Monday, September 15, 2014
" လွမ်းဆွတ်စရာ အတိတ်ဆီက နှစ်ပေါင်း၁၀၀၀"
လမ်းခရီးတွေက ကြမ်းလိုက်တာ မောင်တော်ရယ်။
ခုချိန်လောက်ဆို နှမတော်ကို အတွေးထဲမှာတောင်
ရှိပါလေစ။ လွမ်းရေးထက်ဝမ်းရေးကခက် အချစ်ရေး
ထက် စစ်ရေးကခက် မဟုတ်လားကွယ်။
ပုဂံပြည်ကြီး စည်ပင်သာယာဝပြောဖို့ နေ့မအားည
မနားနဲ့ ကြိုးပမ်းဆောင်ရွက်နေချိန်မှာ ချွေးသိပ်စရာ
ဘေးနားမှာမနေပေးတဲ့ နှမတော်လေးကိုအမျက်တော်
ရှနေမလား။
ပုဂံပြည်ကြီး ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွား
လေအောင် မောင်တော်တို့ နှမတော်တို့ အားတတ်သ
ရော ကြိုးပမ်းအားထုတ်နေချိန်မှာ မောင်တော့်အနား
မှာ သက်ဆုံးတိုင်နေချင်ခဲ့ပေမယ့်လည်း ကံကြမ္မာက
အခွင့်အရေးမပေးခဲ့ဘူ့း မောင်တော်ရယ်။
နိုင်ငံအရေး တိုင်းပြည်အရေးမှာ စွမ်းစွမ်းသမံ မောင်
တော့်ဘေးနားမှာ ပါရမီဖြည့်ပေးခဲ့ပေမယ့်လည်းလေ
ကံကြမ္မာရေစက် ဖန်လာဒီလိုနေ့ရက်ချိန်ရောက်တော့
လဲ ဝေးရပြီပေါ့မောင်တော်ရယ်။
ဘယ်သူ့ကိုမှလည်း အပြစ်မဆိုသာပါဘူး။ မောင်တော်
စိတ်ချမ်းသာဖို့အရေး မျှော်ကာတွေးလို့ နန်းတော်ကို
စွန့်ခွာပြီးထွက်လာခဲ့တဲ့ နှမတော်ရဲ့ခြေလှမ်းတွေက
ခုခါကျမှ လေးလွန်းနေသလားကွယ်။
နေထွက်နေဝင် တစ်နေ့တာအချိန်သာ ကုန်ဆုံးသွား
တယ်။ လွမ်းရတဲ့အဖြစ်က မနေ့တနေ့ကရယ် ထူးခြား
မလာဘူးကွယ်။
လွမ်းစေတီလေးနားမှာ အလွမ်းရယ်မပြေဘူးကွဲ့ နှမ
လေးဘေးသာ မောင်တော်ရောက်လာမလားဆိုတဲ့
အတွေးနဲ့။ အတွေးတွေသာရှိခဲ့တယ် မောင်တော်ရယ်
အရင်ချိန်တွေတုန်းက မနက်မိုးသောက်အလင်းကျ
ရောက်တဲ့အချိန်ကစပြီး နေဝင်မိုးချုပ်မောင်တော့်
ဝေယျာဝေစ္စတွေကို ကိုယ်တိုင်လုပ်ပေးခဲ့တဲ့ နှမတော်
လေးကို အမှတ်တောင်ရပါလေစ။
မောင်တော့်သွေးအပြည့်ပါတဲ့ ရင်သွေးလေးမွေးပေး
ချင်ပေမယ့်လည်းလေ မနေရတော့ဘူးဆိုတာ သိနေ
ပါပြီမောင်တော်ရယ်။
ဘယ်လိုပင်ဖြစ်ပါစေလေ ၃၁ဘုံမှာ ကျင်လည်နေသမျှ
ကာလပတ်လုံးဘဝဆက်တိုင်မောင်တော်ရဲ့ပါရမီဖြည့်
ရပါလို၏ဆိုတဲ့ ဆုကိုသာအကြိမ်ကြိမ်ပန်ချွေရင်း----
( ရွှေစာရံစေတီတော် ဘုရားအမ ကျောင်းအမတော်
စောမွန်လှ၏ ဂုဏ်ကျေးဇူးအား ဤစာဖြင့်-----)
ကိုးကား- ရွှေစာရံစေတီတော် ဘုရားသမိုင်း
အိုဘယ့် အနော်ရထာ
( ဥာဏ်မှီသလောက် ရေးသားထားခြင်းဖြစ်၍ အမှား
အယွင်းများပါခဲ့လျှင် မေတ္တာရှေ့ထားပြီး ခွင့်လွတ်ပေး
ကြပါလို့------)
မဟူရာ( IR)ု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment