" အမေ သားသွားတော့မယ်နော်။ ထမင်းစား စားပွဲမှာ
ဈေးဖိုးတင်ထားခဲ့တယ်။ အမေဆွမ်းချိုင့်ပို့ရင် ဆရာ
တော်ဘုရားကို ဒီနေ့သားမအားလို့ လိုက်မလာနိုင်တာ
လျှောက်ပေးပါနော်"
" သြော် အေးအေး သား မနက်စာစားပြီးပြီလားလူ
လေးရဲ့"
" မစားတော့ဘူးအမေ ဘောစိကဒီနေ့စောစောလာခဲ့
ဖို့ မှာထားလို့ အပြင်မှာပဲစားတော့မယ်"
" အေးပါလူလေးရယ် ဆိုင်ကယ်လည်းဂရုစိုက်မောင်း
အုန်းနော် ဒီအချိန်က လမ်းကြပ်တဲ့အချိန်သားရဲ့ သွား
ရင်းနဲ့ သမ္ဗုဒ္ဓေဂါထာလည်းရွတ်သွားအုန်း"
" ဟုတ်ကဲ့အမေ သားကန်တော့ပါတယ်နော်"
" အေးပါကွယ် သာဓုကွယ် သာဓု သာဓု"
ထွက်သွားတဲ့သားတော်မောင်ရဲ့ နောက်ကျောကိုငေး
အကြည့် -----
" မမမြတို့များ ကံကောင်းလိုက်တာနော် လိမ္မာတဲ့သား
တစ်ယောက်ရထားတာ ရွှေဥကောက်ရထားသလိုပဲ"
အိမ်နီးချင်းတစ်ယောက်မှ ပြောသံ----
" ဒီလိုပါပဲ မခင်နွဲ့ရယ် အမေတစ်ခု သားတစ်ခုဘဝမှာ
အားကိုးစရာဆိုလို့ ဒီသားတစ်ယောက်တည်းရှိတာဆို
တော့လေ"
**********************
ကျွန်တော့်အလုပ်က ဘောစိဆီမှာ ကျောက်စိမ်းပညာ
သင်ရင်း ဘောစိနောက်လိုက်ရတဲ့အလုပ်။ တစ်ရက်
ကို ဘောစိက စိတ်ပါရင်ပါသလို မုန့်ဖိုးပဲဖိုးတော့ပေးပါ
တယ်။ ကျွန်တော့အတွက်က ကိုယ်နိုင်သလောက်
ထမင်းစားကျောက်လေးကို ဝယ်ရောင်းလုပ်ရင်း တစ်
ခါတစ်ရံ ကိုယ်မနိုင်တဲ့ကျောက်တွေကျေ တာ့ ပွဲစား
လုပ်ရပါတယ်။ အချမ်းသာကြီးမဟုတ်ပေမယ့် ကျွန်
တော်တို့ သားအမိနှစ်ယောက်အတွက် အိမ်စားရိတ်
တော့ ဖူလုံပါပေတယ်။ တစ်ခါတစ်လေ ပွဲကောင်းတဲ့
အချိန်တွေဆိုရင်တော့ ဝါဆိုချိန်ဆိုဝါဆို ကထိန်ချိန်
ဆို ကထိန်သင်္ကန်းနဲ့ တစ်နိုင်စာလေး ကထိန်ခင်းရ
တာပေါ့ဗျာ။ အမေကတော့နေ့စဉ် ကျွန်တော်ပေးတဲ့
ဈေးဖိုးထဲက ငွေတစ်ချို့ကို စုဗူးလေးထဲထည့်ပြီး စု
ရှာတာပေါ့ဗျာ။ ကျွန်တော်ကတော့ မစုခိုင်းပါဗူး။ရှေး
လူကြီးတွေဆိုတော့ဗျာ နောင်ရေးအတွက်ဆိုပြီးပေါ့။
************************** *
မီးပွိုင့်တစ်ခုတွင်-------
