ရယ် မျက်ဝန်းထဲမှာတောင်းပန်ခယ

နေတဲ့ မောင့်အကြည့်တွေ။မဟုတ်ဘူး ဒါမောင်မဟုတ်

ဘူး။ ကျမချစ်တဲ့မောင်က ဒီလိုမောင်မဟုတ်ဘူး။

ကျမတို့အိမ်ထောင်ကျပြီးတော့ ၅နှစ်မှာဖေဖေ

ဆုံးတယ်။ ဖေဖေရဲ့လက်ထောက်ဆရာဝန်ဖြစ်က

တည်းကဖွင့်ခဲ့တဲ့ဆေးခန်းလေး။ ဖေဖေကွယ်လွန်ချိန်

အထူးကုဆရာဝန်ကြီးအဖြစ်နဲ့ ကိုယ်ပိုင်ဆေးခန်းက

နေ ပုဂ္ဂလိကဆေးရုံအဖြစ်ပြောင်းလည်းလာပြီး "ဘယ်

လိုနည်းနဲ့ပဲဖြစ်ဖြစ် ဖေဖေ့ဆေးရုံကို မပိတ်လိုက်ပါနဲ့

နော်လို့ အထပ်ထပ်မှာခဲ့တဲ့ စကား"

နွေးက လက်ထောက်ဆရာဝန်တစ်ဖြစ်လည်းကျမ

တို့ဆေးရုံမှာ အလုပ်ဝင်နေသူ။ ကျမတို့ရဲ့မိသားစုဆို

လည်း မမှာဘူး။

တစ်နေ့ကျမရဲ့အလုပ်ကိစ္စတစ်ခုနဲ့ နယ်ခရီးထွက်ရ

ချိန်မှာ မောင်တစ်ယောက်အရက်တွေမူးပြီး အိမ်ကို

ဟင်းလာပို့တဲ့ နွေးနဲ့မှားခဲ့ကြတယ်။ ဒါပေမယ့် ဒါတွေ

ကို နွေး ကျမကိုမပြောခဲ့ဘူး။ သူမပဲပေါ့လျော့တာလား

ခလေးကပဲ ကံပါလာသလားဆိုတာတော့ ကျမလဲစဉ်း

စားမရတော့ဘူး။

ဒီလိုနဲ့နွေးနဲ့မောင်တို့လက်ထပ်ပြီး ခလေးတောင်၁၀

နှစ်ထဲရောက်ပေါ့။ ကျမသိရသလောက်တော့ မောင်

က သူဝါသနာပါရာ ကွန်ပြူတာသင်တန်းတစ်ခုဖွင့်ပြီး

သင်တန်းနည်းပြဆရာလုပ်ပြီး နွေးကတော့ သူမရဲ့

ကိုယ်ပိုင်ဆေးခန်းလေးနဲ့ပေါ့။

" ဆရာသင်တန်းသူတစ်ယောက်ရဲ့လူကြီး တွေ့ချင်လို့

တဲ့ ဝင်ခိုင်းလိုက်မယ်နော်"

" ဟေ့ရောင် ကျော်ကြီး ငါ့ကိုမှတ်မိလားကွ"

" ဟား စစ်နိုင် ငါ့ကောင်ဘာလို့မမှတ်မိရမှာလဲကွ"

" အေးကွာ ငါဆေးရုံရောက်ခဲ့တယ်ကွာ ခင်ကမင်းဒီ

မှာ ရှိတယ်ဆိုလို့ကွ ငါဝမ်းနည်းဝမ်းသာပါတယ်ကွာ"

" အေးကွာသူငယ်ချင်း ဒီလိုပဲပေါ့ကွာ"

" စကားကောင်းနေတာနဲ့ လာရင်းကိစ္စတောင်မေ့နေ

ပြီ။ ဒါ ငါ့တူမလေးလေ သူ့မိဘများက နိုင်ငံခြားမှာနေ

ကြပြီး သူ့အဘွား ငါ့အမေက သူ့မြေးနှလုံးရောဂါသည်

လေးကို မခွဲနိုင်လို့ဆိုပြီး ခေါ်ထားတာကွ အခုတော့

ငါက မင်းလက်ထဲပဲထည့်ရတော့မှာပေါ့ကွာ"

