နေ့စဉ်ကျမတို့ဖြတ်သန်းနေတဲ့ လူ့ပတ်ဝန်းကျင်
မှာ လူအမျိုးမျိုး စရိုက်မျိုးစုံကို ကြုံတွေ့နေရပါတယ်။
တစ်ချို့သောသူတွေက ဘာရယ်မဟုတ် ဆဲပြီးပြော
လိုက်ရမှ ကျေနပ်သူတွေ ရှိသလို တစ်ချို့ကထစ်ကနဲ
ဆို ဒေါသအရင်ထွက် ရန်ဖြစ် ပြီးမှမှားကြောင်းဝန်ချ
တောင်းပန်တာတွေ အစရှိသဖြင့် တွေ့နေရပါတယ်။
တစ်ချို့ကတွေ့ကရာနေရာ တံတွေးထွေးတတ်တဲ့
အကျင့် တစ်ချို့ကမာနကြီးတာကို ဂုဏ်ယူနေတတ်
သည့်အကျင့် တစ်ချို့ကကြံကြံဖန်ဖန် စကားရည်လု
ပြောတတ်သည့်အကျင့် တစ်ချို့ကရည်းစားထည်လဲ
တွဲရမှ ကျေနပ်သည့်အကျင့် သူတစ်ပါးအကြောင်း
စပ်စု အတင်းပြောတတ်သည့်အကျင့် စသည်ဖြင့်မျိုး
စုံ ကြိုးခုန်နေကြသော လူတို့၏အကျင့်များသည်
နောင်တစ်ချိန်တွင် စရိုက်အဖြစ်သို့ အသွင်ပြောင်းသွား
တတ်လေသည်။
ထိုစရိုက်များမှသည် လူသားများ၏အနာဂတ်ကံ
ကြမ္မာကို ဖန်တီး၍ ကောင်းဆိုးနှစ်တန်လောကဓံတ
ရားကို ခံစားကြရလေသည်။
လူမှန်လျှင်အကောင်းကြိုက်တတ်သည်မှာ ငြင်း
ဆိုဖွယ်ရာမရှိပါ။ သို့သော် မိမိကိုယ်တိုင်ကအကောင်း
ကို ရွေးချယ်သလားဟု မေးလာလျှင်မရွေးချယ်ပါ။ဘာ
လို့မရွေးချယ်လည်းဟုမေးပါက မိမိစိတ်ကိုအလို
လိုက်တတ်သောကြောင့် ဖြစ်ပါသည်။
" ငါကဒေါသသိပ်ကြီးတာနော် ငါ့များဘာမှတ်နေ
လဲ" " အမယ် ငါ့လိုလူလို သူကများရာရာစစ သူက
ဘာအဆင့်ရှိလို့ ငါ့ကိုလာယှဉ်နေရတာလဲ" "အရက်
သောက်ပြီးရစ်တတ်တာငါ့အကျင့်လေ ရှောင်နေရမှာ
ပေါ့" ဆိုပြီး လောဘ မာန အတ္တတွေကို ဂုဏ်ပုဒ်တစ်
ခုလို ဂုဏ်ယူပြီးပြောတတ်ကြလေသည်။
တကယ်တော့ လူတစ်ယောက်၏ကံကြမ္မာဆို
သည်မှာ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံနှစ်ခုပေါင်းစပ်ထား
ခြင်း ဖြစ်လေသည်။ ရုပ်ရည်လှပမှု အမွေရ၍ချမ်းသာ
မှု အစရှိသည်တို့သည် အတိတ်ကံ၏ အကျိုးပေးမှုများ
ဖြစ်ပေသည်။ သို့သော် ကျမတို့၏ လက်ရှိပစ္စပ္ပန်ဘဝ
တွင် ကျမတို့၏ပျော်ရွှင်မှု ကျမ္မာမှု စိတ်ချမ်းသာမှု