" သားလေးတို့ရယ် အမေ့ကို ထမင်းဖိုးဟင်းဖိုးလေး
များ မ စကြပါအုန်း ကလေးတို့ရယ်"
ကျွန်တော်ကားမှန်ချလိုက်ပြီး အိတ်ထဲမှ တစ်ရာတန်
" ရော့ အမေရော့နော်"
" ဟား ငါ့ကောင်ကတော့ကွာ တွေ့တိုင်းပေးနေတော့
တာပဲ သတ္တဝါတစ်ခု ကံတစ်ခုပဲကွ။ မင်းကအဲ့လိုပေး
နေလို့ပဲ တောင်းတဲ့သူကရှိနေတာကွ"
" မဟုတ်ပါဘူးဆရာရယ် မလုပ်နိုင်မကိုင်နိုင်တဲ့အ
ရွယ်တွေမို့ပါ"
*************************
" ဦးရွှေတိုး ကျွန်မကို ဒီဆွဲသီးလေးယူပေးပါလားရှင်
သွားလေသူရဲ့နောက်ဆုံးပစ္စည်း ဆိုပေမယ့် ရှိတော့
တန်ဆာ မရှိတော့လည်းဝမ်းစာပေါ့ရှင် ။ တန်ကြေး
တော့ ကျမလည်းသေချာမသိပါဘူး သွားလေသူက
တော့ ၇၅သိန်းလောက်ရှိတယ်ပြောတာပဲ "
" ခက်တာပဲဗျာ ကျွန်တော်ကအထည်တွေမကိုင်ဘူး ဗျ"
" ကိုရွှေတိုးရယ် မကိုင်ဘူးဆိုပေမယ့် ရသလောက်နဲ့
ဈေးဖြတ်ပေးပြီးယူပေးပါလားရှင် ဘယ်လောက်ပေး
ပေး ကျေနပ်ပါတယ်လေ ကျွန်မမှာလည်း အသိဆိုလို့
ကိုရွှေတိုးတစ်ယောက်တည်းပဲ ရှိတာလေ ကျောက်
လောကမှာ"
" ယူပေးလိုက်ပါဆရာရယ် ကျွန်တော်ထွက်အောင်ပြန်
ရောင်းပေးပါ့မယ်"
" ကျေးဇူးတင်ပါတယ် သားရယ်"
***************
" ဟေ့ရောင် မောင်မိုး"
" ဗျာဆရာ"
" ဒီဆွဲသီးထဲက အရွယ် အရည်အတိုင်း ဆေးဆိုးတစ်
လုံးလောက်ရှာခဲ့စမ်းကွာ"
" ဗျာ ဆရာ မ မလုပ်ပါနဲ့ဆရာရယ် သူ့ခင်မျာ"
" ဟေ့ရောင် မောင်မိုး ဘာလဲမင်းကငါ့ကို အာခံတာ
လား ငါကမင်းရဲ့ကျေးဇူးရှင်ပါကွာ မင်းငါ့အကြောင်း
သိတယ်နော်"
" ဟုတိ ဟုတ် ဟုတ်ကဲ့ပါဆရာရယ်"
**************
" ဟေ့ရောင် မိုးကြီးမင်းဘယ်ရောက်နေလဲကွ ငါပါ
အောင်ကြီးပါ မင်းနဲ့ခဏတွေ့ချင်လို့"
" အေးသူငယ်ချင်း ဝိုင်းမှာပဲလား ငါအခုပဲဘောစိ
ကုမ္ပဏီကနေ လာပြီကွ"
မိနစ် ၂၀ခန့်ကြာသော်------
" ဒီလိုကွာ သူငယ်ချင်း ဒါငါ့အဖေရဲ့သူငယ်ချင်းပါ။
အန်ကယ်က ဟိုတယ်ဆောက်နေတာ ငွေမလောက်
လို့လေ အဲ့ဒါ အန်ကယ်အောင်းထားတဲ့ အတုံးကို
ရောင်းချင်လို့တဲ့ ငါ့ကိုအရင်ပြောတာကွ သူဌေးဆို
