Monday, September 15, 2014

" ဖေကြီးထံသို့ မေကြီးမှ အိတ်ဖွင့်ပေးစာ"


ဖေကြီးရေ --------

မနက်နိုးနိုးခြင်း ဖျော်ပေးထားတဲ့ ensureနဲ့ မနက်စာ

စားပြီးတိုင်း အားဆေးသောက်ဖို့မမေ့ပါနဲ့နော်။ လိုအပ်

လို့ ပြောတာပါ။

ဖေကြီးရေ-------

အလုပ်တွေရဲ့ဖိအားများကြောင့် အားကစားလုပ်ဖို့

မပျက်ကွက်ပါနဲ့နော်။ ကိုယ်ရောစိတ်ရော ကျမ္မာမှ

စိတ်ချမ်းသာမယ် မဟုတ်လားကွယ်။



ဖေကြီးရေ------

မ သဘာဝစကားများလိုက်တာကွာလို့ မထင်လိုက်ပါနဲ့

နော်။ တချိန်တုန်းက ဒီနှုတ်ကထွက်တဲ့စကားကိုပဲ

တီတီတာတာလို့ ပြောခဲ့တာမဟုတ်လားရှင်။

ဖေကြီးရေ------

သားသမီးဇောကပ်နေလို့ ဖေကြီးအပေါ် တာဝန်လစ်

ဟင်းမှုများရှိခဲ့ရင် ဗွေမယူပါနဲ့နော်။ ကြွေးသစ်ချနေရ

တဲ့ မိခင်တွေရဲ့ဘဝကို စာနာပါကွယ်။

ဖေကြီးရေ-----

ဈေးဝယ်ရင် ဆိုင်တဆိုင်တည်းနဲ့ မပြီးတဲ့ အမျိုးသမီး

တွေရဲ့သဘာဝကို နားမလည်ချင်ပါနဲ့နော်။ လက်ဖက်

ရည်ကို အိမ်မှာသောက်ဖို့ ဆန္ဒမရှိကြတဲ့ ဖေကြီးတို့

ကျားသဘာဝကို ကျမသိဖို့မကြိုးစားပါဘူးကွယ်။

ဖေကြီးရေ------

အစားကောင်းစားရင် ချစ်ရသူကို သတိရတတ်ပေမဲ့

အလှူအိမ်က အုန်းနို့ခေါက်ဆွဲကို သွေးတိုးမှာစိုးလို့

မယူခဲ့မိဘူးကွယ်။ မြင်ရင်မနေနိုင်လို့ ကျမတော့နည်း

နည်းစားခဲ့တယ်။

ဖေကြီးရေ-------

ကိုးရီးယားဇာတ်လမ်းတွဲလာချိန် ထမင်းမခူးပေးနိုင်လို့

ဗွေမယူပါနဲ့။ ဖေကြီးကြိုက်တဲ့ ဘောလုံးပွဲလာတိုင်း

ကျမအိပ်ရေးပျက်ခဲ့ရပေါင်းလည်း များပြီကွယ်။

ဖေကြီးရေ-------

အသက် ၅၀ ပတ်လည်ဖြစ်တတ်တဲ့ မိန်းမသားတွေရဲ့

ကျမ္မာရေးကိုလည်း နားလည်ပေးပါကွယ်။ အရွယ်ရှိ

တုန်းကလည်း ဇနီးတယောက်ရဲ့ တာဝန်ကျေခဲ့ပြီးပြီ

ပဲကွယ်။

ဖေကြီးရေ-----

လူငယ်သဘာဝ သမီးတွေရဲ့ဆန္ဒတွေကိုလည်း သိပ်

မချုပ်ချယ်ပါနဲ့ကွယ်။ တင်းလွန်းတဲ့ကြိုးကပြတ်တတ်

သတဲ့ကွယ်။

ဖေကြီးရေ-----

နိဗ္ဗာန်သောင်ကမ်း အတူလျှောက်လှမ်းဖို့ ဘုရားသွား

ကျောင်းတတ် မပျက်ကွက်လို့ တစ်ယောက်ကိုတစ်

ယောက် မေတ္တာနဲ့ ချစ်မယ် ချစ်မယ်။

အားလုံးကိုချစ်ခင်တဲ့

(fri request တွေမှာ ဇနီးမောင်နှံတွဲလျှက်ပုံလေးတွေ

မြင်ရတာနဲ့ သဘောကျပြီး ရေးမိပါသည)်

ဤစာနှင့်အတူ ဘဝတစ်ပါးပြောင်းသွားသော မိဘ

နှစ်ပါးကို ရိုသေစွာကန်တော့အပ်ပါသည။်
  မဟူရာ ( IR)

No comments:

Post a Comment