Monday, September 15, 2014

" ဘာသာရေးနဲ့စီးပွားရေး, ဘာသာရေးနဲ့လူမှုရေး"

 
ပြီးခဲ့တဲ့လက မကွေးကျောင်းတော်ရာကို ဘုရား

ဖူးသွားတော့ ဘုရားကိုလက်ယာရစ်ပူဇော်နေရင်း အ

ရွယ်ခပ်ကောင်းကောင်း ၄၀ဝန်းကျင်အမျိုးသမီးတစ်

ယောက်က " မမလေးရယ် တစ်ရာတန်လေးများပါရင်

စွန့်ကျဲခဲ့ပါအုန်းနော်" ဆိုပြီး နှစ်ခါသုံးခါမကပြောတော့

ကျမလည်း " အမရယ် အလုပ်လုပ်ပါလားဟင် ဘာ

လို့အဲ့လိုလုပ်တာလည်းဟင်

ကဲ့အမကအခုလိုစလုပ်

တော့ အမရဲ့မျိုးဆက်တွေက အဲ့လိုဖြစ်ကုန်မှာပေါ့" လို့

ပြောတော့ " အလုပ်မရှိလို့ တောင်းနေတာပေါ့ရှင် အ

လုပ်ရှိရင် အလုပ်လုပ်နေမှာပေါ့တဲ့" ။အေးရော။

ကျမက အလုပ်လုပ်ရင် အလုပ်ဇောတအားကပ်ပါ

တယ်။ ဒါကို ကျမအကြောင်းသိတဲ့ သူငယ်ချင်းတွေက

"အေးဆေးမနေဘူးလေ အဲ့ဒါသာကြည့်တော့ လူဆို

တာ ကိုယ့်လောဘနဲ့ကိုယ်ပဲ အေးရာအေးကြောင်းမ

နေတတ်ဘူး---"ဆိုပြီး ဂရုဏာဇောနဲ့ပြောပါတယ်

ကျမလည်း "အေး ဟုတ်တယ်ဟေ့ ငါကိုယ်ကကျွန်ဇာ

တာပါတာ အလုပ်မလုပ်ဘဲမနေနိုင်လို့ဟေ့" ဆိုပြီးဟာ

သရွှမ်းပြီး ပြောလိုက်ပါတယ်။

တကယ်တော့ကျမတို့လက်တွေ့ဘဝမှာဘုရားအ

ဆုံးအမနဲ့ လက်ခံကျင့်သုံးနေတာတွေထဲက ကွဲလွှဲနေ

တာကို အများကြီးတွေ့ရပါတယ်။ မြတ်ဗုဒ္ဓက လော

ဘဆိုတာမကောင်းဘူး တင်းတိမ်ရောင့်ရဲရမယ်။ခြိုးခြံ

ရမယ်လို့ ဟောထားတယ်ဆိုပြီး ( အလုံးစုံမသိဘဲ)

