Friday, September 26, 2014

" ကျွန်တော့်နာမည် မောင်မောင်ကျုံး"



ကျွန်တော့်အမည်ကို လူတွေအခေါ်ကတော့ ကျုံးပေါ့
ဗျာ။ကျနော်ကတော့ ခင်များတို့သိတဲ့အတိုင်း ရတနာ
ပုံရွှေမြို့တော်ကြီးမှာတည်ရှိတာပေါ့ဗျာ။ နိုင်ငံခြားသား
တွေ စိတ်ဝင်စားခြင်းခံရတဲ့ ကျတော့်ကို မင်းတုန်းမင်း
ဘုရင်ကြီးက မွေးဖွားပေးခဲ့တယ်ပေါ့ဗျာ။

လေးဖက်လေးလံရေတွေနဲ့ဝန်းရံထားတဲ့ ကျနော့်ဘဝ
ဟာ တကယ်ကိုပျင်းစရာကောင်းလှပါတယ်ဗျာ။ ဟော
မနက်မိုးသောက်အလင်းရောက်တာနဲ့ ကျမ္မာရေး
အတွက် ဆိုပြီး ကျနော့်ပတ်ချာလည်မှာ လူတွေက
လမ်းလျှောက်သူကလျှောက် ပြေးသူကပြေး တရုတ်
အားကစားသမားတွေကတော့ ထိုက်ကျိဆိုလား ကျ
နော်လည်းသေချာမသိပါဘူးဗျာ လာလာကစားကြ
တယ်ဗျ။
အသက်ကြီးသူတွေကတော့ အားကစားပေါ့ဗျာ။အ
သက်ငယ်သူတွေလည်း လာကြပါတယ်ဗျ။ တစ်နေ့
ကို အားကစားဖက်ရှင်တစ်မျိုးနဲ့ ကြည့်လို့တော့
ကောင်းသားဗျ။ စကားမစပ် ကျနော်အတင်းချလိုက်
အုန်းမယ် မဟူရာနတ်သမီးဆိုတဲ့မိန်းခလေးပေါ့ဗျာ။
အိပ်ခြင်မူးတူးနဲ့ မနက်မနက်ထထပြေးတာ ဖုန်းဆို
ခဏခဏပြုတ်ကျကျန်တာ ခင်မျာကံကောင်းလို့ပေါ့
တွေ့တဲ့သူတွေက ပြန်ပြန်ပေးကြတာ။ ကြုံတုန်းသတိ
ပေးရအုန်းမယ်သူ့ဟန်းဆက်အဟောင်းများပြန်ရောင်း
ရင် မဝယ်ကြနဲ့ဗျာ ရစရာကိုရှိမှာမဟုတ်ဘူး။
အင်း နေ့ခင်းပိုင်းဆိုရင် နေပူတော့ကျနော့်နားမှာ လူ
တွေသိပ်မရှိကြဘူးဗျ။ မန္တလေးမြို့ရဲ့ရာသီဥတုကလည်း
ပူ ရေလည်းငတ်ကြလို့နဲ့တူပါရဲ့ တစ်ချို့ကားတွေများ
ကျနော်မောင်မောင်ကျုံးရဲ့ဗိုက်ထဲဝင်ပြီး ရေသောက်
ကြသတဲ့ဗျာ။
အင်းညနေခင်းနဲ့ညပိုင်းရောက်ပြီဆိုရင် ကျနော့်မှာမျက်
စိစုံမှိတ်ထားရတယ်ဗျာ။ အိုး များလိုက်တဲ့စုံတွဲတွေ
မန္တလေးမြို့လူငယ်တွေအကုန်လားမှတ်ရတယ်ဗျာ
နည်းနည်းနှောနှောမဟုတ်ဘူး။
ကျနော်ရီစရာပြောပြအုန်းမယ်ဗျ။ တစ်ချို့သားအမိ
သားအဖတွေများ မိဘတွေက မနက်အားကစား
အတွက်လာ ညရောက်တော့သူတို့သားသမီးတွေ
ကလာနဲ့ ကျနော့်အဖြစ်ကဗျာ ဟိုသီချင်းထဲကလို
" သူမလာလာလာ လာလာလာ ကိုယ်ကစောင့်ရမှာ
dutyချိန်မှာdutyပါ ဝတ္တရားမပျက်ကွက်ပါပေါ့ဗျာ"
ဒီလိုနဲ့ပဲ ကျနော့်တစ်ရက်တာမှာ မနက်လာတဲ့
သူတွေက တစ်ချိန်မှာ ကွယ်လွန်အနိစ္စရောက်မယ်။
ဟောညလာသူတွေက တချိန်မှာမနက်လာကြမယ်။
ကဲ့ဘယ်လိုလုပ်မလဲ ခင်များတို့ကသာ ကွယ်လွန်
သွားကြလိမ့်မယ်။ ကျနော်ကတော့ ခင်များတို့အဖြစ်
တွေကို ဖြစ်ပျက် ဖြစ်ပျက်ရှုရင်းနဲ့ ဘယ်လောက်ပျင်း
စရာကောင်းလဲဗျာ။
သြော် ကျနော်အဲ့လိုရှုလို့ တရားမရသေးဘူးလားမေး
ရင် မရသေးဘူးဗျ။ ဘာလို့လဲသိလား? ကျနော်ကတ
ရားရ ရအောင် လူမှမဟုတ်တာဗျာ။ ကျနော်ကသက်
မဲ့ ကျုံး ကျုံးဗျ။ ဘာရယ်မဟုတ်ပါဘူးဗျာ။ ကျနော့်
ဘဝက ပျင်းစရာကောင်းတယ်ဆိုတဲ့အကြောင်း----
 အများကြီးကြိုးစားပါအုန်းမည်။
မဟူရာ ( IR )

No comments:

Post a Comment