တော့လည်း ငွေလိုတာ လူသိမခံချင်ဘူးပေါ့ကွာ"
" ဟား ဟား မဟုတ်ပါဘူးငါ့တူရယ် ကျောက်စိမ်းက
အရည်တော်တော်ကောင်းပါတယ်။ မီးအားလည်း
ကောင်းတယ် မင်းတို့လည်းကြည့်တတ်ပါတယ်ကွာ"
" ဟား ဒီလောက်ဈေးတန်တဲ့ ကျောက်ကို ငါဘယ်လို
လုပ်ဝယ်နိုင်မလဲကွာ အောင်ကြီးရာ"
" မိုးကြီးရာ ငါလည်းမဝယ်နိုင်ဘူးပေါ့ကွာ ငါလည်းငါ့
အမျိုးတွေဆီက ချေးရမှာပဲကွ မင်းမှာလည်းမင်းအ
ဖေထားခဲ့တဲ့ အိမ်ရှိတာပဲကွာ ဘဏ်မှာခဏထားလိုက်
ပါလား။ အတိုးလည်းနည်းပြီ့း ဖြည်းဖြည်းချင်းဆပ်
လည်းရနေတာပဲကွာ"
" အေးပါကွာ ငါစဉ်းစားလိုက်ပါအုန်းမယ် ယူဖြစ်ဖို့က
များပါတယ်ကွာ"
*************************
စင်တင်တေးဂီတ တစ်ခုတွင်
" ဟေ့ရောင် သူငယ်ချင်း သူလေးကဘယ်သူလဲကွ
ခါတိုင်းလာတာ မတွေ့မိပါဘူး"
" သူ့နာမည်က လရိပ်ဆည်းဆာတဲ့ ဒီရက်ပိုင်းတွေမှာ
တော့ ဆိုင်ရှင်က သူနဲ့ကိုပွဲသိမ်းနေတာပဲဟေ့ ဟိုမှာ
တွေ့လား ရှေ့ကငတိတစ်ကောင် ၁၀၀၀၀တန်တွေကို
သီပြီးပေးတာ နေ့တိုင်းပဲဟေ့ ငါ့ကောင်ရ။ သူ့ထက်ပို
ပေးနိုင်တဲ့သူကို ငါတော့မတွေ့သေးဘူးဟေ့"
" ဟေ့ရောင် မောင်မိုး ငါ့မိန်းမဆီမှာ ၁၀၀၀၀တန် ၁၀
အုပ် သွားယူခဲ့စမ်းကွာ အလုပ်အတွက် စရံပေးစရာ
ရှိလို့လို့ပြောလိုက် ငါဒီနေ့အိမ်ပြန်နောက်ကျမယ်လို့
တစ်ခါတည်းပြောလိုက်"
" ဟုတ်ကဲ့ဆရာ"
***********************
" ဟေ့ရောင် မောင်မိုးမင်းဘယ်မှာလဲကွ"
" သူငယ်ချင်း ငါဘောစိအိမ်မှာကွ ဘာကိစ္စ"
" အေးငါလာခဲ့မယ်ကွာ"
နာရီဝက်ခန့်ကြာသော်--------
" သူငယ်ချငိး ဒီမှာကြည့်လိုက်စမ်း ဒါဘာလဲကွ"
"ဟင် ချက်လက်မှတ်ပါလား ဟား ငွေတွေအများကြီး
ပါလားကွ ငါ့ကောင်ရ"
" ငါတို့သူဌေးဖြစ်ပြီ သူဌေးဖြစ်ပြီသူငယ်ချင်းရေ ငါတို့
ဝယ်ထားတဲ့ကျောက်ကို ဟောင်ကောင်က သူဌေးက
ဈေးပေးပြီး ဝယ်သွားပြီကွ ငါတို့ကျောက်ပေါက်ပြီကွ
သူငယ်ချင်း ကျောက်အောင်ပြီ"
ကျွန်တော့်ပခုံးကို နောက်ဖက်မှ တစ်စုံတစ်ယောက်က
သိုင်းဖက်လိုက်အပြီး
" ဒါဘာလဲတွေ့တယ်နော် ငါ့ကောင် ကိုယ့်အသက်ကို
နှမြောတယ်ဆိုရင် အဲ့ဒီချက်လက်မှတ်ချပြီး အခုပြန်
တော့"
" ဟ ဟ ဆရာ ဆရာဘယ်လိုဖြစ်သွားတာလဲ"
" မင်းကငါ့ကို သစ္စာဖေါက်တာကိုး မင်းမှာအဲ့လိုရှိနေ
တာကို ဘာလို့အစကတည်းက ငါ့ကိုမပြောခဲ့တာလဲ"
" ဗျာ"
" ဒီမှာကိုရွှေတိုး ရှင်ကလေးတွေကို အနိုင်မကျင့်နဲ့နော်
ရှင့်အကျင့်တွေကို ကျမမကြိုက်တာကြာပြီ။ ဒါကြောင့်
ရှင်မသိအောင် ကျမ CCTV ကနေရှင့်အခြေအနေကို
အကဲခတ်နေတာ။ ခလေးတွေမျက်နှာထောက်လို့သာ
ကျမဘာမှမပြောဘဲနေတာ။ ဒီနေ့တော့ရှင့်ကို ကျမ
ကိုယ်တိုင်ရဲလက်ထဲအပ်လိုက်ြ ပီ။ ရှင့်နောက်မှာဘယ်
သူတွေလဲဆိုတာ လှည့်ကြည့်လိုက်ပါအုန်း။
ပြီးပါပြီ။
( စေတနာကောင်းလျှင်ကံကောင်းမည်။ စိတ်ထား
ကောင်းလျှင် ဆုတောင်းပြည့်သည်။)
( ကျောက်စိမ်းအကြောင်း ဗဟုသုတပြောပြသော
အန်တီစမ်းနှင့် မမနန်းဖောင်းအား ဤစာနှင့်အတူ)
အများကြီးကြိုးစားပါအုန်းမည်။ စာရေးနေရရင်ပျော်နေ
တတ်တဲ့-------
ဈေးဖိုးတင်ထားခဲ့တယ်။ အမေဆွမ်းချိုင့်ပို့ရင် ဆရာ
တော်ဘုရားကို ဒီနေ့သားမအားလို့ လိုက်မလာနိုင်တာ
လျှောက်ပေးပါနော်"
" သြော် အေးအေး သား မနက်စာစားပြီးပြီလားလူ
လေးရဲ့"
" မစားတော့ဘူးအမေ ဘောစိကဒီနေ့စောစောလာခဲ့
ဖို့ မှာထားလို့ အပြင်မှာပဲစားတော့မယ်"
" အေးပါလူလေးရယ် ဆိုင်ကယ်လည်းဂရုစိုက်မောင်း
အုန်းနော် ဒီအချိန်က လမ်းကြပ်တဲ့အချိန်သားရဲ့ သွား
ရင်းနဲ့ သမ္ဗုဒ္ဓေဂါထာလည်းရွတ်သွားအုန
" ဟုတ်ကဲ့အမေ သားကန်တော့ပါတယ်နော်"
" အေးပါကွယ် သာဓုကွယ် သာဓု သာဓု"
ထွက်သွားတဲ့သားတော်မောင်ရဲ့
အကြည့် -----
" မမမြတို့များ ကံကောင်းလိုက်တာနော် လိမ္မာတဲ့သား
တစ်ယောက်ရထားတာ ရွှေဥကောက်ရထားသလိုပဲ"
အိမ်နီးချင်းတစ်ယောက်မှ ပြောသံ----
" ဒီလိုပါပဲ မခင်နွဲ့ရယ် အမေတစ်ခု သားတစ်ခုဘဝမှာ
အားကိုးစရာဆိုလို့ ဒီသားတစ်ယောက်တည်းရှိတာဆို
တော့လေ"
**********************
ကျွန်တော့်အလုပ်က ဘောစိဆီမှာ ကျောက်စိမ်းပညာ
