Thursday, September 25, 2014

" ဘုံအလုပ် ဘုံအလှ ဘုံဘဝမှ ခွဲထွက်ခြင်း"

ကျွန်မတို့လူသားများနေထိုင်ရာ ကမ္ဘာပေါ်တွင်
လူတွေအားလုံး နေ့စဉ်ဘုံအလုပ်ကို လုပ်ကြပါသည်။
ကျောင်းသား/သူများက စာကျက် အသက်မွေးဝမ်း
ကျောင်းအတွက် စီးပွားဥစ္စာရှာသူကရှာ စသည်ဖြင့်
မိမိနှင့်ဆိုင်ရာဆိုင်ရာ အလုပ်ကိုယ်စီဖြင့် ရုန်းကန်လှုပ်
ရှားနေပါသည်။ ထိုအလုပ်များသည် လူဖြစ်လာပါက
လူတိုင်းစေ့လုပ်ကြသောအလုပ်များဖြစ်ပေသည်။
သို့
သော် ၎င်းအလုပ်များကို နေ့စဉ်လုပ်နေသော်လည်း
ဒါန သီလ ဘာဝနာအလုပ်ကိုမလုပ်မိသေးသောသူ
သည် ဘုံအလုပ်ကို လုပ်နေသူဖြစ်သည်။
ဤသို့ဆိုလျှင် " ဟား ကျောင်းသားပဲကွာ
ဘယ်အချိန် ဒါန သီလနဲ့ဆိုင်တဲ့အလုပ်လုပ်ရမှာလဲ"
"ဟား စီးပွားရှာရမယ့် ဒုတိယအရွယ်ကွ အဲ့ဒါကတ
တိယအရွယ်မှ လုပ်ရမယ့်အရာကွ" ဤသို့ဤနှယ်
ဘယ်သူကသတ်မှတ်ပေးထားသော အရွယ်လဲမသိ
လူ့ပတ်ဝန်းကျင်တွင် ပြောဆိုနေသံကို နေ့စဉ်ကြားနေ
ရပါတယ်။
တကယ်တော့လူတစ်ယောက်ဖြစ်ဖို့ဆိုတာ
မလွယ်ပါဘူးနော်။ မိုးပေါ်က အပ်တစ်စင်းနဲ့ ကမ္ဘာမြေ
ပေါ်က အပ်တစ်စင်းထိဖို့သာလွယ်မယ်လူတယောက်
ဖြစ်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ လူ့ဘဝဟာ တစ်
ကယ်ကို တန်ဖိုးရှိတဲ့ဘဝပါနော်။ ဒီလူ့ဘရတုန်း လော
ကီအာရုံကာမဂုဏ် " အိပ် စား ကာမ" နဲ့သာအချိန်
ကုန်နေရင် ကျွန်မတို့ဟာ လူနဲ့မတူတော့ပါဘူးနော်။
ယခုဘဝမှာ အတိတ်ကံကောင်း၍ သူဌေးသား
သမီး ဖြစ်နိုင်သော်ငြားလည်း ဤဘဝကုသိုလ်ကုန်၍
နောင်လာမည့်ဘဝများတွင် ငရဲ တိရစ္ဆာန် ဗြိတ္တာ အသူ
ရကယ်လည်း ဖြစ်နိုင်ပါတယ်နော်။ ဘာလို့ဖြစ်ရမလဲ
မေးရင် ကျွန်မစောကပြောတဲ့အတိုင်း ဘုံအလုပ်ပဲ
လုပ်နေကြလို့ပါနော်။ သံသရာမှာပါမယ့် ဒါန သီလ
ဘာဝနာအလုပ်မလုပ်မိသူဟာ ဘုံအလုပ်ကိုလုပ်နေ
ခြင်းပါ။
ဒါဆိုရင် ဘုံအလုပ်မဟုတ်တဲ့ မိမိအလုပ်ကိုဘယ်
လိုလုပ်ရမလဲမေးရင် ဒါန သီလက တော်တော်များ
များသိပြီးသားအကြောင်းမို့ ထပ်မပြောလိုပါ။ ဘာဝ
နာအလုပ်အကြောင်းပြောလိုပါသည်။ ဘာဝနာတရား
ဆိုတာ မိဘမှချစ်လွန်း၍ အမွေပေးချင်သပဆိုလျှင်
လည်းမရပါ။ မိဘမှ မည်မျှခွံ့ကျွေးနေနေ ကိုယ်တိုင်
