Monday, September 15, 2014

ရက်စက်တယ် အချစ်ရယ်...။



အဲ့ဒီနေ့ကမိုးတွေသည်းကြီးမည်းကြီးရွာနေတယ်။

အိမ်ရှေ့မှာ ဆွေမျိုးမိတ်သင်္ဂဟကားတွေ စီတန်းလို့

ငိုသံတွေ ဝမ်းနည်းစကားပြောသံတွေ

ပြီးတော့ ကျမအကြောင်းချီးကျူးစကားသံတွေ

ဓမ္မစကြာအဖွဲ့ရဲ့တရားသံတွေ

ခဏအကြာမှာတော့---------

" အချိန်စေ့ပြီ ထွက်ကြရအောင်" တဲ့လူတယောက်က

အိမ်ရှေ့မှာရေအိုးတစ်လုံးကို ခွဲလိုက်ကြတယ်

ကြေးစည်သံစကြားလိုက်တာနဲ့-----

ဆွေမျိုးမိတ်သင်္ဂဟကားတွေ စတင်ထွက်ခွာကြတယ်

သုသာန်တစ်ခုအရောက်မှာ--------

မောင်ကိုကျမလက်ကိုကိုင်ပြီး" ချစ် သွားတော့နော်"

ဆိုပြီး နှုတ်ဆက်အပြီးချာကနဲ လှည့်ထွက်အသွား

မီးသဂြိုဟ်စက်ထဲ ကျမအလောင်းကိုထည့်ကြတယ်။

မိနစ် ၂၀အကြာမှာတော့----------

ပြာနဲ့အရိုးတွေကြားက ပြာတွေကိုရေနဲ့ဆေးချပြီး

အရိုးတွေကို အိုးတစ်ခုထဲထည့်ပြီးမောင်ကိုင်လာပြီး

အုတ်ဂူထားမယ့်နေရာကို ယူသွားတယ်။

" မင်းဟာ ငါ့အသက်ပါ မင်းဟာငါ့ဘဝပါ ငါ့ဘဝထဲ

က မင်းကို ဘယ်သူမှဆွဲထုတ်သွားလို့မရဘူး မင်းမရှိ

ရင် ငါဘယ်လိုမှ အသက်မရှင်နိုင်ဘူး" ဆိုပြီး ချစ်သူ

ဖြစ်ခါစက ပြောခဲ့တဲ့စကား------

"မောင် အခုပြန်ပြောပါအုန်း ကျမကိုကတိပေးခဲ့တယ်

မလား ဘယ်သူမှမောင့်ဘဝထဲကဆွဲထုတ်သွားလို့

မရဘူးဆိုပြီး ကျမမိဘရင်ခွင်ထဲက ဆွဲထုတ်ခဲ့တယ်

လေ မောင်အခုကျမကို ကယ်ပါအုန်း"

ဧည့်သည်တွေရဲ့ကားတွေပြန်ကုန်ပြီ။ " မောင် ကျမ

ကို တစ်ယောက်တည်းမထားခဲ့နဲ့နော် ကျမကြောက်

လို့ပါ မောင် မောင်"

" ခေါ်လာပြီလားဟေ့" "ရောက်လာပါပြီ ခင်ဗျာ့"

" ဟား ကုသိုလ်ကောင်းမှုတွေ ရှိနေပါရက်နဲ့ကွာ"

" ကျမအခုဘယ်ရောက်နေတာလဲဟင်"

"မင်းရောက်နေတာ ငရဲပြည်ပဲကွ"

" ရှင် ကျမလူ့ပြည်မှာ ကုသိုလ်ကောင်းမှုတွေ အများ

ကြီးလုပ်ခဲ့ပါတယ် ဘာဖြစ်လို့ကျမဒီနေရာကို ရောက်

လာရတာလဲဟင်"

" မင်းအသက်ထွက်ခါနီး စိတ်အာရုံကြောင့်ပေါ့ကွာ

ကောင်းမှုကုသိုလ်တွေ လုပ်ထားပါရက်နဲ့ ကိုယ်ချစ်

နေသူကိုပဲစွဲလမ်းနေတဲ့စိတ်နဲ့ဘဝပြောင်းခဲ့တာကိုး"

" ရှင် ဒါဆို ကျမအခု အခု"

" မောင် မောင်ရေ မောင်ရေ"

ဘုရား ဘုရား ကျမအိမ်မက်မက်နေပါလား။

( ဥာဏ်မှီသလောက် ခံစားရေးဖွဲ့သည်)်
မဟူရာ ( IR )

No comments:

Post a Comment