သင်ရင်း ဘောစိနောက်လိုက်ရတဲ့အလုပ်။ တစ်ရက်
ကို ဘောစိက စိတ်ပါရင်ပါသလို မုန့်ဖိုးပဲဖိုးတော့ပေးပါ
တယ်။ ကျွန်တော့အတွက်က ကိုယ်နိုင်သလောက်
ထမင်းစားကျောက်လေးကို ဝယ်ရောင်းလုပ်ရင်း တစ်
ခါတစ်ရံ ကိုယ်မနိုင်တဲ့ကျောက်တွေကျေ
လုပ်ရပါတယ်။ အချမ်းသာကြီးမဟုတ်ပေမယ့် ကျွန်
တော်တို့ သားအမိနှစ်ယောက်အတွက် အိမ်စားရိတ်
တော့ ဖူလုံပါပေတယ်။ တစ်ခါတစ်လေ ပွဲကောင်းတဲ့
အချိန်တွေဆိုရင်တော့ ဝါဆိုချိန်ဆိုဝါဆို ကထိန်ချိန်
ဆို ကထိန်သင်္ကန်းနဲ့ တစ်နိုင်စာလေး ကထိန်ခင်းရ
တာပေါ့ဗျာ။ အမေကတော့နေ့စဉ် ကျွန်တော်ပေးတဲ့
ဈေးဖိုးထဲက ငွေတစ်ချို့ကို စုဗူးလေးထဲထည့်ပြီး စု
ရှာတာပေါ့ဗျာ။ ကျွန်တော်ကတော့ မစုခိုင်းပါဗူး။ရှေး
လူကြီးတွေဆိုတော့ဗျာ နောင်ရေးအတွက်ဆိုပြီးပေါ့။
**************************
မီးပွိုင့်တစ်ခုတွင်-------
" သားလေးတို့ရယ် အမေ့ကို ထမင်းဖိုးဟင်းဖိုးလေး
များ မ စကြပါအုန်း ကလေးတို့ရယ်"
ကျွန်တော်ကားမှန်ချလိုက်ပြီ
" ရော့ အမေရော့နော်"
" ဟား ငါ့ကောင်ကတော့ကွာ တွေ့တိုင်းပေးနေတော့
တာပဲ သတ္တဝါတစ်ခု ကံတစ်ခုပဲကွ။ မင်းကအဲ့လိုပေး
နေလို့ပဲ တောင်းတဲ့သူကရှိနေတာကွ"
" မဟုတ်ပါဘူးဆရာရယ် မလုပ်နိုင်မကိုင်နိုင်တဲ့အ
ရွယ်တွေမို့ပါ"
*************************
" ဦးရွှေတိုး ကျွန်မကို ဒီဆွဲသီးလေးယူပေးပါလားရှင်
သွားလေသူရဲ့နောက်ဆုံးပစ္စည်း
တန်ဆာ မရှိတော့လည်းဝမ်းစာပေါ့ရှင်
တော့ ကျမလည်းသေချာမသိပါဘူး သွားလေသူက
တော့ ၇၅သိန်းလောက်ရှိတယ်ပြောတာပဲ
" ခက်တာပဲဗျာ ကျွန်တော်ကအထည်တွေမကိုင်ဘူး
" ကိုရွှေတိုးရယ် မကိုင်ဘူးဆိုပေမယ့် ရသလောက်နဲ့
ဈေးဖြတ်ပေးပြီးယူပေးပါလားရ
ပေး ကျေနပ်ပါတယ်လေ ကျွန်မမှာလည်း အသိဆိုလို့
ကိုရွှေတိုးတစ်ယောက်တည်းပဲ ရှိတာလေ ကျောက်
လောကမှာ"
" ယူပေးလိုက်ပါဆရာရယ် ကျွန်တော်ထွက်အောင်ပြန်
ရောင်းပေးပါ့မယ်"
" ကျေးဇူးတင်ပါတယ် သားရယ်"
***************
" ဟေ့ရောင် မောင်မိုး"
