Monday, September 15, 2014
" ဆေးကောင်းတစ်လက် ပေးဝေခြင်း"
တစ်ခါကမိတ်ဆွေမမကြီးတစ်ယောက် (OGပေါက်စ)
နှင့်ဆုံတော့ " မမကြီးမတွေ့တာတောင် ကြာပြီပိန်
သွားပါလား ကစားနေတယ်ပေါ့" ဘာညာနဲ့ကျမက
နှုတ်ဆက်တော့ " သမီးရေ နည်းပြောပြမယ် ကုသိုလ်
လည်းရဝိတ်လည်းကျပေါ့ ဥပုဒ်စောင့်ပြီး ညစာမစား
တော့ဘူးလေ" တဲ့။
ဒါနဲ့အတွေးခေါင်တဲ့ကျမက စဉ်းစားတယ်။ ဥပုဒ်
စောင့်ချင်တာလား ဝိတ်ကျချင်တာလားပေါ့။သေချာ
ပြန်မေးတော့ "မထူးဘူးလေ ညစာမစားမှာနဲ့အတူတူ
သီလယူလိုက်တာတဲ့"။ ကောင်းရော။
လူတစ်ယောက်မှာ စေ့ဆော်တိုက်တွန်းတတ်
တဲ့တရား စေတနာကံဟာ လွန်စွာအရေးကြီးပါသည်။
တစ်ခါက ခင်ရတဲ့ညီမငယ်တစ်ယောက်က "သမီးဘဲ
ပြတ်သွားတာ သူပြန်လာအောင်လို့ မေတ္တာသုတ်၁၀၈
ခေါက်ရွတ်နေတာပါ" တဲ့။ ဒါမျိုးတွေလဲတွေ့ရပါတယ်။
အိမ်ကိုစီးပွားတတ်အောင် " ပရိတ်ကြီး၁၁သုတ်
ရွတ်နေတာလေ အိမ်ကခလေးတွေက ဆူညံနေတာ
နဲ့ ကောင်းကောင်းကို မရွတ်ရပါဘူး" တဲ့။ " အမရေ
သောဝစဿတာကို သိလားမေးတော့" "ရွတ်နေတာ
ပဲအေ အသေချာတော့မသိပါဘူးတဲ့"။
" ဟား သူများတွေပြောတော့ဆုတောင်းပြည့်
တယ်တဲ့ တောင်းလို့လဲပါးစပ်နဲ့နားရွက်ချိတ်တော့မယ်
ဘာမှထူးမလာပါဘူး" ။
အစရှိသဖြင့် ကျမတို့ပတ်ဝန်းကျင်မှာ မိုးကုတ်ဆ
ရာတော်ကြီးဆုံးမစကားအတိုင်း " ထိုးဆေးနဲ့
စားဆေး" မှားနေကြပါတယ်နော်။
စောစောက OG မမကြီးပြောတဲ့ထဲက ညစာမစား
လို့မထူးလို့ သီလယူပေမယ့် သူ့ရဲ့အဓိကဦးတည်ရာ
က ကျမ္မာရေးဘက်ကို ဦးတည်နေတာပါနော်။သီလ
ဘက်ကို မဟုတ်ပါဘူး။
ညီမငယ်ပြောတဲ့ဘဲပြန်လာစေချင်လို့ မေတ္တာ
သုတ်ရွတ်နေပေမယ့် အဲ့ဒီလူအပေါ်မှာ ထားရမယ့်
မေတ္တာသုတ်ထဲမှ အဓိကပွားများရမယ့် အနက်
အဓိပ္ပာယ်ကို သူမသိဟန်မတူပါဘူးနော်။ မေတ္တာစစ်
မှန်လျှင် သက်ရှိလူမဆိုထားနှင့် အဆိပ်ရှိတဲ့သတ္တဝါ
တွေတောင်မှ အဆိပ်ပျယ်နိုင်ပါတယ်နော်။
အိမ်စီးပွားတတ်အောင် ပရိတ်ကြီး ၁၁သုတ်ကို
အလွတ်ရအောင် ရွတ်နေဖို့ထက် ၁၁သုတ်မဆိုထား
နှင့် မင်္ဂလသုတ်မှ အကျိုးတစ်ခုကိုသိထားလျှင်ပင်
အတော်ကို အကျိုးများပါတယ်နော်။
" ဖုဋ္ဌဿလောကဓမ္မေဟိစိတ္တံယဿနကမ္ပတိ
အာသောကံ ဝိရဇံခေမံ ဧတံမင်္ဂလမုတ္တမံ"
ကောင်းဆိုးနှစ်တန် လောကဓံနှင့်တွေ့ကြုံနေရသော်
လည်း မိမိ၏စိတ်သည် ထိတ်လန့်တုန်လှုပ်ခြင်း
အလျင်းမရှိခြင်းကြောင့် မင်္ဂလာမည်ပေ၏။
မြတ်စွာဘုရားက " ငါဟောခဲ့သောတရားများကို
ဤသို့ဤပုံအသုံးချနေကြပါလား" ဟု သက်တော်