" ရပါတယ် သူငယ်ချင်းရာ မင်းတူမလည်း ငါ့တူမပဲ

ပေါ့ ဒါနဲ့သမီးပညာရေးက"

" အီးမေဂျာ ပထမနှစ်ပါဦး ဟီးဟီး queenဆိုပါတော့

ဦးရယ် သမီးမှာကြွားစရာဆိုလို့ ဒါပဲရှိလို့ တွေ့တဲ့သူ

တိုင်းကို ကြွားလိုက်တာပဲ"

" ဟား ဟား မင်းတူမလေးက အသွက်ပါလားကွ"

" သွက်တာလား ဘာလားတော့မသိပါဘူး သူငယ်

ချင်းရာ လုပ်ချင်ရာဆိုဇွတ် တစ်အိမ်လုံးကအော့

ကျောလန် ငါနဲ့တော့ တစ်စက်မှမတည့်ဘူး"

" ဦးငယ်နော် သမီးကို သူများရှေ့သိက္ခာချနေတယ်

အိမ်ရောက်မှ ဘွားဘွားနဲ့ကို တိုင်အုန်းမယ်"

"ဟား ဟား ဟား"

ဒီလိုနဲ့ ကိုကိုနဲ့ခလေးမလေးက တော်တော်ကိုအကျွမ်း

တဝင်ရှိလာကြတယ်။ ကိုကိုအခုဆို အိမ်ပြန်နောက်

ကျလာပြီ။ အတန်းချိန်ပြီးရင် ခလေးမလေးကအတင်း

ပူဆာလို့ဆိုပြီး အိမ်ပြန်ပို့ပေးရတယ်တဲ့။ အိမ်ရောက်

ပြန်တော့လည်း သူ့သူငယ်ချင်းကခေါ်လို့ဆိုပြီး စည်

ဘီယာဆိုင်ဝင်ပြီး ပြန်လာတတ်နေပြီ။

တခါတလေ နေ့ခင်းပိုင်းတွေမှာလည်း ခလေးမလေးနဲ့

အတူ နေ့လည်စာထွက်စားတတ်နေပြီ။

" ကိုကို"

"ပြောလေ နွေး"

" ဟိုလေ ခလေးမလေးက သူ့အိမ်ကလာမကြိုဘူး

လားဟင်"

" ကြိုပါတယ်နွေးရဲ့ သူကိုယ်တိုင်ကိုက ကိုကို့ကား

နဲ့ကို ပြန်ချင်လို့တဲ့ သူ့အဘွားကလည်းကိုယ့်ကိုဖုန်း

ဆက်ပြီး တောင်းပန်ထားလို့လေ ဘာလို့လဲနွေးရဲ့"

" ဘာမှတော့မဟုတ်ပါဘူးလေ"

" ဘာလဲကိုကို့ကို သဝန်တိုနေတာလားနွေးက မတိုပါ

နဲ့နွေးရယ် ခလေးမလေးက ရောဂါသည်လေးမို့ပါ။

နွေးလည်းဆရာဝန်တစ်ယောက်ပဲနွေးရယ် ကိုဆိုလို

တာကို နွေးနားလည်မှာပါ"

