Monday, September 15, 2014
တခါတုန်းကတက္ကသိုလ်မှာ.
ကျမပထမနှစ်အဆောင်ကျောင်းသူဘဝကပေါ့ နေရ
တဲ့အခန်းရဲ့ မျက်စောင်းထိုးက ( )မြို့က ကျောင်းသူ
အမကြီးတစ်ယောက်နေတယ်။ သူမကညစာတွေစား
ပြီးရင် အောက်ထပ်မဆင်းဘဲ မနက်ရေချိုးဆင်းမှ
ညစာစားထားတဲ့ပုဂံတွေကို ဆေးလေ့ရှိတယ်။
ပြီးရင်
မနက် ၅နာရီလောက်ဆို ဘယ်သူမှမနိုးခင်မှာ ဘုရား
ကန်တော့ရင်း ပရိတ်ကြီး ၁၁သုတ်ကို အသံကျယ်
ကြီးနဲ့ ရွတ်လေ့ရှိတယ်။
အဲ့ဒီတော့ သူမညကမဆေးဘဲထားထားတဲ့ ဟင်းပုဂံ
တွေကို ညဆိုရင် ကြွက်တွေက ကျွတ် ကျွတ် ကျွတ်
နဲ့လာစားကြတာပေါ့လေ။အဲ့လိုလာစားတဲ့အသံကို
ကျမတို့အပေါ်ထပ်တင်မဟုတ်ဘဲ အောက်ထပ်ကပါ
ကြားရတော့ စိတ်တိုလာကြတာပေါ့။(အဆောင်ကနံ
ကပ်တိုက်ကိုး)
ဒီလိုနဲ့ပဲ အဆောင်ကတခြားအမကြီးတွေ သူငယ်ချင်း
တွေက အငယ်ဆုံးဖြစ်တဲ့ကျမကို သူမနဲ့အဲ့ဒီကိစ္စ
ဆွေးနွေးဖို့ အကူအညီတောင်းတော့တာပေါ့။
ဒါနဲ့ပဲကျမလဲ " မမရေ ဟိုဟာသမီးညညဆို မမ
အခန်းထဲက အသံတွေကြားတယ် အဲ့ဒါလေစိတ်ထဲ
မသဲကွဲဘူး ကြွက်လား သရဲလားဆိုပြီးတော့လေ"
လို့ အစပျိုးတော့ သူမကဘာပြောလဲဆိုတော့ "သမီး
ရေ အဲ့ဒါမမကိုကြွက်လေးတွေလာနိုးကြတာလေ မမ
ကမနက်တိုင်း ပရိတ်ရွတ်တော့ ပရိတ်နာချင်တဲ့သ
ဘောပေါ့" ဆိုပြီး ပရိတ်ကအကျိုး တန်ခိုးနဲ့ ၅၅၀
ဇာတ်နိပါတ်ပုံပြင်ကို ပါးစပ်လေးအဟောင်းသားနဲ့
နားထောင်ရင်းသကာလ--- အခန်းအပြင်ဝက ချောင်း
နားထောင်နေကြတဲ့ သူငယ်ချင်းတွေရဲ့ ရီသံတွေကို
မကြားချင်ယောင်ဆောင်ရင်း------။
မဟူရာ ( IR )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment