Tuesday, September 16, 2014

"ဘယ်သူကယ်မလဲ အသဲကွဲတဲ့ရောဂါ"

ယောက်ျားအများစုအလိုချင်ဆုံးအရာက မိန်းခလေး
ဆီက အလိုက်သိမှု။
မိန်းမအများစုအလိုချင်ဆုံးအရာက ယောက်ျားများထံ
မှ စိတ်၏လုံခြုံမှု။
ကောင်လေးအများစုနှစ်သက်သဘောကျတတ်သည့်
သူက ချော ထော တော်သည့်ကောင်မလေး
ကောင်မလေးအများစု နှစ်သက်သဘောကျသည့်သူ
က ဥစ္စာပေါ ရုပ်ချော ပညာတတ် သည့်ကောင်လေး

ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ဟူ၍ တစ်ချို့က ဥစ္စာ
ရှိသူ အချင်းချင်းပေးစား။
နှုတ်ခမ်းပဲ့ချင်းမီးမှုတ်၍ တူနှစ်ကိုယ်တဲအိုပျက်မှာနေ
တာ ရာဇဝင်ထဲမှာ။
ငါ့ကိုတောင် စိတ်မဝင်စားဘဲ တစ်ခြားတစ်ယောက်ကို
စိတ်ဝင်စားတာ ငါ့ထက်သာတာ ဘာရှိလို့လဲ မာန။
ငါရမယ့်ခွဲတမ်း ကို တစ်ခြားတစ်ယောက်ကိုပေးလိုက်
လို့ ပူလောင်ရတဲ့ လောဘ။
ငါ့လိုကောင်ကို မိန်းခလေးအများစု ကြွေလာစေရ
မယ် ငါတော့သစ္စာရှိချင်မှရှိမယ်ဆိုတဲ့ အတ္တ။
သူကရေလျှံတယ်လေ အချစ်တော့မသိပါဘူး။ ရသ
လောက်တော့ တွဲလိုက်အုန်းမယ်။
ဆိုတော့ကာ ဆိုတော့ကာ " ငါနင့်ကိုချစ်တယ်" ဆို
တဲ့စကားဟာ ငါပျော်စေဖို့ ငါ့အတ္တအတွက် ငါ့ကို
ပြန်ချစ်ပါကိုသာ ဦးတည်နေပါသည်။
မေတ္တာတရားခေါင်းပါး၍ "အချစ်" ဟု ခေါင်းစဉ်တပ်
ပြီး ငါ၏အတ္တအတွက် တစ်ဖက်လူမှပြန်၍ တုန့်ပြန်
ခြင်းမရှိလေသောအခါ "သူပျော်နေရင် ငါကျေနပ်
နေပါပြီလေ" ဟု နှလုံးမသွင်းကြသောသူများမှာ***
အသဲကွဲကြလေသတည်း။
မဟူရာ ( iR )

No comments:

Post a Comment