တို့သည် ကျမတို့၏ အကျင့်စရိုက်နှင့်သာဆိုင်ပေသည်
ကျမ္မာခြင်းကို လူတိုင်းနှစ်သက်ကြသော်လည်း
ကျမတို့၏ တစ်နေ့တာတွင် ကျမ္မာရေးအတွက် မည်မျှ
အားစိုက်ထုတ်၍ ကြိုးပမ်းနေကြသလဲမေးလျှင် အ
တော်ကို အဖြေရခက်သွားလိမ့်မည်။
"ကျမ္မာဖို့အားကစားလုပ်နေတယ်လေ"ဟုဖြေက
ဒါဆို " ကျမ္မာရေးနှင့်ညီညွတ်သည့် အစားအစာတွေ
ရော စားပါသလား" ဟုမေးလျှင်" စားတာပေါ့ကွ စား
အုန်းဆီမစားဘူး အသီးအရွက်များများစားတယ်
ကိုလက်စထရောများတဲ့အစာတွေမစားဘူး အစားကို
ကယ်လိုရီနှင့်ချိန်ပြီးစားတယ်" " ဒါဆို အရက်ရော
သောက်လား ဆေးလိပ် ကွမ်း " အစရှိသဖြင့်မေးလာ
လျှင် အကုန်ရှောင်တယ်ကွ " ဒါပေမယ့် အစာပုံမှန်
စားပေမယ့် အစာအိမ်ကခဏခဏဖြစ်တယ်ဗျ"
ဟုတ်ပါတယ်။ ကျမတို့ပတ်ဝန်းကျင်မှာ ဒါတွေအဖြစ်
များနေပါတယ်။ရုတ်တရက်ဆိုရင် အစာပုံမှန်စားရင်
အစာအိမ်ရောဂါမဖြစ်ပါဘူးလို့ထင်ခဲ့ကြတယ်လေ။
စိတ်ဖိစီးမှု စိတ်သောကရောက်စရာများရင်လဲ အစာ
အိမ်ရောဂါဆိုတာ ဖြစ်ပါတယ်နော်။
ဒါသည် ကျမ္မာမှုကို လိုချင်သော်လည်းပဲ ကျမတို့
အားစိုက်မထုတ်နိုင်ခဲ့သည့်ကိစ္စ။ " ဟား စီးပွားရှာနေ
တာကွ အလုပ်လုပ်နေတာကွ ဒီလိုကောင်တွေကို
အုပ်ချုပ်နေရသမျှတော့ ဒေါသကထွက်နေရအုန်းမှာ
ပဲ စိတ်ဖိစီးမှုကရှိနေအုန်းမှာပဲ" ဟုလည်း ဇောတက
တတ်တက်ကြသည့် ပုထုဇဉ်တွေမဟုတိပါလား။
" စိတ်သာရှင်ဇော ဘုရားဟော" ဟုဆိုသည့်အ
တိုင်း ကျမတို့၏စိတ်သည် ကျမတို့၏ကျမ္မာရေးကို
များစွာအထောက်အကူပြုနေသည်။ ကျမတို့ရဲ့စိတ်
ပျော်ရွှင်မှုအတွက် ကျမတို့၏ရွေးချယ်မှုမှာ လွန်စွာ
အရေးကြီးလှပါသည်။
ကျမတို့စိတ်ပျော်ရွှင်မှုအတွက် ဘာလုပ်ရမလဲဟု
ဆိုလျှင် ရွေးချယ်ခွင့်ရှိသည့် ကျမတို့ပေါင်းနေသည့်
အပေါင်းအသင်း ကျမတို့၏အသက်မွေးဝမ်းကြောင်း
ကျမတို့၏ အကျင့်စရိုက်တွေကို ပြုပြင်ယူရပေမည်။
မိမိအားအထင်သေးလွန်းခြင်း နိမ့်ချစွာပြောဆို
ဆက်ဆံတတ်ခြင်း မနာလိုစိတ်ဖြင့်အမြဲစောင်းချိတ်