ဝါးမှ မိမိဗိုက်ထဲရောက်ရမည့် တရားပါ။
တစ်ချို့ကဘာဝနာတရားကို အထက်မှကျွန်မ
ပြောသည့်အတိုင်းတတိယအရွယ်ရောက်မှဟုပြောဆို
လေ့ရှိပါသည်။ ကျွန်မ၁၀တန်းအောင်ပြီး တရားစခန်း
ဝင်တော့ ရိပ်သာမှာ သက်ကြီးရွယ်အို တွေ့ရပါတယ်။
တစ်ချို့က မျက်စိကောင်းကောင်းမမြင် တစ်ချို့ကနား
မကြား တစ်ချို့က (ကျွန်မရဲ့ဇာတိဖြစ်တဲ့ရှမ်းပြည်မှာ)
အရှေ့ကဆရာတော်တွေက မြန်မာလိုဟော အဘိုး
အဘွားတွေက ကောင်းကောင်းနားမလည် နားလည်
သူကျတော့ ဥာဏ်မမှီ ဥာဏ်မှီသူကျတော့ စိတ်သာ
ရှိပြီး ခန္ဓာကမလိုက်နိုင် ခန္ဓာကလိုက်နိုင်တော့ ငယ်
ရွယ်သူလောက် အားမစိုက်နိုင် စသည်ဖြင့် မျိုးစုံသော
အဘိုး အဘွားယောဂီများကို တွေ့ရပါသည်။ (ကြုံ
တုန်း အရွှန်းဖောက်လိုက်ပါအုန်းမည် ရိပ်သာမှာအ
သက်အငယ်ဆုံးဖြစ်တဲ့ ကျွန်မနဲ့ သူငယ်ချင်းတွေမှာ
အိမ်သာသန့်ရှင်းရေးနေ့စဉ်လုပ်ခဲ့ပါသည် ရေကိုပင်
ပြောင်အောင်မလောင်းနိုင်ကြသည့် အသက်ကြီး
သည့် အဘွားတွေပင်မဟုတ်လား တမင်လုပ်ယူခြင်း
မဟုတ်လောက်ပါ အမြင်အာရုံနည်းသောကြောင့်ဖြစ်
ပေမည်)။
ယခုခေတ်တွင် လူ့တစ်ယောက်မှာ သက်တမ်း
စေ့နေရသူမှာ အတော်ပင်ရှားသွားလေပြီ။ ဤကဲ့သို့
တတိယအရွယ်ကို စောင့်နေမည်ဆိုလျှင် မသေချာ
သည့်အလုပ်တစ်ခုဖြစ်နေမည်။
ထို့ကြောင့် မိမိတစ်နေ့တာတွင် ဤဘဝအတွက်
ဘုံအလုပ်လုပ်သကဲ့သို့ သံသရာအတွက် မိမိအလုပ်
ကိုလည်း မဖြစ်မနေလုပ်ရမည်ဖြစ်ပေသည်။
ဘုံအလှ။ ဘုံအလှဆိုသည်မှာလည်း အထက်မှ
ကျွန်မပြောခဲ့သည့်အတိုင်း ဥပမာ ဆယ်ကျော်သက်
မိန်းခလေးတစ်ယောက် အသားအရည်စိုစိုပြေပြေ
ငယ်ဂုဏ်နှင့် လူတိုင်းလှနေနိုင်ပါသည်။ သို့သော် ထို
အလှသည် အသက်၂၀ကျော်ပါက ဆယ်ကျော်သက်
အရွယ်လောက်မလှနိုင်တော့ပါ။ထိုနည်း၎င်း အသက်
၃၀ ၄၀ ၅၀ကျော်လျှင်လည်းမရှိတော့ပါ။ မိမိသည်
အလှကြိုက်သူပီပီ အလှကုန်နှင့်ပက်သက်သည့်
promotion ပွဲတော်တော်များများတတ်ဖူးပါသည်။
မျက်နှာကို skin test လုပ်၍ မိတ်ကပ်ထက် skin
careကို ပိုဂရုစိုက်သင့်ကြောင်း ရေများများသောက်
အသီးအရွက်စား ဒီလိုကောင်းတဲ့skin care product
