Monday, September 15, 2014

သစ္စာ...။



ငယ်စဉ်တောင်ကျေး ခလေးဘဝတုန်းက အငြင်းပွား

စကားများကြရင် ဆရာမကဝင်ဖြေရှင်းပေးတော့ စိတ်

ထဲအေးချမ်းသွားပြီး အမှန်တရားရဲ့တန်ဖိုးအကြောင်း

သိခဲ့ရတယ်။

အရွယ်ရောက်တော့ ဆက်ဆံရေးနယ်ပယ်မှာ ကိုယ်

ကမှားရင် ကိုယ့်အပေါ်ပြန်မှားကြမယ်။ကိုယ်စကောင်း

မှ အနာဂါတ်ကောင်းမယ်ဆိုပြီး ကာယကံဝဇီကံမနော

ကံကို ထိန်းချုပ်ရမယ်ဆိုတဲ့ အသိတရားကို ဘဝက

သင်ပေးခဲ့တယ်။

စီးပွားဥစ္စာ သူ့ထက်ငါ အလုအယှက်ရှာဖွေနေရတော့

ကတိသစ္စာမရှိရင် မိတ်ဆွေကောင်းတွေတောင် စွန့်

ခွာသွားတတ်ကြလို့ ထမင်း၃နပ်အပြင် ပိုမဆန့်တဲ့

ခန္ဓာကိုယ်အတွက် ကိုယ်ချင်းစာတရားကို လက်ကိုင်

ဆောင်ပုဒ်အဖြစ် တန်ဖိုးထားခဲ့တယ်။

ရတဲ့သူကပျော်ရွှင်ပြီး ပေးရတဲ့သူက စားကောင်းအိပ်

ပျော်တယ်ဆိုတဲ့ ဗြဟ္မစိုရ်တရားဟာ စိတ်ကိုပီတိ

သောမနဿဖြစ်စေခဲ့ဖူးတယ်။

တွယ်လွန်းတော့ရုန်းရခက်တယ် နွယ်လွန်းတော့အရှုံး

သမားအဖြစ်နဲ့ ဘဝတဏှာသဘောတရားအရချစ်ရ

သူတွေနဲ့ ခွဲခွာခြင်းသည် ပူလှောင်လှခြင်း မမြဲသော

ပစ္စည်းဥစ္စာတို့သည် စိတ်မထားတတ်လျှင် မာန်မာန

ထောင်လွှားတတ်ခြင်း ပိုင်ဆိုင်နေသမျှကာလပတ်လုံး

ရတတ်မအေးရခြင်း ပျောက်ဆုံးပါက ဥစ္စာပျောက်ငရဲ

ရောက်ဟူသည့်အတိုင်း တွေ့ကရာလူစွပ်စွဲတတ်ခြင်း

ရန်သူမျိုး၅ပါးရန်အမြဲကြောက်နေရခြင်းတို့ကြောင့်

မိမိပစ္စည်းနှင့် မိမိကိုငရဲပြန်ပို့တတ်ကြသောကြောင့်

ဝဋ်သုံးဝနှင့်မပြတ်လည်နေတတ်သည့် ပဋိစ္စသမုပ္ပါဒ်

ခန္ဓာကိုယ်ကြီးအတွက် ချမ်းသာခြင်းအစစ်အမှန်ဖြစ်

တဲ့ သစ္စာလေးပါးတရားဟာ ဘဝမှာတန်ဖိုးအရှိဆုံး

ဆိုတာ သိလာခဲ့ရတယ်။
မဟူရာ ( IR )

No comments:

Post a Comment