၍ ပြောဆိုတတ်ကြသည့် အပေါင်းအသင်းနှင့်ခပ်ခွာ
ခွာနေထိုင်ရပေမည်။ လူတစ်ယောက်၏စိတ်ဓာတ်ရင့်
ကျက်မှုမှာ အရွယ်အားဖြင့်ကွာခြားတတ်ကြ၍အသက်
အရွယ်ကြီးရင့်သူမှာ နားလည်နိုင်စွမ်းရှိသော်လည်း
ငယ်ရွယ်သူများအဖို့ ယုတ်စွအဆုံး မိမိကိုယ်ကိုအဆုံး
စီရင်မှုများပင်ရှိလာနိုင်ပေသည်။
မိမိဝါသနာပါရာ အသက်မွေးဝမ်းကျောင်းကို
ရွေးချယ်ခြင်းသည်လည်း လူတစ်ယောက်၏စိတ်ချမ်း
သာမှုအတွက် များစွာအထောက်အကူပြုနေသည်။
ငွေရလမ်းကိုသာမြင်ပြီး သမ္မာအာဇီဝမကျသည့်လမ်း
ကို ရွေးချယ်မိပါက မိမိအသက်ကြီးလာချိန်တွင်နောင်
တရတတ်၍ ရှင်လျှက်နှင့်သေနေသူများ ကျမတို့ပတ်
ဝန်းကျင်တွင် တွေ့ကြုံရနေပေသည်။ ပစ္စုပ္ပန်တွင်လည်း
ရတက်မအေးရသလို နောင်သံသရာအတွက်လည်း
မကောင်းလှပါ။ သို့ပါ၍ မိမိလည်းဝါသနာပါရာ ဘေးဥ
ပါဒ်လည်းကင်းသည့် အသက်မွေးဝမ်းကြောင်းပြုခြင်း
သည် စိတ်ပျော်ရွှင်ကျမ္မာမှုအတွက် များစွာအထောက်
အပံ့ပြုပေသည်။
နောက်ဆုံးတစ်ခုမှာ အလွန်အရေးကြီးလှသည့်
ကျမတို့၏ အကျင့်စရိုက်များဖြစ်ပေသည်။ နေ့တစ်ဒူဝ
မိမိလှုပ်ရှား ပြောဆို နေထိုင်နေစဉ်အတွင်း သတိအမြဲ
ကပ်၍ မကောင်းသည့်အကျင့်စရိုက်များကို မိမိဥာဏ်
နှင့် ချက်ချင်းပယ်သတ်နိုင်ရပေမည်။ "ငါကဒေါသသိပ်
ကြီးတာနော်" ဟူ၍ ပြောမည့်အစား "သြော်ငါဒေါသ
ဖြစ်နေတာပါလား ဒေါသဆိုတာ ယာယီရူးသွပ်မှု
တစ်ခုပါလား ငါ့ရဲ့ကျမ္မာရေးအတွက် ဒေါသဟာ
မကောင်းပါလား" ဟု သတိလေးကပ်ပြီး ဆင်ခြင်ခြင်း
အားဖြင့်ဒေါသဟာ ပျောက်ကွယ်သွားပါတယ်။
အချုပ်ပြောရ ရင် ကျမတို့ရဲ့နေ့စဉ်ဘဝတွေလှပ
နေဖို့ မှန်ကန်သောရွေးချယ်မှုတွေ ပြုလုပ်နိုင်ပြီး မ
ကောင်းသော အကျင့်စရိုက်တွေ ပြုပြင်ကြပါစို့လို့--
" ကောင်းမှုမြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကြိုးကိုယ်၌ တည်စေမင်း"
အားလုံးကို ချစ်ခင်လေးစားတဲ့*****
မဟူရာ (IR)ှ

No comments:
Post a Comment