Monday, September 15, 2014

" ဒီအချိန်မှာ ပြန်တွေ့တာ ဘာလုပ်ရမှာလဲ"


 " ကိုမောင်နိုင်ရယ် ရှင်ဟာလေ သိပ်စိတ်ကူးယဉ်တာ

ပဲ လောကမှာငွေ ငွေဟာလောကမှာ အရေးကြီးဆုံးပဲ

ရှင့် ရှင်ဖွဲ့နွဲ့တတ်တဲ့ ကဗျာတွေလို ဘဝကစိတ်ကူးယဉ်

နေလို့မရဘူးရှင့် အခုအိမ်ကပေးစားမယ့် ဒေးဗစ်က

တော့ အစစအရာရာပြည့်စုံတယ် ဟောကျမကိုဆိုလဲ

ချစ်လိုက်တာကို တုန်လို့"



ဒီလိုနည်းနဲ့ နှင်းနဲ့ကျွန်တော်ကွဲသွားလိုက်ကြတာ အခု

ဆိုရင် နှစ်ဆယ့်ငါးနှစ်နီးပါးတောင်ရှိလောက်ရောပေါ့။

ဒေးဗစ်လှကျော်နဲ့ အိမ်ထောင်ရက်သား ကျသွားပြီ

ဆိုတဲ့သတင်းက နှင်းနဲ့ပက်သက်လို့ ကျွန်တော်သိရ

တဲ့ နောက်ဆုံးသတင်း။

ရုံးခန်းရဲ့ပြတင်းဝကနေ ကော်ဖီသောက်ရင်း အတွေး

တွေနဲ့ အကြည့်တွေက ဟိုးတစ်နေရာဆီမှာ။

" ဆရာဧည့်သည်တစ်ယောက်က ဆရာနဲ့တွေ့ချင်လို့

ပါတဲ့ဆရာ"

" အေး သမီးဝင်ခွင့်ပြုလိုက်လေ"

"ဒီလိုပါ ဆရာရှင့် ဒီကုမ္ပဏီမှာ အလုပ်လိုတယ်ဆိုလို့

ပါ အဲ့ဒါကျမသမီးလေးအတွက် အလုပ်တနေရာစာ

လောက်ကို ပေးပါလို့ ဆရာ့ကို လာပြီးတောင်းခံတာပါ

ဒါကတော့ သမီးနဲ့ပက်သက်တဲ့ ကိုယ်ရေးရာဇဝင်အ

ချက်အလက်တွေပါရှင်"

" ထားခဲ့လိုက်ပါနော် အမကြီး ကျွန်တော်တို့ဖုန်းဆက်

ပြီး အကြောင်းပြန်လိုက်ပါမယ်"

" ဖြစ်နိုင်မယ်ဆိုရင်တော့ အတတ်နိုင်ဆုံး လက်ခံပေး

စေချင်ပါတယ်ရှင် အမေတခု သမီးတခုနဲ့ဘဝမှာ ဒုက္ခ

ရောက်လွန်းလို့ပါ ဆရာကြီးရယ်"

ဘာရယ်မဟုတ် သူမထားခဲ့တဲ့ ကိုယ်ရေးရာဇဝင်စာ

ရွက်ကို အမှတ်မထင်ယူအကြည့်----

အဖအမည်--ဦး ဒေးဗစ်လှကျော်

အမိအမည်-- ဒေါ်နှင်းသက်သက်ဝေ

ဒါဆိုရင် စောကလာသွားတဲ့သူက နှင်း နှင်းပေါ့။

ဒါပေမယ့် နှင်းပုံစံက ကျွန်တော်နဲ့ချစ်သူဖြစ်တုန်းက

အခြေအနေနဲ့တခြားစီ။နှင်းရဲ့အလှတွေဘယ်ရောက်

ကုန်ပြီလဲ။ စီးပွားရေးတက္ကသိုလ်မှာ နှင်းကိုမသိတဲ့သူ

မရှိ။ queen ဆိုသည့်အတိုင်း သူမအလှက ပုရိသတွေ

နှုတ်ဖျားမှာ ရေပန်းအစားဆုံး အမည်နာမ။

တစ်ရက် စာရွက်ထဲက လိပ်စာအတိုင်း နှင်းတို့အိမ်

ရောက်သွားခိုက်------

" ဟင် ဆရာ ဆရာ အိမ်ထိလိုက်လာတယ် အားနာ

လိုက်တာရှင် သမီးရေ ဆရာလာတယ်ဟေ့ ရေနွေး

ကြမ်းလေး ယူလာခဲ့ပါကွယ်"

" ရပါတယ်အမကြီး ရုံးကဝန်ထမ်းတစ်ယောက် ကျွန်

တော့်ကားထဲ ဆီမှားထည့်မိလို့ ကားပျက်သွားရင်း

လမ်းကြုံလို့ဝင်လာတာပါ"

