Thursday, September 25, 2014

" ကျွန်ုပ်သည် တန်ခိုးရှင်ဖြစ်အံ့"

မင်္ဂလာပါဗျာ။ ကျွန်တော်က ခင်ဗျားတို့အားလုံး
မျှော်လင့်တောင့်တနေတဲ့ အာလာဒင်မီးခွက်စောင့်
နတ်ကြီးပေါ့ဗျာ။
တစ်နေ့သောအခါ၌ ကျွန်ုပ်သည် လူအများမျှော်
လင့်တောင့်တနေသော ဆုတောင်းတို့ကို ပြည့်စေနိုင်
ရန် အလို့ငှာ မီးခွက်ထဲမှ ထွက်လာခဲ့လေသည်။
ကျွန်ုပ်ထွက်လာလာခြင်း ကျွန်ုပ်၏ အတွင်းရေး
မှုးအဖြစ်ခန့်ထားရန် မဟူရာနတ်သမီးထံသို့ အရင်
သွားလေသည်။

" မင်္ဂလာပါ မဟူရာရေ"
"မင်္ဂလာပါ ဦးနတ်မင်းကြီးရှင်"
" ဒီလိုပါလေ ကျွန်ုပ်ကတော့ လူတွေရဲ့အလို ဆန္ဒ
ဖြည့်စေနိုင်ရန် မီးခွက်အတွင်းမှ ထွက်လာခဲ့ချေပြီ
ကျွန်ုပ်သိချင်တာက လောကမှာလူတွေဘာကိုလို
ချင်ကြသလဲဗျာ"
" မဟူရာကိုမေးရင်တော့ နိဗ္ဗာန်လိုချင်ပါတယ်"
" ဟာ နိဗ္ဗာန်ကိုသာ ပို့ပေးလို့ရ ရင် ကျုပ်အရင်သွား
နှင့်ပြီပေါ့ ကျုပ်ကနတ်ဆိုတော့ ခင်ဗျားတို့ကို ငရဲ
နိဗ္ဗာန်တော့ မပို့နိုင်ဘူး အခုခင်ဗျားတို့ လောကကြီး
မှာ ရှိတဲ့အရာတွေကို လူတိုင်းစေ့ဘက်မလိုက်ဘဲပေး
မယ်ဗျာ ကဲ့မဟူရာပြော လောကမှာလူတွေဘာ
ကြိုက်လဲ"
" လူတွေက အဓိက အိမ်လိုချင်ကြပါတယ် နတ်မင်း"
" ပြည့်စေဗျား လူတိုင်းစေ့အိမ်ရစေ"
ဤသို့ဖြင့် မြေဈေးတွေ ထိုးကျကုန်သည်။
"ပြီးတော့ရော"
" စိန် ရွှေ ငွေ အစားအစာ အဝတ်အထည် ကားအ
ကောင်းစား"
" ပြည့်စေဗျား လူတိုင်းစေ့"
ဤသို့ဖြင့် လောကကြီး၏ လမ်းမများတိတ်ဆိတ်ကုန်
လေသည်။ ပညာသင်စရာ စီးပွားရှာစရာ မလိုတော့
၍ အိမ်မှာနေ အိပ်လိုက် စားလိုက်ဖြင့် အချိန်တန်၍
ဘုတ်အီးတွေဖြစ်လာကုန်လေသည်။
ဤသို့ဖြင့် ကိုဘုတ်အီးတို့သည် လောကကြီး
တွင် နေရတာ စိတ်ကုန်လာ၍ မိန်းမလှလေးတစ်ပါး
ဖြင့်ပျော်ချင်လာသည်။
ဤသို့ဖြင့် ကိုဘုတ်အီးတို့သည် ကျွန်ုပ်အားမိန်း
မလှလေး ရှာပေးရန် ပူဆာလေတော့သည်။ ဤသို့
ဖြင့် ကျွန်ုပ်မှ ရှာလိုက်ရာ " ယွန်းဝတီလွင်မိုး" လေး
ကို ရှာတွေ့နေလေပြီ။
ထိုအခါ ထောင် သောင်း သိန်းမကသော ကို
ဘုတ်အီးတို့သည် ယွန်းဝတီလေးကို ပူဆာနေလေ
တော့သည်။ ဒီမှာပင် ဓါတ်တိုင်နှင့်မခိုင် တွေ့ကြသကဲ့
သို့ ကျွန်ုပ်နှင့် မဟူရာ ခေါင်းစားနေလေပြီ။
"' အင်း မဟူရာရေ ဘယ်လိုလုပ်ကြမလဲ ယွန်း
ဝတီလေးက တစ်ယောက်တည်း ညဉ်းနဲ့ငါ ဒီကိစ္စ
ဘယ်လို စီစဉ်ကြမလဲ"
" ဒီလိုလုပ်ပါလား မဟူရာအရင်ဆုံး ယွန်းဝတီလေး
ဆီ အရင်သွားနှင့်ပြီး မေးကြည့်မယ်လေ သူလိုချင်တဲ့
အရာကဘာလဲလို့ introဝင်ပြီး မေးကြည့်ကြတာပေါ့
ဦးနတ်မင်းကြီးက ကိုယ်ရောင်ဖျောက်ထားလိုက်လေ
မဟူရာပဲ မေးလိုက်မယ်နော်"
" မင်္ဂလာပါ ညီမလေးယွန်းဝတီရေ"
