Monday, September 15, 2014

"မက်လောက်စရာ တကွက်မှမရှိ"

 
" ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုရင် မင်္ဂလာပွဲကို

ဖြစ်နိုင်ရင် နောက်ဆုတ်ပေးစေချင်ပါတယ်။ လူနာရဲ့

နှလုံးခုန်သံကို ကျွန်တော်သိပ်မကြိုက်ပါဘူး။ ကျွန်

တော့်ဆန္ဒအရဆိုရင် ဒီနှစ်မကုန်ခင်မှာပဲ နှလုံးခွဲစိတ်မှု

ပြုလုပ်ပေးရပါလိမ့်မယ်။ ဒါဟာအသင့်လျော်ဆုံးသော

အချိန်ကာလတစ်ခုပါပဲ"



" ဟုတ်ကဲ့ပါ ဆရာကြီး ကျွန်မလည်းဒီသမီးလေးတစ်

ယောက်ရဲ့ကျမ္မာရေးအတွက်နဲ့ကို ရတက်အေးရတယ်

်မရှိပါဘူး ဆရာကြီးရယ် ကျွန်မတို့ကိုပြန်ခွင့်ပြုပါအုန်း

နော် သမီးအဖေနဲ့လည်း အိမ်ပြန်တိုင်ပင်လိုက်ပါအုန်း

မယ်နော်"

"ကိုရေ ဆရာဝန်ကြီးက သက်ကိုပြောလိုက်တယ် ဒီ

နှစ်မကုန်ခင်ကို မဖြစ်မနေ သက်ရဲ့နှလုံးကို ခွဲစိတ်ကု

ဖို့လိုလိမ့်မယ်တဲ့ ။သက်တို့ရဲ့မင်္ဂလာပွဲကို ခဏလောက်

နောက်ဆုတ်လိုက်ရအောင်နော် ကို"

" ဟာ ဘယ်ဖြစ်မလဲသက်ရယ် သက်က သုံးနှစ်သုံး

မိုးစောင့်ပါဆိုလို့လဲ ကိုစောင့်ခဲ့ရပြီးပြီ။ ဒီလိုလုပ်ရ

အောင်လေ သက်နဲ့ကိုနဲ့မင်္ဂလာဆောင်ပြီး ကိုလည်း

အလုပ်အားတဲ့အခါကျမှ ကိုတို့နှစ်ယောက် ထိုင်းကို

အလည်သွားပြီးမှ ခွဲကြရအောင်လား"

" ဆရာဝန်ကြီးပြောတာတော့ ဒီနှစ်မကုန်ခင်ခွဲဖို့လို

တယ်လို့ပြောတယ်ကို ဒီလိုလုပ်ရအောင်လား ကိုလဲ

တာဝန်မကြီးအောင် သက်ကိုအရင်ဆုံးနှလုံးခွဲစိတ်ခွင့်

ပေးပါနော် အင်းပြီးရင် ကိုလိုချင်တဲ့ခလေးလေးတွေ

သက်ကအများကြီးမွေးပေးမှာပေါ့လို့"

" တော်စမ်းသက် မင်းကိုငါစောင့်ခဲ့တဲ့နှစ်တွေ မနည်း

တော့ဘူး ဒီတစ်ခါမှမင်းမင်္ဂလာပွဲရက်ကို ရွှေ့ရင် မင်း

နဲ့ငါ ဒီတသက်ဝေးပြီသာမှတ်လိုက်"

" အင်း သမီးကညှာအခါမလင့်စေနဲ့တဲ့မေကြီးရေ

သမီးနဲ့မောင်ကိုကိုတို့ကလည်း တွဲနေတာကြာပြီဆို

တော့ တော်ကြာမယူဘဲထားသွားရင် မင်းရောငါရော

အရှက်ရမှာကွ မောင်ကိုကိုပြောတဲ့အတိုင်း စီစဉ်ကြ

တာပေါ့ကွာ တသက်လုံးလည်းဒီအတိုင်းနေလာခဲ့ကြ

ပြီးပြီပဲ ဘာမှမဖြစ်နိုင်ပါဘူးလေ"