အလုပ်လုပ်နေသူပင် အပြစ်ဖြစ်နေသယောင် လူတွေ

အချင်းချင်းပြောကြပါတယ်။

အမှန်တော့ မဟုတ်ပါဘူးနော်။ ဗုဒ္ဓရဲ့အဆုံးအမ

ကဘယ်လောက်များအသေးစိပ်လည်းဆိုရင် လူထဲမှာ

နေရင် လူ့ကျင့်ဝတ် စီးပွားရှာချိန်မှာစီးပွားရှာနည်း

စုဆောင်းနည်း သံဃာတွေရဲ့ဝိနည်းမှာတောင် အနိမ့်

ဆုံးအဆင့်ဖြစ်တဲ့ ကုဋီအသုံးပြုပုံ (မြတ်စွာဘုရား ရှိ

စဉ်အချိန်က) ဘိက္ခူနီမတွေကို ( မရိုသေ့စကား အမျိုး

သမီးတွေရဲ့ လစဉ်ကျမ္မာရေး) နဲ့ပက်သက်လို့ဆိုတာ

တွေကအစ ဖခင်တစ်ယောက်သဖွယ် ဆုံးမသွန်သင်

ခဲ့တာပါနော်။ မိသားစုအချင်းချင်းထားရှိရမယ့်ကျင့်ဝတ်

မိတ်ဆွေ ခင်ပွန်း ဇနီး လူဝတ်ကြောင်နဲ့သံဃာတော်

တွေရဲ့မည်သို့မည်ပုံ ဆက်ဆံရမည့်ပုံ အစရှိတဲ့အသေး

စိပ်လေးတွေကအစ ဆုံးမသွန်သင်ခဲ့ပါတယ်နော်။

တကယ်တမ်းလက်တွေ့ဘဝမှာတော့ (a little

knowledge is dangerous) လို့ဆိုရမလားဘဲ အဲ့ဒီလို

တွေမြင်နေရတာ တကယ်ကိုစိတ်မကောင်းပါဘူး။

လျှပ်စစ်မီး စကားပြောစက် အင်တာနက်တွေထက်ပို

တန်ဖိုးကြီးတဲ့ ဗုဒ္ဓအဆုံးအမတွေကို တစ်လွှဲဆံပင်

ကောင်းနဲ့ခံယူကျင့်သုံးနေတာတွေ့ရတော့ ကိုယ့်ဘာ

သာအတွက် တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။

ဘုရားတည်တော့ သေရင်အဲ့ဒီဘုရားကို စိတ်စွဲ

ပြီး ဥစ္စာစောင့်ဖြစ်မှာ။ ကျောင်းအတွက် မတည်ငွေလှူ

တော့ ဘုန်းကြီးပါးစပ်နဲ့လမ်းဆုံးနေတာလေ။ ပရဟိ

တအလုပ်တွေလုပ်တော့ နာမည်ကြီးချင်လို့လေ။(အခု

စာရေးတော့) အောင်မြင်ချင်လို့လေများ ပြောကြ

မလားမသိပါဘူးနော်။ ပြောရ ရင်လည်း ကိုယ့်ပေါင်

ကိုယ်လှန်ထောင်းသလိုပါပဲ။ ကိုယ့်ဘာသာဝင်တွေထဲ

ကပဲပြောကြတာပါနော်။ စိတ်မကောင်းပါဘူး။

တကယ်တော့ ကျမနာမည်လည်းမကြီးချင်သလို

အောင်လည်းမအောင်မြင်ချင်ပါဘူး။ ကျမရဲ့ပင်ကိုသ

ဘာဝကိုက လွတ်လပ်မှုကိုပဲ ခုံမင်ပါတယ်။ ကျမစိတ်

အလိုအတိုင်း သွားချင်တာ စားချင်တာတွေကို လွတ်

လွတ်လပ်လပ်စားနေ သွားနေရတာကိုပဲ ကျမကြိုက်ပါ

တယ်။ ကျမရဲ့ fri listတွေထဲမှာ ကျမဆိုင်ကိုအမြဲလာ

အားပေးနေတဲ့ မိတ်ဆွေတွေအများကြီးပါနော်။သူတို့

သိပါတယ်။

ကျမမှာနေ့စဉ်ပုံမှန် ဆွမ်းချိုင့် လစဉ်မိမိမယ်သီ

လဝတ်ခဲ့သည့် စစ်ကိုင်းချောင်မှ ဆရာလေးများကို

ဆန် ဆီ ဆား နဝကမ္မဝတ္ထုငွေ ဆေးကျောင်းသား

တစ်ဦးကို လစဉ်ပညာသင်စရိတ် တရားရိပ်သာ်

တစ်ခုမှာ လစဉ်ရေသန့်ပုံးကြီး ၂၀၀ နဲ့ပရဟိတ

လုပ်ငန်းအတွက် လိုအပ်ရင်လိုသလို အလှူငွေတွေ

ထည့်ဝင်လှူဒါန်းနေပါတယ်။ ကျမစီးပွားမရှာရင် ဒီလို

ဒါနမျိုး ဘယ်လုပ်လို့ရမလဲနော်။ ( မှန်တာပြောသစ္စာ

ပါ ကြွားဝါလိုစိတ်နဲ့ပြောခြင်းမဟုတ်ပါ)

ကျမ ၁၀အောင်ပြီးတော့ ဇာတိမြေကိုအလည်ခ

ဏပြန်တော့ သူငယ်ချင်းတစ်ယောက်က(အမည်မ

ဖော်လိုပါ) ဘာသာခြားတစ်ယောက်နဲ့ယူထားတယ်

လို့ သူငယ်ချင်းတွေကပြောပြပါတယ်။ ကျမက"ဟင်

သူကကျောင်းမတတ်တော့ဘူးလား သူ့အိမ်ကဘာမှ

မပြောဘူးလားဆိုတော့" "ဟယ် အဲ့လူကြီးက သူ့အိမ်

ကို အကုန်ထောက်ပံ့ထားတာဟဲ့ အဲ့လူကြီးက အိမ်

ထောင်ရှိတော့ ညတော့မအိပ်ပါဘူး နေ့ခင်းဖက်လာ

ရင် မိဘတွေကရှောင်ပေးကြတယ်လေ" တဲ့။

ကျမဘာကို ပြောပြချင်လည်းဆိုတာ စာဖတ်သူ

တို့လည်း သိကြမှာပါနော်။ ဆိုလိုချင်တာက ကျမတို့

တွေ အလုပ်တွေအများကြီးလုပ်ဖို့လိုတယ်လေနော်။

သားသမီးကို ချစ်တယ်ပြောပြီး ဘာမှမပေးနိုင်ရင် မ

ဟုတ်ဘူးလေနော်။

ဒါကြောင့်ကျမတို့ရဲ့အနာဂတ်တွေလှပဖို့ သာသနာ

ပြုနိုင်ဖို့ အလုပ်ကိုကြိုးစားပြီးလုပ်ကြပါစို့နော်။

( မနက်ဖန်မှာ ကျရောက်မယ့်မွေးနေ့မှာ စာဖတ်သူ

တွေကို ဘယ်လိုလက်ဆောင်ပေးရင်ကောင်းမလဲ

စဉ်းစားရင်း ဒီစာလေးကိုရေးမိသွားတာပါ။ စာဖတ်သူ

တွေအားလုံးကို ဆုတောင်းပေးပါတယ်နော်။"ကျမ္မာ

ထီပေါက် နိဗ္ဗာန်ရောက်မဟုတ်ပါဘူး" "ကျမ္မာပြီး

အလုပ်များများလုပ်နိုင်၍ နိဗ္ဗာန်သွားရာလမ်းကိုများ

စွာအထောက်အကူပြုသည့် ဒါနများပြုနိုင်ပြီး နိဗ္ဗာန်

ကို ရက်တိုတိုနဲ့ရောက်နိုင်ပါစေလို့ ဆန္ဒပြုရင်း)

(စာရေးတဲ့အခါမှ အဓိကအားဖြင့် ကိုယ့်ထက်ငယ်သူ

တွေကို targetထားပြီး ရေးပါတယ်နော်။ ကိုယ့်ထက်

အသက် တစ်မိနစ် တစ်စက္ကန့်ကြီးသူအားလုံးကိုတော့

စာဖတ်ရမယ့်အရွယ်မှာ စာတွေရေးနေမိတဲ့အတွက်

အမှားအယွင်း တစ်စုံတစ်ရာပါခဲ့ရင် မေတ္တာရှေ့ထားပြီး

နားလည်ခွင့်လွှတ်ပေးကြပါလို့***)

အားလုံးကိုချစ်ခင်လေးစားတဲ့------မဟူရာ ( IR )

No comments:

Post a Comment