"မင်္ဂလာပါ မမမဟူရာရေ"
" ဒီလိုလေ မမကညီမလေးကို လက်ဆောင်တစ်ခု
ပေးချင်လို့လေ အဲ့ဒါညီမလေး ဘာလိုချင်လဲဟင်"
" ဟင် ဒါဆို သမီးဘဝက ပျင်းစရာကောင်းနေမှာပေါ့"
" ဟင် ဘာလို့"
" မမပဲစဉ်းစားကြည့်လေ သမီးကကိုယ့်အားကိုယ်ကိုး
ပြီးကြိုးစားရင် နိဗ္ဗာန်လဲရောက်နိုင်တယ်လေ အခုသမီး
ကျောင်းက သင်္ချာပုဒ်စာတွေရဲ့ အဖြေတွေအားလုံး
ကို သိနေရင် တွက်စရာမလိုတော့ဘဲ ပျင်းစရာ
ကောင်းသွားပြီပေါ့ ဟော့ သမီးလုပ်အားခမပါဘဲ
အရာရာကိုရနေရင် အသောမသတ်နိုင်တော့တဲ့လော
ဘနဲ့ သေရင်ငရဲပဲရောက်ရတော့မှာပေါ့ လွယ်လွယ်
ကူကူနဲ့စိတ်ဆင်းရဲစရာမရှိဘဲရနေရင် သတိသံဝေဂ
မရဘဲ ဒီစည်းစိမ်တွေနဲ့ပဲပျော်နေရင် နိဗ္ဗာန်နဲ့ဝေးပြီ
ပေါ့မမရယ် အရာဝတ္ထုတစ်ခုပိုင်ဆိုင်လိုက်တိုင်း အဲ့ဒီ
ပစ္စည်းတစ်ခုအတွက် အားစိုက်ထုတ်ရတဲ့အတွက် အဲ့
ဒီပစ္စည်းကို တန်ဖိုးထားတတ်လာမယ်။ လူပေါင်းစုံနဲ့
ဆက်ဆံရတော့ လူပေါင်းစုံရဲ့စိတ်ဓါတ်တွေသိလာ
မယ် ဟော့ရန်သူမျိုးငါးပါးနဲ့ကြုံလာရင် အသိသံဝေ
ဂ ရလာမယ် အဲ့ဒီအသိ သတိသံဝေဂတရားတွေက
တရားအားထုတ်ဖို့အတွက် အထောက်အပံ့ဖြစ်မယ်
လေ ကဲ့ပြောမမက အခုသမီးကို နိဗ္ဗာန်ရောက်
အောင်ပို့ပေးနိုင်လို့လား"
" အင်း အဲ့"
" ဘယ်လိုလဲ မပို့နိုင်ဘူးမလား သမီးကတော့အခု
သမီးရဲ့ လက်ရှိဘဝကိုပဲပျော်တယ် ဘာဆုမှ
မတောင်းဘူး မမပေးနိုင်ရင်လဲ တခြားသူကိုပဲပေး
ပါနော် ၃၁ဘုံမှာ လူ့ဘုံဟာ အလုပ်လုပ်ရတဲ့ဘုံပါ
မမရယ် သမီးအလုပ်လုပ်ပါရစေနော်မမ ဘဝကို
အဓိပ္ပာယ်ရှိရှိရပ်တည်ချင်လို့ပါ တစ်ခုအလကားရ
ရင် တစ်ခုအတွက် သံသရာမှာ ပြန်ပေးဆပ်ရမယ်
လေ ဒါကြောင့်သမီး အလုပ်လုပ်ပါရစေနော် သမီး
ကြိုးစားလို့ သမီးအရည်အချင်းနဲ့ ထိုက်တန်တဲ့အရာ
ကိုပဲ သမီးလိုချင်ပါတယ်"
ဤသို့ဖြင့် သမီးလေးစာကျက်ပျက်သွားသောကြောင့်
မျက်ထောင့်ကပ်ပြီး ကြည့်နေသော ဦးလွင်မိုးကြီးကို
အားနာ၍ ယွန်းဝတီလေးကို နှုတ်ဆက်ကာ ပြန်လာ
ခဲ့ပြီးသကာလ့
*********************
" ကဲ့ ဦးနတ်မင်းကြီးရေ ကြားတယ်နော် ဘယ်လို
လုပ်ကြမလဲ***************ဲ
ဦးနတ်မင်းက အေးဆေးမှ အိပ်မနေဘဲ ကဲ့ဘယ်
လို လုပ်မလဲ ကိုဘုတ်အီးတွေက မေးကြရင် မဟူရာ
ဘယ်လိုဖြေရမလဲပြော"
" ဦးလဲမတတ်နိုင်တော့ဘူး မဟူရာရယ် ကဲ့ဒီလိုလုပ်
ရအောင် ဦးလည်းမီးခွက်ထဲပြန်ဝင်နေလိုက်မယ် မဟူ
ရာပဲ ကြည့်ရှင်းလိုက်တော့နော်"
" ဒါဆိုလဲပြီးရောနော် ဒီတစ်ခါထွက်မလာနဲ့တော့
မဟူရာလဲ စာဖတ်စရာရှိသေးတယ် မနှောက်ယှက်နဲ့
တော့နော်"
" အေးပါကွယ် အေးအေး"
***************ပြီးပါပြီ*************
ချမ်းမြေ့ကြပါစေ
မဟူရာ (IR)ိ

No comments:

Post a Comment