ဒီလိုနဲ့မင်္ဂလာပွဲအတွက် ကိုရောကျမရော ဖိတ်စာ

ခန်းမ မင်္ဂလာဝတ်စုံ pre wedding ဓာတ်ပုံကိစ္စတွေ

ကို နှစ်ယောက်သား စိတ်တိုင်းကျ နှစ်ဖက်မိဘတွေက

ခွင့်ပြုထားတဲ့အတိုင်း စီစဉ်ခဲ့ကြတယ်။ ကျမတို့တူနှစ်

ကိုယ်တိုင်းပြည်ထူထောင်မယ့်အိမ်လေးကို ကို့ရဲ့မိဘ

တွေက လက်ဖွဲ့ပေးကြပေးကြတာပေါ့။ အိမ်ရဲ့အရောင်

ကို ရိုးမန်းတစ်ဆန်ဆန် ကျမအကြိုက်ဆုံး အဖြူကို

ခရမ်းဖောက်တဲ့အရောင်လေး သုတ်ခဲ့ကြတယ်။

သူများတွေနဲ့မတူတဲ့ ခန်းဝင်ပစ္စည်းအပြာရောင်ကို

ကိုက ခွင့်ပြုခဲ့တယ်။

အပေါ်တတ်လိုက် အောက်ဆင်းလိုက်နဲ့အိမ်ဆေး

သုတ်သမားတွေ အရောင်မညီမှာစိုးလို့ ကျမလိုက်

ကြည့်ရတာအမော။ ကို ကတော့သူ့အလုပ်ကိစ္စတစ်

ဖက်နဲ့ဆိုတော့ အစစ အရာရာကျမကို အကုန်လက်

လွှဲထားတယ်လေ။

ကျမတို့ မင်္ဂလာဆောင်တဲ့ရက်။ အဲ့ဒီရက်ကို ဖေဖေ့

ရုံးကဝန်ထမ်းတွေရော မေမေ့ရဲ့ဈေးမိတ်တွေရော

အစုံအလင်တတ်ရောက်လို့ရအောင် လကွယ်ဥပုသ်

ရက်ကို သတ်မှတ်လိုက်ကြတယ်။

မင်္ဂလာမဆောင်ခင် သုံးရက်အလို။ အိမ်အပြင်အဆင်

တွေအပြီးသတ်အခြေအနေတွေ ကျမလိုက်ကြည့်ရင်း

အိမ်လှေကားပေါ်အတတ် အသက်ရှူကြပ်သလို ခံစား

လာရပြီး ၁၅မိနစ်လောက် ကျမမိုက်ခနဲဖြစ်သွားတယ်

အို အိမ်အသစ်ဆိုတော့ ဆေးနံ့တွေကြောင့်ဖြစ်မှာပါပဲ

လေ။

အခုမှသတိထားမိတယ်။ ကျမနှစ်နှစ်ခြိုက်ခြိုက်အိပ်

မပျော်တာ တော်တော်ကြာပြီပဲ။ အို မင်္ဂလာပွဲပြီးမှပဲ

အိပ်ပါတော့မယ်လေ။

မင်္ဂလာဆောင်တဲ့နေ့။ မနက်အစောကြီး ဘုန်းကြီး

ဆွမ်းကပ်ပြီးရင် ဧည့်ခံဖို့ မိတ်ကပ်ဆရာတွေပြင်နေ

ကြပြီ။ ခေါင်းထဲကရိတ်တိတ် ရိတ်တိတ်နဲ့ အို အဲကွန်း

ခန်းထဲမှာ လူတွေများလို့ အသက်ရှူကြပ်တာဖြစ်မှာပါ

လေ။

ညရောက်တော့ ဧည့်ခံပွဲအပြီး ကိုကတော့အပျော်ကြီး

ပျော်နေလေရဲ့။ သူ့သူငယ်ချင်းတွေတိုက်တဲ့ မင်္ဂလာ

အရက်ကို သူရောကျမပါ အားမနာတမ်းသောက်ကြ

တာပေါ့။

ဧည့်သည်တွေပြန်သွားကြပြီ။ အိမ်ထဲမှာ ကိုနဲ့ကျမနှစ်

ယောက်တည်း။ ကိုကကျမကို ခါးကနေအသာလေး

ပွေ့ပြီး အိပ်ခန်းထဲထိခေါ်သွားတယ်။ ကို့ရဲ့လက်မောင်း

လေးပေါ်မှာ ကျမကခေါင်းအုံးအိပ်ရတယ်။

" ဟား နောက်ဆုံးတော့လဲ သက်ကို ကိုအပိုင်ရပါပြီ

ကွာ ဗျိုးအသင်လောကကြီး အခုချိန်ဟာ ကျွန်တော့

ဘဝရဲ့အပျော်ဆုံးချိန်ပါပဲခင်ဗျာ ဟော့ဒီကျွန်တော့

ဇနီးလေးသက်နဲ့ကျွန်တော်ဟာ သေတပန်သက်တ

ဆုံးနဲ့ ဘဝတခုကို လျှောက်လှမ်းကြပါတော့မယ်ခင်

ဗျား ဟုတ်တယ်မလား သက် " " သက် ဟုတ်

တယ်လို့ဖြေလေ သက်" "သက် အော်အိပ်ပျော်နေပြီ

ထင်တယ် သက် ဒါဆိုလဲ အာာာာာာဘွား"

" ဟင် သက် သက်ဘာလို့အသက်မရှူတာလဲ"

" သက် ကို့ကို မနောက်ပါနဲ့ကွာ သက် သက် သက်"

" အန်တီရေ သက်ဘာဖြစ်သွားလဲမသိဘူး အိမ်ကို

ခဏလာပါအုန်း"

" အော် မင်းနှယ် ညကြီးအချိန်မတော်ကွယ် အိပ်ပြီ

နေမှာပေါ့ကွယ်"

သက် အသက်မရှူတာကြာပြီ။ ဟင် ကိုယ်တွေလက်

တွေလည်း အေးစက်လို့ပါလား။ သက် သေသွားပြီ။

သက်အသက်မရှိတော့ဘူး။

ဒီနေ့ဟာ လကွယ်နေ့။ လကွယ်နေ့သေရင် ချက်ချင်း

သဂြိုလ်ရမယ်တဲ့။ မဖြစ်ဘူး။ ငါဒီညကိုဘယ်လိုစခန်း

သွားရမလဲ။ သက် သက် မင်းငါ့ကို မခြောက်ရဘူး

နော်။ ဒီအိမ်ကြီးမှာ မင်းနဲ့ငါနှစ်ယောက်တည်းရှိတာ။

မင်းက ငါ့မိန်းမဆိုပေမယ့် မင်းကလူသေ။ ငါကလူရှင်။

မင်းနဲ့ငါ ဘဝချင်းမတူတော့ဘူး။

" ဖေဖေနဲ့မေမေ သားပါ သက်ဆုံးသွားပြီ။ ဒီနေ့က

လကွယ်နေ့ဆိုတော့ ချက်ချင်းမချရင် အရပ်ကပြော

လိမ့်မယ်။ သားဆီအခုလာခဲ့ပါနော်"

( အများကြီးကြိုးစားပါအုန်းမည်)

No comments:

Post a Comment