" ဗျာဆရာ"
" ဒီဆွဲသီးထဲက အရွယ် အရည်အတိုင်း ဆေးဆိုးတစ်
လုံးလောက်ရှာခဲ့စမ်းကွာ"
" ဗျာ ဆရာ မ မလုပ်ပါနဲ့ဆရာရယ် သူ့ခင်မျာ"
" ဟေ့ရောင် မောင်မိုး ဘာလဲမင်းကငါ့ကို အာခံတာ
လား ငါကမင်းရဲ့ကျေးဇူးရှင်ပါကွာ
သိတယ်နော်"
" ဟုတိ ဟုတ် ဟုတ်ကဲ့ပါဆရာရယ်"
**************
" ဟေ့ရောင် မိုးကြီးမင်းဘယ်ရောက်နေလဲကွ
အောင်ကြီးပါ မင်းနဲ့ခဏတွေ့ချင်လို့"
" အေးသူငယ်ချင်း ဝိုင်းမှာပဲလား ငါအခုပဲဘောစိ
ကုမ္ပဏီကနေ လာပြီကွ"
မိနစ် ၂၀ခန့်ကြာသော်------
" ဒီလိုကွာ သူငယ်ချင်း ဒါငါ့အဖေရဲ့သူငယ်ချင်းပါ။
အန်ကယ်က ဟိုတယ်ဆောက်နေတာ ငွေမလောက်
လို့လေ အဲ့ဒါ အန်ကယ်အောင်းထားတဲ့ အတုံးကို
ရောင်းချင်လို့တဲ့ ငါ့ကိုအရင်ပြောတာကွ သူဌေးဆို
တော့လည်း ငွေလိုတာ လူသိမခံချင်ဘူးပေါ့ကွာ"
" ဟား ဟား မဟုတ်ပါဘူးငါ့တူရယ် ကျောက်စိမ်းက
အရည်တော်တော်ကောင်းပါတယ်။ မီးအားလည်း
ကောင်းတယ် မင်းတို့လည်းကြည့်တတ်ပါတယ်က
" ဟား ဒီလောက်ဈေးတန်တဲ့ ကျောက်ကို ငါဘယ်လို
လုပ်ဝယ်နိုင်မလဲကွာ အောင်ကြီးရာ"
" မိုးကြီးရာ ငါလည်းမဝယ်နိုင်ဘူးပေါ့ကွာ ငါလည်းငါ့
အမျိုးတွေဆီက ချေးရမှာပဲကွ မင်းမှာလည်းမင်းအ
ဖေထားခဲ့တဲ့ အိမ်ရှိတာပဲကွာ ဘဏ်မှာခဏထားလိုက်
ပါလား။ အတိုးလည်းနည်းပြီ့း ဖြည်းဖြည်းချင်းဆပ်
လည်းရနေတာပဲကွာ"
" အေးပါကွာ ငါစဉ်းစားလိုက်ပါအုန်းမယ် ယူဖြစ်ဖို့က
များပါတယ်ကွာ"
*************************
စင်တင်တေးဂီတ တစ်ခုတွင်
" ဟေ့ရောင် သူငယ်ချင်း သူလေးကဘယ်သူလဲကွ
ခါတိုင်းလာတာ မတွေ့မိပါဘူး"
" သူ့နာမည်က လရိပ်ဆည်းဆာတဲ့ ဒီရက်ပိုင်းတွေမှာ
တော့ ဆိုင်ရှင်က သူနဲ့ကိုပွဲသိမ်းနေတာပဲဟေ့ ဟိုမှာ
တွေ့လား ရှေ့ကငတိတစ်ကောင် ၁၀၀၀၀တန်တွေကို
သီပြီးပေးတာ နေ့တိုင်းပဲဟေ့ ငါ့ကောင်ရ။ သူ့ထက်ပို
ပေးနိုင်တဲ့သူကို ငါတော့မတွေ့သေးဘူးဟေ့"
" ဟေ့ရောင် မောင်မိုး ငါ့မိန်းမဆီမှာ ၁၀၀၀၀တန် ၁၀
အုပ် သွားယူခဲ့စမ်းကွာ အလုပ်အတွက် စရံပေးစရာ
