Monday, September 15, 2014

" မေကြီးဖတ်ဖို့ ဖေကြီးရေးတဲ့စာ"


မေကြီးရေ-----

အာရုံတတ်ချိန်မှ ညအိပ်ယာဝင်ချိန်ထိ အိမ်ရှင်မ

ဝတ္တရားကျေပွန်တဲ့ မေကြီးဟာမိန်းမကောင်းပါပဲ။

မေကြီးရေ------

အလုပ်သဘောအရ လူပေါင်းစုံနဲ့နေရာပေါင်းစုံသွား

နေရလည်း ဖေကြီးကို စိတ်ချပါကွယ်။ တခဏကို တစ်

ဘဝနဲ့ မလဲတတ်တာ မေကြီးလဲ သိနေရက်သားနဲ့။



မေကြီးရေ----

အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ သားသမီးတွေ

ကို ဆုံးမလမ်းညွှန်ပေးဖို့ မေကြီးကိုလဲမှာချင်တယ်။

မေကြီးရေ--------

အသုံးနဲ့အဖြုန်းကို ခွဲခြမ်းတတ်လို့ ပိုလျှံတာလဲစုအုန်း

ကွယ်။ နောင်ရေးဆိုတာ ရှိသေးတယ်။

မေကြီးရေ------

အားကစားလုပ်ဖို့ဖေကြီးပဲမမှာနဲ့။ မေကြီးလည်း ကျမ္မာ

ရေး ဂရုစိုက်အုန်းကွယ်။

မေကြီးရေ------

ထမင်းခွံ့ကျွေးဖို့ အခွင့်မသာပေမယ့်လည်း ဆန်အိုး

ထဲဆန်အပြည့်ဖြည့်ထားတဲ့ ဖေကြီးမေတ္တာကိုလည်း

သားသမီးတွေ နားလည်စေတော့ကွယ်။

မေကြီးရေ------

မိန်းမသဘာဝ အလှအပကြိုက်တာ အပြစ်မဆိုသာပေ

မယ့် အရေပြားတစ်ထောက်စာအလှအတွက်နဲ့ သိပ်

အပင်ပန်းမခံပါနဲ့။မချယ်သလည်း ချစ်နေမယ်။

မေကြီးရေ-------

"အတွင်းမီးအပြင်မထုတ်နဲ့ အပြင်မီးအိမ်ထဲမသွင်းနဲ့"

ဝိသာခါမိဘဆုံးမစကားလည်း နာခံကွယ်။

မေကြီးရေ------

မိမိလုပ်အားခနဲ့လှူချင်တယ်ဆိုလို့ ကိုယ်ပိုင်စီးပွားလဲ

လုပ်တဲ့မေကြီးကို ဖေကြီးလေးစားတယ်။

မေကြီးရေ-------

မသဘာဝအမြှောက်ကြိုက်တတ်လို့ မသိမသာလေး

လည်းမြှောက်ပါ့မယ် ရွှေမျက်စောင်းလေးမထိုးနဲ့ကွယ်

မေကြီးရေ------

ကျားသဘာဝအပေါင်းအသင်းမက်လို့ အလုပ်ပြီးလို့

အပြင်ထွက်တဲ့အခါ ဗွေမယူဖို့ မှာချင်တယ်။

မေကြီးရေ-----

မယားဝတ္တရား ငါးပါးကျေပွန်လို့ ဆွေမျိုးတွေလဲ ကူညီ

တတ်တဲ့ မေကြီးကိုအမြဲချစ်နေမယ်။

မေကြီးရေ------

" ဒို့လည်းလိုက်မယ် ချန်မထားနဲ့" မေကြီးရိပ်သာသွား

တော့ ပျင်းလှတယ် လိုက်မယ် လိုက်မယ်။

အားလုံးကိုချစ်ခင်လေးစားတဲ့ ....... မဟူရာ( IR)

No comments:

Post a Comment