နှင်းတစ်ယောက် ကျွန်တော့်ကို လုံးဝမှတ်မိဟန်မတူ။

" ဒါနဲ့ခလေးအဖေလည်း မတွေ့ပါလား အမကြီး"

" ဒင်းအကြောင်းတော့ ပြောရမကောင်းဖြစ်လေရော့

မယ် အနိစ္စရောက်ပေါ့ ဆရာရယ် အသက်ရှင်စဉ်က

လဲ ပေးလိုက်တဲ့ဒုက္ခ ဟော့ သေသွားပြန်တော့လဲ ဒင်း

ထားခဲ့တဲ့ရောဂါနဲ့ လူလဲဆေးသက်ပဲ ရှိပါတော့တယ်

ဆရာရယ်"

" ဒါနဲ့ ခင်ပွန်းအမျိုးတွေကရော"

" ကံဆိုးမသွားရာမိုးလိုက်လို့ရွာပဲ ဆိုရတော့မယ်ဆရာ

ရေ ဒင်းလဲနာရေးပြီးရော HIV ရောဂါသည် အိမ်မှာရှိ

နေရင် အခန့်မသင့် ရောဂါကူးမယ်ဆိုပြီး နှင်ချခံရတာ

နဲ့ သမီးလေးလက်ဆွဲပြီး ဒီအိမ်လေးမှာနေတာ ဆယ်

နှစ်လောက်ရှိရောပေါ့ဆရာရယ်"

" သြော်"

" ဖိုးတာရေ ဆရာ့ကားထဲက ကျွတ်ကျွတ်အိတ်နဲ့ပတ်

ထားတဲ့ ရေဗူးယူပေးပါအုန်းကွာ"

" ဆရာရေသောက်ချင်လို့လား ကျမခပ်ပေးမယ်လေ"

"ရပြီဆရာ ဒီမှာ"

" အမကြီး ဒီရေလေးကို မနက်တကြိမ် ညတကြိမ်

သောက်ပေးပါနော်"

" ဘာရေများလဲ ဆရာ"

" ပရိတ်ရည်ပါအမကြီး ဘာရယ်မဟုတ်ပါဘူး စား

ကောင်း အိပ်ပျော်တာပေါ့ဗျာ"

" အော် ဟုတ်ကဲ့ပါဆရာ"

" ကျွန်တော့်ကို ပြန်ခွင့်ပြုပါအုန်းခင်ဗျာ ရုံးကကားလဲ

လာပြီဆိုတော့ ဒါကကျွန်တော့်ဖုန်းနံပါတ်ပါ လိုအပ်

တာရှိရင် ဆက်သွယ်လိုက်ပါ အော် သမီးလည်း

တနင်္လာနေ့ကစပြီး အလုပ်စဝင်လို့ရပါပြီ"

ဒီလိုနဲ့ နှင်းရဲ့သမီးလေး ကျွန်တော့်ရုံးမှာ အလုပ်ဝင်

တာ ရှစ်လကျော် ကိုးလထဲဝင်ပေါ့။ ခလေးမလေးက

အတော့်ကို လိမ္မာရေးခြားရှိတယ်။ တစ်ယောက်တည်း

သမား ကျွန်တော့်အတွက် လစာထုတ်တဲ့ရက်တွေမှာ

ဟင်းတွေချက်ပြီးယူလာတတ်တယ်။

" မေမေ မေမေ သမီးဖုန်းထဲက viberမှာလေ လူတ

ယောက်စာတွေပို့ပို့နေတယ်မေမေ ပြီးတော့ ဒေါနှင်း

သက်သက်ဝေဖတ်ရန်တဲ့ မေမေ့အသိထဲကလား"

" မှန်းစမ်း ဘာတွေရေးထားတာလဲ သမီးရဲ့"

" ဆရာတော်ကြီးတွေရဲ့ဆုံးမစာတွေ မေမေရဲ့"

အင်း ငါ့နှယ်နော် ကိုမောင်နိုင်နဲ့ချစ်သူတွေဖြစ်တုန်းက

လဲ ဟောလိုက်တဲ့တရား အခုလဲဘယ်ကဟာမှန်း

မသိနဲ့ နောက်မပို့နဲ့လို့ ပြန်လိုက်အေ"

" ဒါပေမယ့် စာတွေကကောင်းတယ်မေမေရဲ့ ဒီမှာ

လေ အတိတ်ကိုလည်းမတွေးနဲ့ ကုက္ကုစအဖြစ်နဲ့

အနာဂါတ်အကြောင်းလဲ မမေးနဲ့ ဥဒ္ဓစ္စဖြစ်တယ်

လက်ရှိပစ္စပ္ပါန်မှာ အကောင်းဆုံးနေထိုင်ပါတဲ့။ သမီး

တော့ ကြိုက်တယ်မေမေ"