ရှိလို့လို့ပြောလိုက် ငါဒီနေ့အိမ်ပြန်နောက်ကျမယ်လ
တစ်ခါတည်းပြောလိုက်"
" ဟုတ်ကဲ့ဆရာ"
***********************
" ဟေ့ရောင် မောင်မိုးမင်းဘယ်မှာလဲကွ"
" သူငယ်ချင်း ငါဘောစိအိမ်မှာကွ ဘာကိစ္စ"
" အေးငါလာခဲ့မယ်ကွာ"
နာရီဝက်ခန့်ကြာသော်--------
" သူငယ်ချငိး ဒီမှာကြည့်လိုက်စမ်း ဒါဘာလဲကွ"
"ဟင် ချက်လက်မှတ်ပါလား ဟား ငွေတွေအများကြီး
ပါလားကွ ငါ့ကောင်ရ"
" ငါတို့သူဌေးဖြစ်ပြီ သူဌေးဖြစ်ပြီသူငယ်ချင်းရေ ငါတို့
ဝယ်ထားတဲ့ကျောက်ကို ဟောင်ကောင်က သူဌေးက
ဈေးပေးပြီး ဝယ်သွားပြီကွ ငါတို့ကျောက်ပေါက်ပြီကွ
သူငယ်ချင်း ကျောက်အောင်ပြီ"
ကျွန်တော့်ပခုံးကို နောက်ဖက်မှ တစ်စုံတစ်ယောက်က
သိုင်းဖက်လိုက်အပြီး
" ဒါဘာလဲတွေ့တယ်နော် ငါ့ကောင် ကိုယ့်အသက်ကို
နှမြောတယ်ဆိုရင် အဲ့ဒီချက်လက်မှတ်ချပြီး အခုပြန်
တော့"
" ဟ ဟ ဆရာ ဆရာဘယ်လိုဖြစ်သွားတာလဲ"
" မင်းကငါ့ကို သစ္စာဖေါက်တာကိုး မင်းမှာအဲ့လိုရှိနေ
တာကို ဘာလို့အစကတည်းက ငါ့ကိုမပြောခဲ့တာလဲ"
" ဗျာ"
" ဒီမှာကိုရွှေတိုး ရှင်ကလေးတွေကို အနိုင်မကျင့်နဲ့နော်
ရှင့်အကျင့်တွေကို ကျမမကြိုက်တာကြာပြီ။ ဒါကြောင့်
ရှင်မသိအောင် ကျမ CCTV ကနေရှင့်အခြေအနေကို
အကဲခတ်နေတာ။ ခလေးတွေမျက်နှာထောက်လို့သာ
ကျမဘာမှမပြောဘဲနေတာ။ ဒီနေ့တော့ရှင့်ကို ကျမ
ကိုယ်တိုင်ရဲလက်ထဲအပ်လိုက်ြ
သူတွေလဲဆိုတာ လှည့်ကြည့်လိုက်ပါအုန်း။
ပြီးပါပြီ။
( စေတနာကောင်းလျှင်ကံကောင်းမည
ကောင်းလျှင် ဆုတောင်းပြည့်သည်။)
( ကျောက်စိမ်းအကြောင်း ဗဟုသုတပြောပြသော
အန်တီစမ်းနှင့် မမနန်းဖောင်းအား ဤစာနှင့်အတူ)
အများကြီးကြိုးစားပါအုန်းမည
တတ်တဲ့-------
စာပေဆုရရှိရန် ရေးသားထားခြင်းမဟုတ်ခြင်းနှ
စာဖတ်သူတို့၏ တန်ဖိုးကြီးမားသော အချိန်ကိုငဲ့ညာ
အားနာခြင်းဖြစ်၍ မိမိဥာဏ်မှီသလောက် အတတ်နိုင်
ဆုံး အတိုချုံးရေးသားထားခြင်းဖြစ
ကြပါလို့----------
မဟူရာ ( IR )
No comments:
Post a Comment