တွေကိုသုံး အပြုသဘောဆောင်တဲ့ အတွေးတွေများ
များတွေးအစရှိသဖြင့် အကြံပေးဆွေးနွေးမှုများကို
ကြားနေရပါသည်။ ဟုတ်ပါပြီ ဤသို့ဆိုလျှင် မိန်းမ
သားတစ်ယောက်မှာ အသက် ၅၀ကျော် ၆၀နီးပါးအ
ရွယ်တွင်လည်း လှနေနိုင်အုန်းမည်လား။မလွယ်ပါ
ဘူးနော်။ အပေါ်ယံအလှကို မည်သည့်ခေတ်မှီနည်း
ပညာတွေနှင့်လုပ်လုပ် အတွင်းရှိခန္ဓာကိုယ်ကလီစာ
များကိုတော့ သက်တမ်းမတိုးပေးနိုင်ပါဘူးနော်။
ဤသို့ဆိုလျှင် ကျွန်မတို့မိန်းမသားတွေ ဘဝတစ်
လျှောက်လုံး ဘာနဲ့လှနိုင်သလဲဆိုလျှင် ပညာနှင့်တ
ရားနှင့်လှနိုင်ပါတယ်နော်။ မိန်းခလေးတစ်ယောက်မှာ
ရုပ်အဆင်းအင်္ဂါမည်မျှ လှနေနေ ပညာမတတ်ပါက အ
လကားပါနော်။ ပညာဆိုသည်မှာ အသိပညာ အတတ်
ပညာကို ဆိုလိုခြင်းဖြစ်ပေသည်။ သမာအာဇီဝကျကျ
ကိုယ့်အားကိုယ်ကိုး၍ တရားနှင့်နေနိုင်သူမှသာ ထာ
ဝရ လှနေနိုင်ပေမည်။
အိမ်တွင်းပုန်းခြင်းကို ဆယ်စုနှစ်တစ်စုအတွင်း
အားပေးခဲ့သဖြင့် ကျွန်မတို့မိန်းခလေးတွေ ကမ္ဘာမှာ
ခေတ်နောက်ကျကျန်ခဲ့ပါတယ်နော်။ တစ်ချို့က ကိုယ့်
အားကိုယ်ကိုးပေမယ့် ကိုယ်ကျင့်တရားမကောင်းလျှင်
လည်း လှပခြင်းမမည်ပါဘူးနော်။ ခန္ဓာကိုယ်တွင်းကု
သိုလ်တရားကိန်းအောင်း၍ နေတတ်သူသာလျှင် မိမိ
ကိုယ်ပိုင်အလှကို ပိုင်ဆိုင်ကြရမှာပါနော်။
ဘုံဘဝ။ ကျွန်မတို့ သူငယ်ချင်းတွေကြားမှာ လူ
တစ်ယောက် အများနှင့်မတူဘဲ ပေါင်းရသင်းရခက်ရင်
out of 31 လို့ခေါ်ကြပါတယ်။ ကျွန်မလည်း အဲ့လို
ခေါ်ခံရပါတယ်။ အများနည်းတူ မိုးခါးရေမသောက်ကြ
တဲ့လူတွေကို ရွဲံ့ပြီးခေါ်ကြတာပါနော်။
တကယ်တော့ ကျွန်မတို့ဟာ out of 31 ဖြစ်
အောင်လုပ်ကြရမှာပါ။ ဒီဘဝဒီခန္ဓာ နောက်ဘဝလူ
မဖြစ်ဘဲ တိရစ္ဆာန်သာဖြစ်ခဲ့ရင် အကျိုးနည်းစရာပါနော်
အဲ့ဒီတော့ ၃၁ဘုံမှာချည်း ကျင်လည်မနေဘဲ သူငယ်
ချင်းတွေကြားမှာပြောသလို out of 31 ဖြစ်ဖို့ ယခုဘ
ဝမှာပင် ဘုံအလုပ် ဘုံအလှ တွေပိုင်ဆိုင်ပြီး ဆင်း
ရဲခပ်သိမ်းကင်းငြိမ်းရာ နိဗ္ဗာန်အရောက်သွားနိုင်ဖို့
တရားအလုပ်လုပ်ကြပါစို့နော်။
Let's go to out of 31!!!!!!!!!!
ချစ်ခြင်းများစွာဖြင့်********
မဟူရာ (IR )

No comments:

Post a Comment