အခုဆိုရင် နေ့တိုင်းနီးပါးကို ကိုကိုအိမ်ပြန်နောက်ကျ

တတ်လေပြီ။ ကျမစိတ်ထဲသိပ်မသင်္ကာလို့ လူလွတ်

ပြီး လိုက်ချောင်းခိုင်းတော့လည်း မရိုးသားတဲ့အရိပ်

အယောင်ဘာမှမတွေ့။

အခုဆိုရင် ကျမအိပ်မပျော်ခဲ့တာကြာပြီ။ ကျမတို့ရဲ့

နှစ်ပတ်လည်နေ့ကလည်း ကျမအိမ်မှာ ကိုကိုကြိုက်

တတ်တဲ့ဟင်းတွေချက်ထားရက်နဲ့ ပြန်လာမစားဘူး။

အဆိုးဆုံးက ကျမမွေးနေ့။ ကျမမွေးနေ့တောင်

ကိုကိုမေ့တတ်နေပြီ။

တစ်ရက် သားလေးကိုယ်တွေကျစ်ကျစ်တောက်

ပူနေပြီ။ ညကအချိန် ၁၀နာရီခွဲနေပြီ။ ကိုကိုပြန်

မရောက်သေးဘူး။ ကျမဖုန်းဆက်လိုက်တော့ ဆက်

သွယ်မှု ဧရိယာပြင်ပ။ ကျမသားလေးကို ကားနောက်

ခန်းထဲ အိပ်စေပြီး ခလေးမလေးအိမ်လိုက်သွားတော့။

ကိုကိုနဲ့ခလေးမလေးတို့ တူဝရီးနဲ့သုံးယောက်ပေါင်း

KTV သွားဆိုကြသတဲ့။ ကျမရဲ့သီးခံနိုင်မှု အတိုင်းအ

တာက ကုန်ဆုံးသွားလေပြီ။

သူတို့သွားတယ်ဆိုတဲ့ KTV ဆိုင်ကို ကျမလိုက်အ

သွား ကိုကိုက လူမှန်းသူမှန်းမသိအောင်မူးနေလေပြီ။

ဟုတ်တယ် ဒီမြင်ကွင်းပဲ။ သိပ်သေချာတယ်။ ကိုကိုနဲ့

ကျမမှားတဲ့နေ့။ ကျမဘာဆက်လုပ်ရမလဲ။ကျမရောက်

နေတာကို ခလေးမလေးတို့တူဝရီးတွေသိဟန်မတူ။

ကျမလှည့်ထွက်လာခဲ့တယ်။ ကျမရင်တွေပူ

လိုက်တာ။ ကျမကားမောင်းနေစဉ်အတွင်း စိတ်က

ကားတွင်မရှိ။ အရက်မူးနေသည့် ကိုကို့မျက်လုံးများ။

" အာာာာာာာာားးးးးးးး "

ကျမနားထဲမှာ စကားသံလိုလို ရီသံလိုလိုကြားနေ

တယ်။

" အင်း အင်း "

" ဟော့ လူနာသတိယလာပြီ"

" ကျမ ကျမဘယ်ရောက်နေတာလဲဟင်"

" နွေး ဆေးရုံပေါ်ရောက်နေတာလေ"

" ကျမ ကျမ သားလေးရော"

" နွေးရယ် စိတ်အေးအေးထားပါ နွေးရယ်"

" ကျမဘာဖြစ်လို့ ကျမဘာဖြစ်လို့ ဆေးရုံရောက်"

" နွေး ကားအက်ဆီးဒင့်ဖြစ်လို့လေ"

" ဒါ ဒါဆို သားလေးရော သားလေးဘာဖြစ်သွား

သေးလည်းဟင်"

" နွေး နွေးရယ် ကိုယ့်ကျမ္မာရေးပဲ ဂရုစိုက်ပါနော်

သားရှိပါတယ်နွေးရဲ့"

" မနေ့ညကလေ ခလေးမလေးက သူ့မိဘဆီအပြီး

သွားတော့မှာမို့ ကိုယ်တို့နှုတ်ဆက်ပွဲလုပ်ကြတာ"

ဘုရား ဘုရား။ တော်သေးတာပေါ့။ အခုတော့ ကျမ

ဝဋ်တွေလည်နေပါပြီ။ အတိတ်ကမှားခဲ့တဲ့ လုပ်ရက်

တစ်ခုက ကျမကို အခုခြောက်လှန့်နေပြီ။ ကံကောင်း

လို့ သားလေးဘာမှမဖြစ်တာ။

ကိုကိုပြောတာမှန်ပါတယ်ကိုကို။ ကျမကဆရာ

ဝန်တစ်ယောက်ပါ။ ဆရာဝန်တစ်ယောက်မှာ ထားရှိ

ရမယ့် ဂုဏ်သိက္ခာနဲ့အညီနေထိုင်ခဲ့ပေမယ့် တစ်ခါ

တစ်ခါမှာ အမှန်တရားဟာ ခါးသီးလွန်းတယ်ကိုကို

ရယ်။ ကိုကို့နှုတ်ကထွက်တဲ့စကားဟာ မှန်နေပေမယ့်

လည်း ကျမအတွက် " အချိုဆုံးသော တမာ" ဖြစ်ခဲ့

ရပြီ ကိုကိုရယ်။

အများကြီးကြိုးစားပါအုန်းမည်။

( ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်။)

No comments:

Post a Comment