Monday, September 22, 2014

" နေချိန်အရေးကြီးသလား သေချိန်အရေးကြီးလား"

Photo: " နေချိန်အရေးကြီးသလား  သေချိန်အရေးကြီးလား"
                  ******************

      ခဏခဏအငြင်းပွားဖွယ် ဖြစ်နေရတဲ့ အကြောင်း

အရာလေးကို စဉ်းစားမိရင်း ဒီစာကို ရေးမိပါတယ်။

တစ်ချို့ကနေတတ်ဖို့ထက်  သေတတ်ဖို့အရေးကြီးပါ

တယ်လို့ဆိုပါတယ်။ တစ်ချို့ကလဲ  လူ့ဘဝမှာနေတတ်

ဖို့  ပိုအရေးကြီးတယ်လို့ဆိုပါတယ်။ 

       အကယ်၍ လူတစ်ယောက်ဟာ  ဘဝမှာနေ့စဉ်

တရားဘာဝနာပွားများပြီး  လူ့ဘဝကတည်းက စူဠ

သောတပန်တည်နေမယ်ဆိုရင်  ဘယ်လိုပုံနဲ့ပဲဘဝကူး

ကူးအပယ်မကျနိုင်ပါဘူး။

        ထို့အတူ  ဘဝမှာကုသိုလ်ဒါန  သီလ  ဘာဝနာ

ကောင်းမှုတွေပြုလုပ်ထားသော်ငြား  စူဠသောတပန်

မဟာသောတပန်အဆင့်မရောက်ဘဲ  သာမန်ပုထုဇဉ်

ဘဝပဲဆိုရင်  သေတတ်ဖို့အရေးကြီးပါတယ်။

        လူတွေဟာသေခါနီးစိတ်အာရုံကို အမှီပြုပြီး 

ဘဝကူးကြရပါတယ်။ ရောဂါဝေဒနာလွန်စွာခံစားရပြီး

တရားနှလုံးမသွင်းနိုင်သူ  သားစွဲသမီးစွဲ ခင်ပွန်း ဇနီး

ပစ္စည်းဥစ္စာစွဲ၍  သေသူများရဲ့လားရာလမ်းဟာ အပါယ်

ဘုံ ဖြစ်ပါတယ်။

      ဒါဆိုရင် ဘဝမှာ သေဖို့ပဲအရေးကြီးတာပေါ့ဆိုရင်

လဲ မဟုတ်ပါဘူး။ ၃၁ဘုံမှာကျင်လည်နေသမျှကာလ

ပတ်လုံး ကျမတို့ပြုခဲ့တဲ့ ဝဋ်ကြွေးတွေဟာ သံသရာ

လည်နေပါတယ်။ 

         လူ့ဘဝနေစဉ်ကာလမှာ ကောင်းမှုကုသိုလ်ပြု

လုပ်ထားပြီး သေခါနီးစိတ်မထားတတ်၍ အပယ်ကျသူ

နှင့်  ဘဝမှာ တသက်လုံးမကောင်းတာပြုလုပ်၍အ

ပယ်ကျသူ နှစ်ဦးဟာ  ဘယ်လိုမှမတူနိုင်ပါဘူး။

         ထိုအပယ်ကျသူနှစ်ဦးရဲ့အပယ်သက်တမ်းဟာ

ကွာခြားပါတယ်။  မကောင်းမှုပြုလုပ်သူ၏ အတိုင်းအ

တာအလိုက် အပယ်သက်တမ်းဟာ ကွာခြားပါတယ်။

ကောင်းမှုကုသိုလ်များစွာပြုလုပ်ထားပြီး  သေခါနီး

စိတ်အာရုံမကောင်း၍  အပယ်ကျသူမှာ တိုတောင်း

သော အချိန်တွင်းသာ  အပယ်ကျပြီး  သက်တမ်းစေ့

ပါက  ကောင်းရာသုဂတိဘုံကို ရောက်ရပါတယ်။

       ဘဝမှာအသိများစွာရှိနေပါလျှက်အပြစ်ကြီး၍အခု

ချိန်ထိ ငရဲကျနေသည့် အဇာသသတ်ကိုလည်း စာအုပ်

များစွာထဲတွင် ဖတ်ရပါသည်။

        သို့ပါ၍   တစ်နေ့စာတစ်နေ့ကျက်သောသူသည်

စာမေးပွဲကို မကြောက်ရသကဲ့သို့ မိမိ၏နေ့စဉ်နေထိုင်

ခြင်းတို့တွင်  ကုသိုလ်တရားနှင့်နေထိုင်ပြီး  စာမေးပွဲ

ဖြေဆိုချိန်တွင်  ကောင်းမွန်စွာဖြေဆိုနိုင်ရန်အရေးကြီး

သကဲ့သို့  မနေရ၍  သေရချိန်များတွင်လည်း  ကောင်း

မွန်စွာ စိတ်အာရုံထား၍  လူ့ဘဝနောက်ဆုံးချိန်ကို မိမိ

ကိုယ်တိုင်ရော စာဖတ်သူပါ ကူးစေနိုင်လိုသောရည်

ရွယ်ချက်ဖြင့်***************

ဘဝအဆက်ဆက်က တရားအသိရအောင် ဟော

ပြောဆုံးမဖူးသော သင်ဆရာမြင်ဆရာကြားဆရာ

အားလုံးနှင့်တကွ  ဤစာရေးနိုင်ရန် ဆုံးမလမ်းညွှန်

ပေးသော ဦးလေးမူကြိုဆရာအားဤစာနှင့်အတူ

ကန်တော့အပ်ပါသည်။

( သေခါနီးစိတ်အာရုံနှင့်ပက်သက်၍  ဦးနု၏ "ငရဲဆို

ဂြိုလ်နဲ့လား  "စာအုပ်ကိုလည်း ဖတ်စေချင်ပါသည်။)

ချစ်ခင်လေးစားစွာဖြင့်*******

မဟူရာ (IR)ူ

မဟူရာ (IR)

No comments:

Post a Comment