Monday, October 6, 2014

" သီတင်းကျွတ်(အဘိဓမ္မာအခါတော်နေ့)ဖြစ်လာပုံ"

" သီတင်းကျွတ်(အဘိဓမ္မာအခါတော်နေ့)ဖြစ်လာပုံ"
******************************
နှင့်(ခင်ပွန်းကြီး ၁၀ပါး ကန်တော့ပုံ အကျဉ်း)
ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့
ဖြစ်သော ဤသီတင်းကျွတ်လပြည့်နေ့ အကြောင်းကို
ဗဟုသုတရစေရန် တင်ပြပေးပါမည်။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်
တွင် သတ္တမမြောက် ဝါကပ်စဉ် မယ်တော်မိနတ်သား
(သန္တုတိသနတ်သား)အား ကျေးဇူးဆပ်ရန် အဘိဓမ္မာ
တရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားခဲ့
သည်။ နတ်ပြည်၌ တရားဟောနေ၍ ရဟန်းရှင်လူ
တို့မှ မေးမြန်းလျှောက်ထားရာ သိရလျှင် မဏ္ဍပ်ထိုး၍
မြတ်စွာဘုရားရှင်အား စောင့်စားကြလေသည်။

သန္တုသိတနတ်သားအပါအဝင် ကုဋေပေါင်းရှစ်
သောင်းလေးထောင်သောနတ်တို့ အကျွတ်တရားရ
ကြပြီးလျှင် မြတ်စွာဘုရားရှင်သည် ဤသီတင်းကျွတ်
လပြည့်နေ့အခါသာမယတွင် ပတ္တမြားစောင်းတန်းမှ
ကြွချီကာ လူ့ပြည်သို့ဆင်းသက်ခဲ့သည်။ ဤသည်ကို
ရဟန်းရှင်လူ ပြည်သူအပေါင်းက ဆီမီးတန်ဆောင်များ
အမွှေးနံ့သာများဖြင့် သောင်းသောင်းဖြဖြ ပူဇော်၍
မြတ်စွာဘုရားရှင်အား ကြိုဆိုခဲ့သည်မှာ ဤနေ့ယခု
ထက်တိုင် ဖြစ်လေသည်။
ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် ဘုရားအ
ဖြစ်ကျင့်ရန် တောထွက်စဉ် အနော်မာသောင်ကမ်း၌
ဆံတော်ကိုသံလျက်နှင့်ပယ်၍ ဘုရားဧကန်ဖြစ်မည်
ဆိုပါက ဤဆံတော်သည် ကောင်းကင်၌တည်ပါစေ
ဟု အဓိဋ္ဌာန်ရာ အမှန်ပင်တည်လေသောကြောင့် ၎င်း
ဆံတော်ကို တာဝတိံသာနတ်သားမှ ရတနာပန်း
တောင်းဖြင့် ခံယူပြီးလျှင် စူဠာမဏိစေတီ အဖြစ်တည်
ထားကိုးကွယ်လေသည်။
ဤသည်ကို ယခုခေတ်တွင် ပြည်သူများက မီးပုံး
ပျံများကို မြောက်များလှစွာသော ပုံသဏ္ဍာန်များလုပ်
၍ ကောင်းကင်သို့လွှတ်တင်ခြင်းဖြင့် ထိုစူဠာမဏိ
စေတီတော်အား ပူဇော်ကြလေသည်။
အပြစ်ရှိသည်များကို ကျေပျောက်စေရန် လူ
ကြီးသူမများထံမှ ဆုံးမစကားနားထောင်ရန် ပြုလုပ်
တတ်သည့် ပဝါရဏာပွဲတော်သည်လည်း မွန်မြတ်လှ
စွာသော ဤသီတင်းကျွတ်လပြည့်အချိန်အခါ၏ လှပ
မှုတစ်ရပ်ပင် မဟုတ်ပါလား။
မိမိသည် ဤသီတင်းကျွတ်ချိန်ခါတွင် ပြုလုပ်
တတ်သည့် ခင်ပွန်းကြီး ၁၀ပါးကန်တော့ပုံအကျဉ်းကို
စေတနာရှေ့ထား၍ တစ်ခါတည်းဖော်ပြပါမည်။
ကျွန်မတို့နိုင်ငံသည် သဘာဝသယံဇာတအ
လွန်ပေါကြွယ်ဝသော်ငြားလည်း မိမိကိုယ်တိုင်မခံစား
မစံစားရခြင်း အရပ်ပြောစကားအရ သယံဇာတကျိမ်
စာသင့်သည်ပဲ ခေါ်ရမလား အစရှိသည်တို့သည် နိုင်
ငံအတွင်း ပညာမတတ်သူများခြင်း တစ်ကိုယ်ကောင်း
သမားများခြင်းနှင့် ခင်ပွန်းကြီး ၁၀ပါး ပြစ်မှားသူများ
ခြင်းကြောင့်ဟု မိမိမှ ပုဂ္ဂလိကခံစားချက်ဖြင့် သုံးသပ်
မိပါသည်။
မိမိတို့သည် ယခုပစ္စုပ္ပန်ဘဝ၌လည်းကောင်း သံ
သရာဘဝ၌ လည်းကောင်း သိ၍ဖြစ်စေ မသိ၍ဖြစ်စေ
ခင်ပွန်းကြီး ၁၀ပါးအားပြစ်မှားမိပါက မည်မျှပင်လော
ကီ လောကုတ္တရာအလုပ်တို့ကို ကြိုးစားစေကာမူ အ
ကျိုးပေးတန်သလောက် မပေးကြပါ။ သို့ပါ၍ ယခု
ကဲ့သော သီတင်းကျွတ်ချိန် အခါသာမယမှစ၍အလျင်း
သင့်တိုင်း ကန်တော့နိုင်စေရန် ခင်ပွန်းကြီး ၁၀ပါးကန်
တော့ပုံကို မိမိလက်လှမ်းမှီသလောက် တင်ပြပါမည်။
နံနက်ချိန်ခါ ၅နာရီတိတိ မိုးသောက်ချိန်တွင်
ဆွမ်း ရေချမ်း ဆီမီး အမွှေးနံ့သာ သစ်သီး၁၀မျိုး
အစရှိသည်တို့ကို ၁၀မျိုး ၁၀ပုံပုံ၍ မိမိနှုတ်မှ
၁ သဗ္ဗညုတ ဘုရားရှင်များတို့အပေါ်၌လည်းကောင်း
၂ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အပေါ်၌လည်းကောင်း
၃ အဂ္ဂသာဝက အရှင်မြတ်များအပေါ်၌လည်းကောင်း
၎ ရဟန္တာအရှင်မြတ်များပေါ်၌ လည်းကောင်း
၅ ပစ္စုပ္ပန်မိခင်နှင့်သံသရာ၌တော်စပ်ဖူးသောမိခင်များ
၆ ပစ္စုပ္ပန်ဖခင်နှင့်သံသရာ၌တော်စပ်ဖူးသော ဖခင်များ
၇ လောကီပညာသင်ပေးသော ဆရာသမားများ
၈ သီလဝန္တသူတော်စင်အပေါ်၌ လည်းကောင်း
၉ တရားတပုဒ် စာတပုဒ်ဖြင့် တရားအသိရအောင်
ဟောပြောပေးဖူးသော သူအပေါ်၌လည်းကောင်း
၁၀ ထမင်းတလုပ်မှစ၍ မိမိအခက်အခဲရှိစဉ်က စောင့်
ရှောက်ပေးဖူးသူအပေါ်၌ လည်းကောင်း
ဘုရားတပည့်တော်မသည် ယခုဘဝတွင်လည်း
ကောင်း သံသရာတွင်လည်းကောင်း ကာယကံ ဝစီကံ
မနောကံတို့ဖြင့် ပြစ်မှားကျူးလွန်မိခဲ့ခြင်းကို ဝန်ခံပါ၏
ဝန်ချပါ၏ တောင်းပန်ပါ၏ ကန်တော့ပါ၏။
ဤကုသိုလ်ကံစေတနာကြောင့် ဆိုးကျိုးပေးဆဲ
ဆိုးကျိုးပေးလတ္တံ့သော အကုသိုလ်အနန္တတို့သည်
ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ****
ကောင်းကျိုးအနန္တဖြစ်ထွန်း၍ မိမိအားထုတ်ဆဲဖြစ်
သော ဒါန သီလ စေတနာကံနှင့်တကွ ဝိပဿနာ
ဥာဏ်သည် မဂ်ဥာဏ်သို့ကျေးဇူးပြု၍ နိဗ္ဗာန်ကိုမျက်
မှောက်ပြုရပါစေသား*********
( နိဗ္ဗာန်ရဖို့ ဆုတောင်းလို့တော့မရဘူးပေါ့နော်။but
လောကီရေးရာမှာ အဆင်ပြေ လောကုတ္တရာအလုပ်
ကို ကောင်းစွာလုပ်နိုင်တော့ နိဗ္ဗာန်သွားရာလမ်းကို
အများကြီး အထောက်အပံ့ပေးပါတယ်နော်)
( ဤကန်တော့နည်းကို ဆရာကြီးမင်းသိင်္ခမှ မိခင်အား
လက်ဆင့်ကမ်းပေး၍ မိမိမှတဖန် စာဖတ်သူများအား
ဝေငှနိုင်ခြင်းကြောင့် တရားအသိတစ်ခုရအောင်
ဆုံးမပေးသော ဆရာကြီးအား မိမိမှရှိခိုးဦးတင် ကန်
တော့အပ်ပါသည်)
(မယုံရင် ပုံပြင်မှတ် မဟူရာက အဲ့ဒီနည်းသိပြီးက
တည်းက ကန်တော့တာ ကိုယ့်ခြေကိုယ့်လက်နဲ့ဘဝ
ကို ရပ်တည်နိုင်ပါတယ်ဆိုတာ ကြွားတာမဟုတ်ဘူး
နော် နည်းပေးတာပါ)
စိတ္တသုခ ကာယသုခ နှစ်ဖြာသောသုခနှင့်ပြည့်ဝပါစေ
မဟူရာ (IR)

No comments:

Post a Comment