ထင်ရှားများ ရှိနေသေးလျှင် အင်မတန်စိတ်မကောင်း
ဖြစ်မှာပါနော်။
ကျမတို့ဘာသာဟာ ဖန်ဆင်းရှင်အယူဝါဒ မဟုတ်
ပါဘူးနော်။ " အတ္တာဟိ အတ္တနော နာထော" ဟူသည့်
မိမိကိုယ်သာကိုးကွယ်ရာလို့သာ ဆုံးမခဲ့တာပါနော်။
မြတ်ဗုဒ္ဓက ဘယ်အနာနဲ့တွေ့လျှင် ဘယ်ဆေးလို့သာ
လမ်းညွှန်ခဲ့တာပါနော်။ ငါဘုရားကို ကိုးကွယ်လျှင်
မဆင်းရဲဘူး လောကဓံနှင့်မကြုံရဘူးလို့ မပြောခဲ့ပါဘူး
နော်။
နေ့တစ်ဒူဝ မုသားစကားနှင့်မကင်းသည့် မိမိ၏
နှုတ်ဖျားမှ "ဆုတောင်းလည်းမပြည့်ဘူး" ပြောသူ
များမှာ အရပ်စကားနှင့်ပြောရလျှင် " ကိုယ့်ရုပ်မှအား
မနာ သူကြီးသမီးမှန်းနေသေး" ဟုပင် ပြောရနေပေ
မည်။
" အကာလိကော" (ယခုကျင့်လျှင်ယခုအကျိုး
ဖြစ်စေတတ်သည့်တရား )ကိုပင်ရွတ်နေသော်ငြား
လည်း "စာမရတဲ့ ကြားထဲတရားလာထိုင်ခိုင်း
နေသေးတယ်" ဟူသည့် ကျောင်းသားမျိုးလည်း တွေ့
တတ်ကြပါတယ်နော်။ " တရားဆိုတာ အသက်ကြီးမှ
လုပ်ရတဲ့အရာ" စသည်ဖြင့်အမျိုးမျိုးပြောတတ်ကြပါ
တယ်။
တကယ်တော့ တရားပုံမှန်ထိုင်ခြင်းသည် ဥာဏ်
ရည်ဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူပြုပါတယ်။
လူတစ်ယောက်ရဲ့စိတ်ဟာ ပုံမှန်အားဖြင့် တစ်နေ့လျှင်
အတွေးပေါင်း ၈၀၀၀၀ကျော်ကို တွေးလေ့ရှိပါတယ်။
တရားကို အာရုံစိုက်ပြီး ထိုင်နေချိန်မှာ အတွေးတွေ
ဟာနည်းသွားပြီး အခန်းလွတ်ထဲကို ပစ္စည်းများစွာ
ထည့်နိုင်သကဲ့သို့ ဦးနှောက်မှတ်ဥာဏ်ထဲကို စာပို
ဝင်လွယ်စေနိုင်ပါတယ်။
အရွယ်မရွေးကြုံတွေ့နေရတဲ့ လူတွေရဲ့စိတ်ဖိစီး
ကို လျှော့ကျနိုင်တဲ့နည်းတွေထဲမှာ "ယောနိသောမန
သိကာရ" နှလုံးသွင်းမှန်ကန်ခြင်းဟာ အဓိကကျပါ
တယ်။ နှလုံးသွင်းမှန်ကန်ဖို့လုပ်နေခြင်းဟာလည်း
တရားအလုပ်လုပ်နေခြင်းပင်။ " တရားဆိုတာ ထိုင်
နေမှမဟုတ်ပါဘူးနော်" ဟူ၍ ကျေးဇူးတော်ရှင် ရွှေဥ
မင်ဆရာတော်ကြီးမှ ဟောကြားထားဖူးလေသည်။
ထို့ကြောင့်စားဆေးနှင့်ထိုးဆေးလွှဲမှားနေသော
မိစ္ဆာဒိဋ္ဌိ အယူလွှဲများကို မှန်ကန်စေလိုသော စိတ်
စေတနာများစွာဖြင့်********
မဟူရာ နတ်သမီး (ခေတ္တ စစ်ကိုင်းချောင်)
(ဥပုသ်သည် facebookသုံးတယ်ဆိုပြီး အပြစ်မပြော
ကြပါနဲ့နော်။ စေတနာကိုက ကောင်းကျိုးကို
ရည်မျှော်လျှက် မှန်ကန်ပြီး အကျိုးရှိစေမယ့် ကောင်း
သောစကားပြောခြင်းကြောင့် ကုသိုလ်စိတ်ကို ဦး
တည်နေပါတယ်နော်။)ံ
ုမဟူရာ ( IR )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment