ပျင်းတာပေါ့နော်။ ဒီတစ်ခါပုံပြင်တစ်ပုဒ် ပြောပြမယ်
နော်။ ကြားဖူးနားဝပေါ့။
တစ်ခါတုန်းက ရွာတစ်ရွာမှာ မိခင်တစ်ယောက်
ဟာ ရွာဦးကျောင်းက ဘုန်းဘုန်းတစ်ပါးဆီကို သား
ဖြစ်သူကို ခေါ်သွားပြီး********
" အရှင်ဘုရား တပည့်တော်ရဲ့ဒီသားဟာ အင်မတန်ကို
ကွမ်းစားပြီး ကွမ်းစွဲနေကြောင်းပါဘုရာ့။ တစ်ရက်တစ်
ရက် ကွမ်းဖိုးလည်းမနည်းကုန်ကျလှပါပြီဘုရာ့။ သား
ဖြစ်သူကို ဆုံးမပေးပါဘုရာ့။ တပည့်တော်လည်း ပြော
ပေါင်းများလှပါပြီ ဘယ်လိုမှပြောလို့မရလို့ပါဘုရာ့"
ဆိုပြီး လျှောက်သတဲ့။ အဲ့ဒီတော့ဘုန်းကြီးက
" အေး ဒကာမကြီး မနက်ဖြန်ညဉ်းသားကို ခေါ်ပြီးပြန်
လာခဲ့ အခုတော့ပြန်တော့" ဆိုပြီးမိန့်သတဲ့။
နောက်တစ်ရက်ရောက်ပြန်တော့ မိခင်ဖြစ်သူက သား
ကို ခေါ်ပြီးနောက်တစ်ကြိမ် သွားပြန်သတဲ့။
" အေး ဒကာမကြီး နောက်တစ်ပတ်နေမှ ပြန်လာခဲ့"
ဆိုပြီး မိန့်ပြန်သတဲ့။
မိခင်ဖြစ်သူက သေချာအောင်ဆိုပြီး နောက်၁၀ရက်နေ
မှ ကျောင်းကိုပြန်သွားသတဲ့။
အဲ့ဒီအခါမှ ဘုန်းကြီးက*****
" အေး ဒကာကြီး နောက်ဆိုကွမ်းမစားပါနဲ့-------"
အစချီပြီး ကွမ်းရဲ့ဆိုးကျိုးတွေကို ပြောပြသတဲ့။ ဒါနဲ့မိခင်
ဖြစ်သူက မနေနိုင်ဘဲ----
" အရှင်ဘုရား ပထမတစ်ကြိမ် လာကတည်းကပြော
လိုက်ရင် ပြီးနေတာကို ဘာလို့ခုမှပြောတာလဲဘုရာ့"
ဆိုပြီး လျှောက်တော့
" အေး ပထမအကြိမ်လာတုန်းက ငါကိုယ်တိုင် ကွမ်း
တစ်ပျစ်ပျစ်စားနေရင်းက သူများကိုကွမ်းမစားနဲ့ပြော
ရင် ငါတရားပါ့မလားကွ။ ဒါကြောင့် နောက်ရက်ကိုပြန်
ချိန်းရခြင်း ဖြစ်ပါတယ်။ အဲ့နောက်တစ်ရက်မှာလည်း
ငါကိုယ်တိုင် ကွမ်းပြတ်ခြင်းမရှိတဲ့အတွက် နောက်
တစ်ကြိမ်ထပ်ချိန်းရခြင်းဖြစ်ပါတယ်။ အခုအခါမှာ ငါ
ကိုယ်တိုင်က အတိအလင်းကွမ်းပြတ်ခြင်းကြောင့် သူ
များကို ကွမ်းမစားဖို့ ဆုံးမရခြင်းဖြစ်ပါတယ်" လို့ မိန့်သ
တဲ့။
******-******
မဟူရာမှာလည်း အခုအဲ့ဒီ feeling ဖြစ်နေပါတယ်။
ကိုယ်ကိုယ်တိုင်က တရားရနေလို့ တရားစာပေတွေ
ရေးသားနေတာလားဆိုရင် မဟုတ်ပါဘူးနော်။ကြိုးစား
နေဆဲပါပဲနော်။ ဘာပဲဖြစ်ဖြစ် မဟူရာရဲ့စာတွေကို အား
ပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးအထူးတင်ပါ
တယ်ဆိုတဲ့အကြောင်း**********
(ဆရာလင်းသိုက်ညွှန့်ရဲ့စကားခဏယူသုံးအုန်းမယ်
See u at the paradise!!!!!!!
ဆရာ့စကားကတော့
See u at the top !! ပါ
အတူတူပါပဲနော် လောကီချမ်းသာနဲ့လောကုတ္တရာ
ချမ်းသာပေါ့)်
See u at the paradise!!!!!!!
ဆရာ့စကားကတော့
See u at the top !! ပါ
အတူတူပါပဲနော် လောကီချမ်းသာနဲ့လောကုတ္တရာ
ချမ်းသာပေါ့)်
မဟူရာ (IR )
No comments:
Post a Comment