ဒီလိုနဲ့ပဲ သမီးလေးရုံးကပြန်လာရင် ဖုန်းviberထဲက

တစ်ဦးတစ်ယောက်ပို့တဲ့စာတွေကို သားအမိထိုင်ဖတ်

ဖြစ်ခဲ့ကြတယ်။ တချို့စာတွေက ကျမ္မာရေးအသိပေး

စာတွေ တချို့ကရီစရာ ကာတွန်းတွေ အများအား

့ဖြင့်ကတော့ ဆရာတော်ကြီးတွေရဲ့ဆုံးမစကားတွေ။

အခုဆိုရင် သမီးနဲ့ကျမ ဆရာတော်ကြီးတွေရဲ့ဆုံးမ

စကားတွေနဲ့ တော်တော်ကိုယဉ်ပါးနေပြီ။

"တစ်ရက်ကို ၂၅မိနစ်ခန့် တရားထိုင်ခြင်းသည် စိတ်ဖိ

စီးမှုကို လျှော့ပါးစေပြီး သွေးတိုးရောဂါ နှလုံးရောဂါ

ဖြစ်နိုင်ချေကို ကျဆင်းစေသည်ဆိုတဲ့ "အတိုင်းကျမ

တို့သားအမိ နေ့စဉ်တရားထိုင်ဖြစ်ခဲ့ကြတယ်။

ဒီလိုနဲ့ တစ်ရက်ကို နာရီဝက် တစ်နာရီထိုင်ရင်း အား

တဲ့အချိန်လေးတိုင်း ထိုင်နေရင်းတရားမှတ်တတ်တဲ့

အကျင့်လေးတောင် ကျမရခဲ့ပြီ။

တနေ့-----

" ဆရာ ဆရာ သမီးပါ မေမေအဖျားတွေကြီးနေလို့

ညကြီးမင်းကြီး သမီးလဲဘာမှမလုပ်တတ်ဘူး"

ဒီလိုနဲ့ နှင်းကို ကျွန်တော်တို့ ညတွင်းကြီးဆေးရုံတင်

လိုကိရတယ်။

" ဆရာ ကျမရေသောက်ချိန်တိုင်း မျိုမကျသလို

ဖြစ်နေတယ် ဆရာ လည်ချောင်းထဲကို အပ်နဲ့ထိုး

ထားသလို ခံစားနေရတယ်"

" ဒီလိုလုပ်ပါလား အမကြီး ကျွန်တော်ရှေ့ကတိုင်ပေး

မယ် နောက်ကလိုက်ဆိုနော်"

" ကျမသည် အနန္တော အနန္တငါးပါး၏ ဂုဏ်ကျေးဇူး

ကို စိတ်တွင်အောက်မေ့၍ ရှိခိုးကန်တော့ပါ၏။ကွယ်

လွန်သွားပြီဖြစ်သော ထမင်းတလုတ်မကကျွေးခဲ့ဖူး

သော ခင်ပွန်း၏ ကျေးဇူးအားအောက်မေ့၍ ရှိခိုးကန်

တော့ပါ၏။ ရေတခွက် ပန်းတစ်ခက် မေတ္တာဖြင့်လက်

ဆောင်ပေးဖူးခဲ့ကြသော မိတ်ဆွေသင်္ဂဟတို့၏ကျေး

ဇူးကို အောက်မေ့၍ ရှိခိုးကန်တော့ပါ၏။ မိမိရင်နှစ်

သားသဖွယ် ဆေးကုသပေးသော ဆရာဝန်ကြီးများနှင့်

သူနာပြုလေးများ၏ ဂုဏ်ကျေးဇူးကို ရှိခိုးကန်တော့

ပါ၏။ မိမိစိတ်ကမသိမိုက်မဲ၍ ပြစ်မှားကျူးလွန်မိခဲ့

သော ပုဂ္ဂိုလ် သူတော်စင်အပေါင်းတို့ကို ဤနေရာမှ

ဝန်ခံပါ၏ ဝန်ချပါ၏ တောင်းပန်ပါ၏ ကန်တော့ပါ၏"

ကျွန်တော့် စကားလေးမဆုံးခင်မှာပဲ နှင်းရဲ့နာကျင်

မှု သက်သာသွားဟန်ဖြင့် အိပ်ပျော်သွားလေတော့

သတည်း။

( ဆက်လက်ကြိုးစားနေပါအုန်းမည်)

(တေးရေး ကိုင်ဇာ၏ ဒီအချိန်မှာ ပြန်တွေ့တာ ဘာလုပ်

ရမလဲ သီချင်းကို ခံစားပုံဖော်ရေးဖွဲ့သည်)

No comments:

Post a Comment